ရော်နယ်ဒင်ညိုတို့လုပ်လေ့ရှိတဲ့ Joga Bonito ကစားဟန်နဲ့ ပြိုင်ဘက်တွေကိုကျော်ဖြတ်ပြခဲ့တဲ့ အန်တိုနီ

ဘရာဇီးလ် လက်‌ရွေးစင်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့

ဆားဘီးယားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ရစ်ချာလီဆန်ရဲ့

သွင်းဂိုး ( ၂ ) ဂိုးနဲ့အတူ ( ၂-၀ ) ရလာဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှ ကွင်းလယ်လူ ကက်စမဲရိုးက

ပွဲထွက်ကစားခွင့်ရခဲ့ပြီး အန်တိုနီ နှင့် ဖရက်တို့ကတော့ လူစားဝင်

ကစားခွင့်ရခဲ့ပါတယ်။ ပွဲကစားချိန် ( ၈၇ )မိနစ်မှာ အန်တိုနီက ပေါ်တူဂီလို

Joga bonito လို့ ခေါ်တဲ့ လှပတဲ့ ကစားဟန်ကို ပြသခဲ့ပါတယ်။

ညာတောင်ပံမှာ ကက်စမဲရိုးထံကနေ ဘောလုံးလက်ခံရယူပြီးနောက်

ဆားဘီးယား ကစားသမား ( ၂ ) ဦးနဲ့ 2 V1 အနေအထား

ရင်ဆိုင်နေရချိန် ဘရာဇီးလ် ကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ညိုတို့

လုပ်လေ့ရှိတဲ့ ပုံစံအတိုင်း ဘယ်ခြေတစ်ဖက်တည်းနဲ့ ပြိုင်ဘက်

( ၂ ) ယောက်လုံးကို လှည့်စားကာ ကျော်ဖြတ်ပြခဲ့ပါတယ်။

အဲ့ဒီနောက် အန်တိုနီက ရိုဒရီဂိုထံ ပေးခဲ့ပြီး ရီးရဲမက်ဒရစ်ကြယ်ပွင့်ရဲ့

ကန်သွင်းချက်က ဂိုးပေါက်နဲ့ အနည်းငယ်လွဲချော်ခဲ့လို့သာ ဖန်တီးမှု မရခဲ့တာဖြစ်ပါတယ်။

zawgyi

ေရာ္နယ္ဒင္ညဳိတုိ႔လုပ္ေလ့ရွိတဲ့ Joga Bonito ကစားဟန္နဲ႔ ၿပိဳင္ဘက္ေတြကုိေက်ာ္ျဖတ္ျပခဲ့တဲ့ အန္တုိနီ

ဘရာဇီးလ္ လက္‌ေ႐ြးစင္အသင္းဟာ မေန႔ညက ကစားခဲ့တဲ့

ဆားဘီးယားအသင္းနဲ႔ အုပ္စုအဖြင့္ပြဲစဥ္မွာ ရစ္ခ်ာလီဆန္ရဲ႕

သြင္းဂိုး ( ၂ ) ဂိုးနဲ႔အတူ ( ၂-၀ ) ရလာဒ္ျဖင့္ အႏိုင္ရခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွ ကြင္းလယ္လူ ကက္စမဲ႐ိုးက

ပြဲထြက္ကစားခြင့္ရခဲ့ၿပီး အန္တိုနီ ႏွင့္ ဖရက္တို႔ကေတာ့ လူစားဝင္

ကစားခြင့္ရခဲ့ပါတယ္။ ပြဲကစားခ်ိန္ ( ၈၇ )မိနစ္မွာ အန္တိုနီက ေပၚတူဂီလို

Joga bonito လို႔ ေခၚတဲ့ လွပတဲ့ ကစားဟန္ကို ျပသခဲ့ပါတယ္။

ညာေတာင္ပံမွာ ကက္စမဲ႐ိုးထံကေန ေဘာလုံးလက္ခံရယူၿပီးေနာက္

ဆားဘီးယား ကစားသမား ( ၂ ) ဦးနဲ႔ 2 V1 အေနအထား

ရင္ဆိုင္ေနရခ်ိန္ ဘရာဇီးလ္ ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒင္ညိဳတို႔

လုပ္ေလ့ရွိတဲ့ ပုံစံအတိုင္း ဘယ္ေျခတစ္ဖက္တည္းနဲ႔ ၿပိဳင္ဘက္

( ၂ ) ေယာက္လုံးကို လွည့္စားကာ ေက်ာ္ျဖတ္ျပခဲ့ပါတယ္။

အဲ့ဒီေနာက္ အန္တိုနီက ႐ိုဒရီဂိုထံ ေပးခဲ့ၿပီး ရီးရဲမက္ဒရစ္ၾကယ္ပြင့္ရဲ႕

ကန္သြင္းခ်က္က ဂိုးေပါက္နဲ႔ အနည္းငယ္လြဲေခ်ာ္ခဲ့လို႔သာ ဖန္တီးမႈ မရခဲ့တာျဖစ္ပါတယ္။