
ဆော်ဒီကလပ်အယ်နာဆာနဲ့ တန်ဖိုးကြီးစာချုပ်ကြောင့် စီရော်နယ်ဒိုဟာ
သမိုင်းတစ်လျှောက် လစာအများဆုံးရ အားကစားသမားဖြစ်လာပါတယ်။
အဲဒီပေါ်တူဂီစူပါစတားဟာ ပြီးခဲ့တဲ့လက မန်ယူနဲ့ စာချုပ်
ဖျက်သိမ်းပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။
အခုတော့ သူဟာ ဆော်ဒီကလပ်နဲ့ တစ်နှစ်ကို ပေါင် ၁၇၃ သန်းတန်တဲ့
၂ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဆော်ဒီကလပ်ကရမယ့်
စီရော်နယ်ဒိုရဲ့တစ်နှစ်လစာဟာ အားကစားသမိုင်းမှာ
ရူးလောက်ဖွယ် ပမာဏလည်း ဖြစ်နေတာပါ။ ဒီနှစ်ထဲမှာပဲ မက္ကဆီကို
လက်ဝှေ့ကျော်ကာနယ်လိုအယ်ဗာရက်ဇ်ဟာ ထိုးကြေးအနေနဲ့
ပေါင်သန်း ၇၀ ရခဲ့ပြီး အားကစားသမိုင်းမှာ အများဆုံးအဖြစ်
စံချိန်တင်နိုင်ခဲ့ပါတယ်။ အခုတော့ စီရော်နယ်ဒိုကတော့ ပေါင်သန်း
၁၀၀ ကျော်ပိုများပြီး ဘယ်သူမှ အနားမသီနိုင်မယ့် စံချိန်မျိုး ထပ်ချိုးခဲ့တာပါ။
ဒီနှစ်ထဲမှာ မက်ဆီတောင် ပီအက်စ်ဂျီကနေ လစာအနေနဲ့
ပေါင် ၆၂ သန်း ရခဲ့ပါတယ်။ ဒါပေမဲ့ ဆော်ဒီကလပ်ကနေ
စီရော်နယ်ဒိုရမယ့် လစာက ပီအက်စ်ဂျီမှာ မက်ဆီရတာထက်
၃ ဆ ဖြစ်သွားတာပါ။ ဒါကြောင့် အားကစားသမားသမိုင်းမှာ
စီရော်နယ်ဒိုက လစာအများဆုံးရသူအဖြစ် အပြတ်အသတ်
ဦးဆောင်နိုင်ခဲ့ပြီး လစာအများဆုံးရ အားကစားသမားတွေထဲမှာ
ပီအက်စ်ဂျီကပဲ နေမာကတော့ တစ်နှစ် ပေါင် ၅၈ သန်းနဲ့ စတုတ္ထချိတ်ခဲ့ပါတယ်။
zawgyi
႐ူးေလာက္ဖြယ္ပမာဏနဲ႔ မက္ဆီထက္ လစာ ၃ ဆ ပုိရရွိသြားခဲ့တဲ့ ခရစၥတီယာႏုိ ေရာ္နယ္ဒုိ
ေဆာ္ဒီကလပ္အယ္နာဆာနဲ႔ တန္ဖိုးႀကီးစာခ်ဳပ္ေၾကာင့္ စီေရာ္နယ္ဒိုဟာ
သမိုင္းတစ္ေလွ်ာက္ လစာအမ်ားဆုံးရ အားကစားသမားျဖစ္လာပါတယ္။
အဲဒီေပၚတူဂီစူပါစတားဟာ ၿပီးခဲ့တဲ့လက မန္ယူနဲ႔ စာခ်ဳပ္
ဖ်က္သိမ္းၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနခဲ့တာပါ။
အခုေတာ့ သူဟာ ေဆာ္ဒီကလပ္နဲ႔ တစ္ႏွစ္ကို ေပါင္ ၁၇၃ သန္းတန္တဲ့
၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ေဆာ္ဒီကလပ္ကရမယ့္
စီေရာ္နယ္ဒိုရဲ႕တစ္ႏွစ္လစာဟာ အားကစားသမိုင္းမွာ
႐ူးေလာက္ဖြယ္ ပမာဏလည္း ျဖစ္ေနတာပါ။ ဒီႏွစ္ထဲမွာပဲ မကၠဆီကို
လက္ေဝွ႔ေက်ာ္ကာနယ္လိုအယ္ဗာရက္ဇ္ဟာ ထိုးေၾကးအေနနဲ႔
ေပါင္သန္း ၇၀ ရခဲ့ၿပီး အားကစားသမိုင္းမွာ အမ်ားဆုံးအျဖစ္
စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ အခုေတာ့ စီေရာ္နယ္ဒိုကေတာ့ ေပါင္သန္း
၁၀၀ ေက်ာ္ပိုမ်ားၿပီး ဘယ္သူမွ အနားမသီႏိုင္မယ့္ စံခ်ိန္မ်ိဳး ထပ္ခ်ိဳးခဲ့တာပါ။
ဒီႏွစ္ထဲမွာ မက္ဆီေတာင္ ပီအက္စ္ဂ်ီကေန လစာအေနနဲ႔
ေပါင္ ၆၂ သန္း ရခဲ့ပါတယ္။ ဒါေပမဲ့ ေဆာ္ဒီကလပ္ကေန
စီေရာ္နယ္ဒိုရမယ့္ လစာက ပီအက္စ္ဂ်ီမွာ မက္ဆီရတာထက္
၃ ဆ ျဖစ္သြားတာပါ။ ဒါေၾကာင့္ အားကစားသမားသမိုင္းမွာ
စီေရာ္နယ္ဒိုက လစာအမ်ားဆုံးရသူအျဖစ္ အျပတ္အသတ္
ဦးေဆာင္ႏိုင္ခဲ့ၿပီး လစာအမ်ားဆုံးရ အားကစားသမားေတြထဲမွာ
ပီအက္စ္ဂ်ီကပဲ ေနမာကေတာ့ တစ္ႏွစ္ ေပါင္ ၅၈ သန္းနဲ႔ စတုတၳခ်ိတ္ခဲ့ပါတယ္။