ရော်နယ်ဒိုကြောင့် အပျက်သဘောဆောင်တဲ့သက်ရောက်မှုရှိခဲ့ပြီး ကသောင်းကနင်းဖြစ်ခဲ့ရတဲ့ သရဲနီနှစ်ဦး
ရော်နယ်ဒိုရဲ့ ဒုတိယမြောက်အိုးလ်ထရက်ဖို့ဒ်ခရီးစဉ်က
အသင်းဖော်နှစ်ယောက်အပေါ်မှာ’အလွန်အပျက်သဘောဆောင်တဲ့
အကျိုးသက်ရောက်မှု’ ရှိခဲ့တယ်လို့ လီဗာပူးဂန္တဝင်ဂျွန်ဘန်းစ်က
သုံးသပ်လိုက်ပါတယ်။ ၂၀၂၁ မှာ အိုးလ်ထရက်ဖို့ဒ်ပြန်ရောက်လာတဲ့
ပေါ်တူဂီကြယ်ပွင့်ဟာ ပထမဆုံးရာသီ ၃၈ပွဲ မှာ ၂၄ဂိုး သွင်းယူပြီး
အံ့အားသင့်ဖွယ်ရာခြေစွမ်းပြနိုင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သရဲနီ
နည်းပြရာထူးကနေ ဆိုးလ်ရှားထွက်ခွာခဲ့ပြီးနောက် ဆိုးရွားတဲ့
အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့တာပါ။ တန်ဟတ်ရောက်လာတဲ့နောက်
ရော်နယ်ဒိုဟာ လူပိုတစ်ယောက်လိုဖြစ်လာခဲ့ပြီး ပွဲထွက်စာရင်းမှာ
ပါဝင်ဖို့ရုန်းကန်ခဲ့ရပါတယ်။ ဂျွန်ဘန်းစ်ကတော့ ရက်ရှ်ဖို့ဒ်နဲ့
ဆန်ချိုကို ထောက်ပြခဲ့ပြီး ရော်နယ်ဒို အိုးလ်ထရက်ဖို့ဒ်မှာရှိနေခြင်းက
လူတိုင်းအပေါ်မှာအကျိုးသက်ရောက်မှုမရှိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။
အဲ့ဒီကာလတွေအတွင်းမှာ ရက်ရှ်ဖို့ဒ်ခြေစွမ်းကသောင်းကနင်းဖြစ်ခဲ့ပြီး
ဆန်ချိုကတော့ ကမ္ဘာ့ဖလားပြိုင်ဝင်အင်္ဂလန်အသင်းမှာ
မပါဝင်တော့တဲ့အထိ အခြေအနေဆိုးရွားခဲ့တာဖြစ်တယ်။
BonusCodeBets နဲ့တွေ့ဆုံမှုမှာ လီဗာပူးဂန္တဝင်ဟောင်းက
“ရက်ရှ်ဖို့ဒ်က ယူနိုက်တက်ရဲ့စိတ်လှုပ်ရှားစရာကစားသမား
ဖြစ်လာမှာပါ။ သူက တောင်ပံမှာကစားနေရတယ်ဆိုပေမဲ့
ဂိမ်းကိုသက်ရောက်မှုရှိဖို့အတွက် အတွင်းကိုဝင်လာဖို့လိုအပ်ပါတယ်။
ရက်ရှ်ဖို့ဒ်က အထောင်တိုက်စစ်မှူးမဟုတ်ပါဘူး။
ဒါက သူ့ရဲ့ဂိမ်းမဟုတ်ပါဘူး။ မနှစ်ကယူနိုက်တက်မှာ သဘောထား
ကွဲလွဲပြီး ဖာထေးဖြတ်သန်းခဲ့ရတဲ့ သူ့အတွက်ကျေနပ်ပါတယ်။
မင်းတို့အတွက် ဆန်ချိုအခုအထိပြန်မလာနိုင်သေးပါဘူး။
သူ့ရဲ့ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့အခွင့်အရေး
တစ်ခုပေးတာကိုမြင်ချင်ပါတယ်။ ရော်နယ်ဒိုရှိစဉ်တုန်းက
ကစားသမားတွေအပေါ်အများကြီးအပျက်သဘောဆောင်ခဲ့တယ်လို့
ထင်တယ်။ သူ့ဆီကဖြစ်တာပါ။ ကစားသမားအများစုဟာ
သူ့ရဲ့သြဇာလွှမ်းမိုးမှုကြောင့် နောက်ပြန်ဆုတ်သွားခဲ့တယ်။
ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ သူတို့လုပ်နိုင်တာကိုပြသခွင့်ရတဲ့အတွက်
ဝမ်းသာပါတယ်။ ကလပ်တစ်ခုကိုရောက်ပြီး ကောင်းမွန်စွာ
မစတင်နိုင်ရင်ခက်ခဲပါတယ်။ အထူးသဖြင့် ပေါင်သန်း ၈၀ ပါ။
ဆန်ချိုဟာ အလားအလာကောင်းတွေရှိတာကြောင့် မကြာခင်
အသင်းကိုပြန်ရောက်လာဖို့မျှော်လင့်တယ်။ အလားအလာရှိတဲ့သူ့ကို
ပရိသတ်တွေအားပေးကြမယ်ထင်တယ်။ ရက်ရှ်ဖို့ဒ်နဲ့ကွာတာကတော့
သူကအသင်းမှာနှစ်အနည်းငယ်ကစားပြီးသားဖြစ်နေလို့ပါ။
ရက်ရှ်ဖို့ဒ်က အကယ်ဒမီထွက်ဖြစ်တာကြောင့် နည်းနည်းလေး
စိတ်ဓာတ်ကျနေချိန်မှာတောင် ပရိသတ်ရဲ့အားပေးမှုကို ရခဲ့ပါတယ်။
သူ့ကိုအားပေးတဲ့ ပရိသတ်တွေကြောင့်ဇိမ်ခံလို့ရပါသေးတယ်” လို့ သုံးသပ်ခဲ့ပါတယ်။
zawgyi
ထင်တယ်။ သူ့ဆီကဖြစ်တာပါ။ ကစားသမားအများစုဟာ