
အီတလီစီးရီးအေအင်အားကြီးဘောလုံးကလပ် ဂျုဗင်တပ်အသင်းဟာ
ကိုဗစ်ကပ်ရောဂါကာလအတွင်း ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ သူ့ရဲ့
အသင်းဖော်တစ်ချို့ကို လျှို့ဝှက်စွာ ငွေပေးခဲ့တာကြောင့်
ပေါင် ၅၁ သန်း ( ယူရို သန်း ၆၀ ) ဒဏ်ရိုက်ခံရမယ့်အရေးနဲ့
ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်
အသင်းမှာ ကိုးရာသီကြာ ကစားခဲ့ပြီးတဲ့နောက် ၂၀၁၈-၁၉ ခုနှစ်မှာ
ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့
ဂျုဗင်တပ်အသင်းမှာ ကစားနေစဉ်အတွင်း တစ်ကမ္ဘာလုံးမှာ
ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့ပြီး၊ ဂျုဗင်တပ်အသင်းဟာ ကစားသမားတွေကို
လေးလခန့် လစာပေးသွားမာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ကတော့ အဆိုပါကာလအတွင်း
ပေါင် ၁၇ သန်းခန့် လျှို့ဝှက်စွာ ရရှိနေခဲ့တာ ဖြစ်ပါတယ်။
ဂျုဗင်တပ်အသင်းဟာ ရော်နယ်ဒို့ဆီပေးချေခဲ့တဲ့ ငွေကြေးကို
မှတ်တမ်းမတင်ခဲ့တာကြောင့် ငွေကြေးပိုင်းဆိုင်ရာမူမမှန်မှုနဲ့
ပေါင် ၅၁ သန်းခန့် ဒဏ်ရိုက်ခံရဖို့ ရှိတယ်လို့ နာမည်ကြီး Daily Mail
သတင်းဌာနက ဖော်ပြလာပါတယ်။ ရော်နယ်ဒိုနဲ့ ဂျုဗင်တပ်အသင်းတို့ဟာ
လျှို့ဝှက်စာရွက်စာတမ်းတွေ ချုပ်ဆိုခဲ့ပြီး၊ ထိုကိစ္စတွေကို တူရင်မှာရှိတဲ့
စုံစမ်းစစ်ဆေးတဲ့သူတွေက ရှာတွေ့ထားကြတယ်လို့လည်း သိရပါတယ်။
ဂျုဗင်တပ်ရဲ့ ဥက္ကဌ အန်ဒရီယာ အက်နယ်လီနဲ့ ဒုတိယဥက္ကဌ
ပါဗယ် နက်ဒ်ဗက်ဒ်အပါအဝင် ထိုကိစ္စနဲ့ ပတ်သက်နေတဲ့ လူ ၁၆ ဦးဟာ
စုံစမ်းစစ်ဆေးခံနေရပါတယ်။ ထိုလျှို့ဝှက်စွာငွေပေးတဲ့ ကိစ္စတွေဟာ
၂၀၂၀ ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့၊ စုံစမ်းစစ်ဆေးနေတဲ့ကိစ္စမှာ
ခရစ္စတီယာနို ရော်နယ်ဒို ပါဝင်နေသလားဆိုတာတော့ ဖော်ပြထားခြင်းမရှိတာ
ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းကတော့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး
ဖြေရှင်းစရာမရှိဘူးလို့ ပြောဆိုထားပါတယ်။
zawgyi
ေရာ္နယ္ဒုိေၾကာင့္ ဂ်ဴဗီ ေပါင္ ၅၁ သန္း ဒဏ္႐ုိက္ခံရေတာ့မယ္
အီတလီစီးရီးေအအင္အားႀကီးေဘာလုံးကလပ္ ဂ်ဳဗင္တပ္အသင္းဟာ
ကိုဗစ္ကပ္ေရာဂါကာလအတြင္း ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ သူ႔ရဲ႕
အသင္းေဖာ္တစ္ခ်ိဳ႕ကို လွ်ိဳ႕ဝွက္စြာ ေငြေပးခဲ့တာေၾကာင့္
ေပါင္ ၅၁ သန္း ( ယူ႐ို သန္း ၆၀ ) ဒဏ္႐ိုက္ခံရမယ့္အေရးနဲ႔
ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္
အသင္းမွာ ကိုးရာသီၾကာ ကစားခဲ့ၿပီးတဲ့ေနာက္ ၂၀၁၈-၁၉ ခုႏွစ္မွာ
ဂ်ဳဗင္တပ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔
ဂ်ဳဗင္တပ္အသင္းမွာ ကစားေနစဥ္အတြင္း တစ္ကမာၻလုံးမွာ
ကိုဗစ္ကပ္ေရာဂါျဖစ္ပြားခဲ့ၿပီး၊ ဂ်ဳဗင္တပ္အသင္းဟာ ကစားသမားေတြကို
ေလးလခန႔္ လစာေပးသြားမာ မဟုတ္ေၾကာင္း ေၾကညာခဲ့ပါတယ္။
ဒါေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ကေတာ့ အဆိုပါကာလအတြင္း
ေပါင္ ၁၇ သန္းခန႔္ လွ်ိဳ႕ဝွက္စြာ ရရွိေနခဲ့တာ ျဖစ္ပါတယ္။
ဂ်ဳဗင္တပ္အသင္းဟာ ေရာ္နယ္ဒို႔ဆီေပးေခ်ခဲ့တဲ့ ေငြေၾကးကို
မွတ္တမ္းမတင္ခဲ့တာေၾကာင့္ ေငြေၾကးပိုင္းဆိုင္ရာမူမမွန္မႈနဲ႔
ေပါင္ ၅၁ သန္းခန႔္ ဒဏ္႐ိုက္ခံရဖို႔ ရွိတယ္လို႔ နာမည္ႀကီး Daily Mail
သတင္းဌာနက ေဖာ္ျပလာပါတယ္။ ေရာ္နယ္ဒိုနဲ႔ ဂ်ဳဗင္တပ္အသင္းတို႔ဟာ
လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းေတြ ခ်ဳပ္ဆိုခဲ့ၿပီး၊ ထိုကိစၥေတြကို တူရင္မွာရွိတဲ့
စုံစမ္းစစ္ေဆးတဲ့သူေတြက ရွာေတြ႕ထားၾကတယ္လို႔လည္း သိရပါတယ္။
ဂ်ဳဗင္တပ္ရဲ႕ ဥကၠဌ အန္ဒရီယာ အက္နယ္လီနဲ႔ ဒုတိယဥကၠဌ
ပါဗယ္ နက္ဒ္ဗက္ဒ္အပါအဝင္ ထိုကိစၥနဲ႔ ပတ္သက္ေနတဲ့ လူ ၁၆ ဦးဟာ
စုံစမ္းစစ္ေဆးခံေနရပါတယ္။ ထိုလွ်ိဳ႕ဝွက္စြာေငြေပးတဲ့ ကိစၥေတြဟာ
၂၀၂၀ ခုႏွစ္တုန္းက ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီးေတာ့၊ စုံစမ္းစစ္ေဆးေနတဲ့ကိစၥမွာ
ခရစၥတီယာႏို ေရာ္နယ္ဒို ပါဝင္ေနသလားဆိုတာေတာ့ ေဖာ္ျပထားျခင္းမရွိတာ
ျဖစ္ပါတယ္။ ဂ်ဳဗင္တပ္အသင္းကေတာ့ အဆိုပါကိစၥနဲ႔ ပတ္သက္ၿပီး
ေျဖရွင္းစရာမရွိဘူးလို႔ ေျပာဆိုထားပါတယ္။