
ဆော်ဒီကို ပြောင်းသွားတဲ့ မောင်ဖြစ်သူဟာ သမိုင်းသစ်ရေးနိုင်ဦးမှာလို့
စီရော်နယ်ဒိုရဲ့အစ်မက ထောက်ခံပြောကြားလိုက်ပါတယ်။
Ballon d’Or ၅ ထပ်ကွမ်းကစားသမားဟာ မန်ယူနဲ့စာချုပ်ဖျက်သိမ်းပြီး
တစ်လကျော်အကြာမှာတော့ ဆော်ဒီကလပ်အယ်နာဆာဆီ
အလွတ်ပြောင်းသွားခဲ့တာပါ။ စီရော်နယ်ဒိုရဲ့တန်ဖိုးကြီးအပြောင်းအရွှေ့ကို
official ကြေညာမှုလုပ်ခဲ့ပြီးနောက် သူ့ကို အမြဲအားပေးတဲ့အစ်မဖြစ်သူက
အလျင်အမြန်ပဲ ချီးကျူးမှုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့အစ်မ
ကာတီယာအဗိုင်ရိုဟာ သူမမောင် အယ်နာဆာအင်္ကျီကိုင်ထားတဲ့ပုံကို
Instagram မှာတင်ပြီး အခုလို caption ရေးခဲ့တာပါ။
”ကျွန်မဘဝရဲ့ဂုဏ်ယူစရာက နောက်တစ်ကြိမ်သမိုင်းသစ်ရေးနိုင်ဦးမှာပါ”တဲ့။
ကာတီယာအဗိုင်ရိုဟာ မောင်ဖြစ်သူနဲ့ပတ်သက်လို့ ဆိုရှယ်
မီဒီယာထက်မှာ အမြဲတမ်းကာကွယ်ပေးသူ ဖြစ်ခဲ့ပါတယ်။
မန်ယူမှာ စီရော်နယ်ဒို အရန်ခုံထိုင်ခဲ့ရစဉ်ကလည်း ကာတီယာဟာ
နည်းပြတန်ဟက်ကို ရည်ရွယ်တဲ့ထိုးနှက်ပြောဆိုမှုလုပ်ခဲ့တာပါ။
ဒ့ါအပြင် သူမဟာ မောင်ဖြစ်သူကို အရန်ခုံပို့ခဲ့တဲ့ ပေါ်တူဂီ
နည်းပြဟောင်းဆန်းတို့စ်ကိုလည်း ဝေဖန်မှုလုပ်ခဲ့ပါသေးတယ်။
စီရော်နယ်ဒိုရဲ့ကစားသမားဘဝအဓိကပြိုင်ဘက် မက်ဆီဗိုလ်စွဲသွားတဲ့
ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတော့လည်း သမိုင်းတစ်လျှောက်
အဆိုးဆုံးကမ္ဘာ့ဖလားလို့ သူမက ဆိုရှယ်မီဒီယာပေါ်မှာ ရေးခဲ့တာပါ။
zawgyi
” ေရာ္နယ္ဒိုက သမိုင္းသစ္ေရးထိုးဖို႔ ေဆာ္ဒီကိုေရာက္ေနၿပီ ” _ ကာတီယာအဗိုင္႐ို
ေဆာ္ဒီကို ေျပာင္းသြားတဲ့ ေမာင္ျဖစ္သူဟာ သမိုင္းသစ္ေရးႏိုင္ဦးမွာလို႔
စီေရာ္နယ္ဒိုရဲ႕အစ္မက ေထာက္ခံေျပာၾကားလိုက္ပါတယ္။
Ballon d’Or ၅ ထပ္ကြမ္းကစားသမားဟာ မန္ယူနဲ႔စာခ်ဳပ္ဖ်က္သိမ္းၿပီး
တစ္လေက်ာ္အၾကာမွာေတာ့ ေဆာ္ဒီကလပ္အယ္နာဆာဆီ
အလြတ္ေျပာင္းသြားခဲ့တာပါ။ စီေရာ္နယ္ဒိုရဲ႕တန္ဖိုးႀကီးအေျပာင္းအေ႐ႊ႕ကို
official ေၾကညာမႈလုပ္ခဲ့ၿပီးေနာက္ သူ႔ကို အၿမဲအားေပးတဲ့အစ္မျဖစ္သူက
အလ်င္အျမန္ပဲ ခ်ီးက်ဴးမႈလုပ္ခဲ့တာ ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕အစ္မ
ကာတီယာအဗိုင္႐ိုဟာ သူမေမာင္ အယ္နာဆာအက်ႌကိုင္ထားတဲ့ပုံကို
Instagram မွာတင္ၿပီး အခုလို caption ေရးခဲ့တာပါ။
”ကြၽန္မဘဝရဲ႕ဂုဏ္ယူစရာက ေနာက္တစ္ႀကိမ္သမိုင္းသစ္ေရးႏိုင္ဦးမွာပါ”တဲ့။
ကာတီယာအဗိုင္႐ိုဟာ ေမာင္ျဖစ္သူနဲ႔ပတ္သက္လို႔ ဆိုရွယ္
မီဒီယာထက္မွာ အၿမဲတမ္းကာကြယ္ေပးသူ ျဖစ္ခဲ့ပါတယ္။
မန္ယူမွာ စီေရာ္နယ္ဒို အရန္ခုံထိုင္ခဲ့ရစဥ္ကလည္း ကာတီယာဟာ
နည္းျပတန္ဟက္ကို ရည္႐ြယ္တဲ့ထိုးႏွက္ေျပာဆိုမႈလုပ္ခဲ့တာပါ။
ဒ့ါအျပင္ သူမဟာ ေမာင္ျဖစ္သူကို အရန္ခုံပို႔ခဲ့တဲ့ ေပၚတူဂီ
နည္းျပေဟာင္းဆန္းတို႔စ္ကိုလည္း ေဝဖန္မႈလုပ္ခဲ့ပါေသးတယ္။
စီေရာ္နယ္ဒိုရဲ႕ကစားသမားဘဝအဓိကၿပိဳင္ဘက္ မက္ဆီဗိုလ္စြဲသြားတဲ့
ကမာၻ႔ဖလားၿပိဳင္ပြဲၿပီးေတာ့လည္း သမိုင္းတစ္ေလွ်ာက္
အဆိုးဆုံးကမာၻ႔ဖလားလို႔ သူမက ဆိုရွယ္မီဒီယာေပၚမွာ ေရးခဲ့တာပါ။