
ပေါ်တူဂီကလာတဲ့သတင်းတွေအရ နွေရာသီအပြောင်းအရွှေ့မှာ
လူမခေါ်နိုင်ဖြစ်နေတဲ့ကလပ်ရဲ့အခြေအနေကြောင့် စီရော်နယ်ဒိုဟာ
မန်ယူကထွက်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
အဲဒီပေါ်တူဂီစူပါစတားဟာ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာပြီး
၁၃ နှစ်အကြာမှာ မန်ယူကို တစ်ကျော့ပြန်ရောက်လာပေမယ့်
သူမျှော်မှန်းထားသလို အိမ်ပြန်လာမှုမျိုး မဖြစ်ခဲ့ပါဘူး။
သူဟာ ပြီးခဲ့တဲ့ရာသီပြိုင်ပွဲအရပ်ရပ် ၃၈ ပွဲမှာ ၂၄ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်
အသင်းကတော့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၆ သာ
ရပ်တည်နိုင်ခဲ့တာပါ။ ဒါ့အပြင် အသင်းရဲ့ကစားကွက်မှာ ဟန်ချက်ညီညီ
မပါနိုင်လို့ဆိုပြီး သူ့အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
၃၇ နှစ်အရွယ် စီရော်နယ်ဒိုဟာ မန်ယူနဲ့စာချုပ်သက်တမ်း
တစ်နှစ်သာ ကျန်ရှိတော့တာပါ။ သူနဲ့ နည်းပြသစ်တန်ဟက်တို့
နှစ်ယောက်ကြားမှာတော့ လက်တွဲလုပ်ဆောင်ရမှာနဲ့ပတ်သက်လို့
အားတတ်သရော ရှိကြပါတယ်။ ဒါပေမဲ့ ကလပ်ဘက်က လူခေါ်နိုင်ဖို့
ခက်ခဲနေတဲ့အနေအထားဟာ ရည်မှန်းချက်ကြီးတဲ့ စီရော်နယ်ဒိုကို
စိတ်ပျက်စေတာပါ။ ပေါ်တူဂီသတင်းစာ Record ကလည်း အဲဒါကို
စိတ်ပျက်နေတဲ့ စီရော်နယ်ဒိုဟာ ကလပ်က ထွက်ခွာဖို့ အဆင်သင့်
ဖြစ်နေတယ်လို့ ဖော်ပြလာပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုက
လူမခေါ်နိုင်ရင် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာမယ်လို့ အသင်းကို
ရာဇသံပေးခဲ့ကြောင်းလည်း Record သတင်းစာက ဆိုပါတယ်။
အခုချိန်ထိလည်း မန်ယူဟာ သူတို့ရဲ့နံပါတ် ၁ ပစ်မှတ်
ဒီဂျောင်အတွက် ကြိုးပမ်းနေပေမယ့် အခြေအနေက ထူးမလာသေးပါဘူး။
zawgyi
ေရာ္နယ္ဒုိကုိ ယူႏုိက္တက္ကေန မထြက္ခြာေစခ်င္ရင္ လူသစ္ျမန္ျမန္ေခၚမွျဖစ္မယ္။
ေပၚတူဂီကလာတဲ့သတင္းေတြအရ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ
လူမေခၚႏိုင္ျဖစ္ေနတဲ့ကလပ္ရဲ႕အေျခအေနေၾကာင့္ စီေရာ္နယ္ဒိုဟာ
မန္ယူကထြက္ဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။
အဲဒီေပၚတူဂီစူပါစတားဟာ အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာၿပီး
၁၃ ႏွစ္အၾကာမွာ မန္ယူကို တစ္ေက်ာ့ျပန္ေရာက္လာေပမယ့္
သူေမွ်ာ္မွန္းထားသလို အိမ္ျပန္လာမႈမ်ိဳး မျဖစ္ခဲ့ပါဘူး။
သူဟာ ၿပီးခဲ့တဲ့ရာသီၿပိဳင္ပြဲအရပ္ရပ္ ၃၈ ပြဲမွာ ၂၄ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္
အသင္းကေတာ့ ႐ုန္းကန္ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ အဆင့္ ၆ သာ
ရပ္တည္ႏိုင္ခဲ့တာပါ။ ဒါ့အျပင္ အသင္းရဲ႕ကစားကြက္မွာ ဟန္ခ်က္ညီညီ
မပါႏိုင္လို႔ဆိုၿပီး သူ႔အေပၚ ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။
၃၇ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဟာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္း
တစ္ႏွစ္သာ က်န္ရွိေတာ့တာပါ။ သူနဲ႔ နည္းျပသစ္တန္ဟက္တို႔
ႏွစ္ေယာက္ၾကားမွာေတာ့ လက္တြဲလုပ္ေဆာင္ရမွာနဲ႔ပတ္သက္လို႔
အားတတ္သေရာ ရွိၾကပါတယ္။ ဒါေပမဲ့ ကလပ္ဘက္က လူေခၚႏိုင္ဖို႔
ခက္ခဲေနတဲ့အေနအထားဟာ ရည္မွန္းခ်က္ႀကီးတဲ့ စီေရာ္နယ္ဒိုကို
စိတ္ပ်က္ေစတာပါ။ ေပၚတူဂီသတင္းစာ Record ကလည္း အဲဒါကို
စိတ္ပ်က္ေနတဲ့ စီေရာ္နယ္ဒိုဟာ ကလပ္က ထြက္ခြာဖို႔ အဆင္သင့္
ျဖစ္ေနတယ္လို႔ ေဖာ္ျပလာပါတယ္။ ဒါ့အျပင္ စီေရာ္နယ္ဒိုက
လူမေခၚႏိုင္ရင္ အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာမယ္လို႔ အသင္းကို
ရာဇသံေပးခဲ့ေၾကာင္းလည္း Record သတင္းစာက ဆိုပါတယ္။
အခုခ်ိန္ထိလည္း မန္ယူဟာ သူတို႔ရဲ႕နံပါတ္ ၁ ပစ္မွတ္
ဒီေဂ်ာင္အတြက္ ႀကိဳးပမ္းေနေပမယ့္ အေျခအေနက ထူးမလာေသးပါဘူး။