” ရော်နယ်ဒို စောစောစီးစီးနောက်ဆင်းမလာပါနဲ့ ” လို့ တင်ဟာ့ခ်က သတိအကြီးကြီးပေးလိုက်ပြန်ပြီ။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့တုန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့

ဝက်စ်ဟမ်းကို ( ၁-၀ ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဆက်လက်ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မကြာသေးမီက ပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံး

နေခဲ့ပေမယ့် လက်ရှိမှာ အန်သိုနီ မာရှယ် ၊ အန်တိုနီ တို့က ဒဏ်ရာ

ပြဿနာရင်ဆိုင်နေရသလို ဂျေဒန် ဆန်ချိုကလည်း ပုံမှန်ခြေစွမ်း

ပျောက်ဆုံးနေတာကြောင့် ယခုလို ပြန်လည် ပွဲထွက်ခွင့်ရလာတာဖြစ်ပါတယ်။

ဘလွန်းဒီအော ( ၅ ) ကြိမ်ဆုရှင်ဟာ မနေ့ညတုန်းက ဂိုးသွင်းယူနိုင်ခဲ့ခြင်း

မရှိပေမယ့် ဂိုးကန်သွင်းမှု ( ၆ ) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ( ၁ ) ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပြီး ( ၂ ) ကြိမ် ဂိုးပေါက်နဲ့

လွဲချော်ခဲ့သလို ( ၃ ) ကြိမ် တားဆီးခြင်း ခံခဲ့ရပါတယ်။

Dribble ( ၂ ) ကြိမ် ပြုလုပ်ရာမှာ ( ၂ ) ကြိမ် စလုံး အောင်မြင်ခဲ့ပါတယ်။

အဲရစ် တင်ဟာ့ခ်က ပွဲပြီးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ

ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ယခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“ သူ ( ရော်နယ်ဒို ) ကောင်းကောင်း ကစားခဲ့တယ်လို့ ထင်ပါတယ်။

ပထမပိုင်းမှာ pressing ကို ဦးဆောင်ခဲ့ပြီး ခ‌ျိတ်ဆက် ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ စောစောစီးစီး နောက်ဆင်းမလာဖို့ ၊ နဲနဲလောက် စောင့်ဖို့

ပြောခဲ့ပါတယ်။ ပထမဆုံး ကွင်းလယ် နှင့် ခံစစ်ကို သူတို့အလုပ် သူတို့ လုပ်စေပါ။”

“ နောက်ဆုံး အခိုက်အတန့် ရောက်တဲ့အခါမှာ ပြိုင်ဘက်နောက်ခံလူတွေကို

ဆွဲခေါ်ဖို့ ၊ ဒါမှမဟုတ် ဖန်တီးဖို့ ၊ ဂိုးသွင်းဖို့ ၊ နောက်ဆင်းနိုင်ပါတယ်။”

တင်ဟာ့ခ်ပြောတာလည်း မှန်ပါတယ်။ ရော်နယ်ဒို နောက်ဆင်းပြီး

ဘောလုံး လက်ခံလိုက်ချိန် ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုက

နှေးသွားတတ်တာတွေ မြင်တွေ့ရတတ်ပါတယ်။

zawgyi

” ေရာ္နယ္ဒုိ ေစာေစာစီးစီးေနာက္ဆင္းမလာပါနဲ႔ ” လုိ႔ တင္ဟာ့ခ္က သတိအႀကီးႀကီးေပးလုိက္ျပန္ၿပီ။

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ မေန႔တုန္းက မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕

ဝက္စ္ဟမ္းကို ( ၁-၀ ) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဆက္လက္ပြဲထြက္ခြင့္ရခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ မၾကာေသးမီက ပြဲစဥ္ေတြမွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံး

ေနခဲ့ေပမယ့္ လက္ရွိမွာ အန္သိုနီ မာရွယ္ ၊ အန္တိုနီ တို႔က ဒဏ္ရာ

ျပႆနာရင္ဆိုင္ေနရသလို ေဂ်ဒန္ ဆန္ခ်ိဳကလည္း ပုံမွန္ေျခစြမ္း

ေပ်ာက္ဆုံးေနတာေၾကာင့္ ယခုလို ျပန္လည္ ပြဲထြက္ခြင့္ရလာတာျဖစ္ပါတယ္။

ဘလြန္းဒီေအာ ( ၅ ) ႀကိမ္ဆုရွင္ဟာ မေန႔ညတုန္းက ဂိုးသြင္းယူႏိုင္ခဲ့ျခင္း

မရွိေပမယ့္ ဂိုးကန္သြင္းမႈ ( ၆ ) ႀကိမ္ထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ( ၁ ) ႀကိမ္သာ ဂိုးေပါက္ တည့္ခဲ့ၿပီး ( ၂ ) ႀကိမ္ ဂိုးေပါက္နဲ႔

လြဲေခ်ာ္ခဲ့သလို ( ၃ ) ႀကိမ္ တားဆီးျခင္း ခံခဲ့ရပါတယ္။

Dribble ( ၂ ) ႀကိမ္ ျပဳလုပ္ရာမွာ ( ၂ ) ႀကိမ္ စလုံး ေအာင္ျမင္ခဲ့ပါတယ္။

အဲရစ္ တင္ဟာ့ခ္က ပြဲၿပီးသတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ရာမွာ

ေရာ္နယ္ဒိုနဲ႔ ပတ္သက္လို႔ ယခုလို မွတ္ခ်က္ေပးခဲ့ပါတယ္။

“ သူ ( ေရာ္နယ္ဒို ) ေကာင္းေကာင္း ကစားခဲ့တယ္လို႔ ထင္ပါတယ္။

ပထမပိုင္းမွာ pressing ကို ဦးေဆာင္ခဲ့ၿပီး ခ‌်ိတ္ဆက္ ကစားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအၿပီးမွာ ေစာေစာစီးစီး ေနာက္ဆင္းမလာဖို႔ ၊ နဲနဲေလာက္ ေစာင့္ဖို႔

ေျပာခဲ့ပါတယ္။ ပထမဆုံး ကြင္းလယ္ ႏွင့္ ခံစစ္ကို သူတို႔အလုပ္ သူတို႔ လုပ္ေစပါ။”

“ ေနာက္ဆုံး အခိုက္အတန႔္ ေရာက္တဲ့အခါမွာ ၿပိဳင္ဘက္ေနာက္ခံလူေတြကို

ဆြဲေခၚဖို႔ ၊ ဒါမွမဟုတ္ ဖန္တီးဖို႔ ၊ ဂိုးသြင္းဖို႔ ၊ ေနာက္ဆင္းႏိုင္ပါတယ္။”

တင္ဟာ့ခ္ေျပာတာလည္း မွန္ပါတယ္။ ေရာ္နယ္ဒို ေနာက္ဆင္းၿပီး

ေဘာလုံး လက္ခံလိုက္ခ်ိန္ ယူႏိုက္တက္ရဲ႕ တိုက္စစ္ဆင္မႈက

ေႏွးသြားတတ္တာေတြ ျမင္ေတြ႕ရတတ္ပါတယ္။