ရော်နယ်ဒို အဆိုးရွားဆုံးအိမ်ပြန်ခရီးဖြစ်ခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်လမ်းကြမ်း … မန်ချက်ရဲ့ ၂၀၁၃ နောက်ပိုင်း အဆိုးရွားဆုံးဆုံးဖြတ်ချက်

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ ဝမ်းနည်းဖို့

အကောင်းဆုံးက သူပြောခဲ့တာတွေ အများစုဟာ အမှန်တရားတွေ ဖြစ်နေတာပါ။

သူထွက်သွားချိန်ကတည်းက မန်ယူနိုက်တက်က ဘာမျှ တိုးတက်လာခြင်း

မရှိကြောင်း မှန်မှန်ကန်ကန် ထောက်ပြခဲ့ပါတယ်။ ဖာဂူဆန်အလွန် ယူနိုက်တက်ရဲ့

ရုန်းကန်မှုတွေ အကြောင်းတွေကို ရော်နယ်ဒိုကို အကောင်းဆုံး ထောက်ပြနိုင်ခဲ့ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ ( ၂၀၁၃ ) နောက်ပိုင်း ယူနိုက်တက် ပြုလုပ်ခဲ့တဲ့

အဆိုးရွားဆုံး ဆုံးဖြတ်ချက်က သူ့ကို ပြန်ခေါ်ယူလိုက်တာ ဖြစ်နေပြန်ပါတယ်။

ရော်နယ်ဒိုက သူ ကစားတဲ့ ကလပ်တိုင်းကို မလွဲမသွေ လွှမ်းမိုးထားတတ်သူဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း သူက ဘောလုံးလောကရဲ့ အခမ်းနားဆုံး

ကစားသမားတစ်ဦး ဖြစ်နေပြန်ပါတယ်။ လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်မှုတွေကလည်း

ရော်နယ်ဒိုအတွက် ပိုလို့ တွန်းအားဖြစ်စေနိုင်ပါတယ်။ ရော်နယ်ဒိုက မယုံနိုင်ဖွယ်

စိတ်ပိုင်းဖြတ်မှုတွေနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို ထူးထူးခြားခြားဖြစ်လာအောင်

ပုံဖော်နိုင်ခဲ့သူဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့

စိတ်ပိုင်းဖြတ်မှုတွေကပဲ သူ့ကို ယခုလို ဂန္တဝင် ကစားသမားတစ်ဦးဖြစ်လာစေခဲ့တာပါ။

ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်လွန်းတဲ့ အဲ့ဒီ စိတ်ဓာတ်ကြောင့်ပဲ

တခါတလေမှာ အသင်းဖော်တွေအတွက် ခက်ခဲစေပါတယ်။

တစ်ဖက်မှာလည်း အဆိုပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြောင့်ပဲ

သူ့ရဲ့ လုပ်ရည်ကိုင်ရည်တွေ ယိုယွင်းနေပြီဆိုတာ သဘောပေါက်ဖို့

ခက်ခဲနေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် တော့တင်ဟမ်နဲ့ ပွဲစဉ်အတွင်း

အရံခုံမှာ ချန်လှပ်ခြင်း ခံရတဲ့အပေါ် ‌‌ဒေါသထွက်ခဲ့တာဖြစ်နိုင်ပါတယ်။

အဲ့ဒါကြောင့်ပဲ သူက အရံကစားသမားအနေနဲ့ ကစားတာဟာ အသင်းအတွက်

အကောင်းဆုံးဖြစ်တယ်လို့ မယူဆထားတာ ဖြစ်နိုင်ပါတယ်။

အဲ့ဒါကြောင့်ပဲ အဲရစ် တင်ဟာ့ခ်က သူ့ကို မလေးစားဘူးလို့

သဘောပေါက်သွားတာ ဖြစ်နိုင်ပါတယ်။ သတင်းထောက် Josh Robinson နှင့်

Jonathan Clegg တို့ရေးသားတဲ့ Messi Vs. Ronaldo: One Rivalry,

Two GOATs ဆိုတဲ့ စာအုပ်မှာ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အတော်လေး

စိတ်ဝင်စားဖို့ ကောင်းတဲ့ အခမ်းတစ်ခု ပါဝင်ပါတယ်။ သူက ရီးရဲမက်ဒရစ်နဲ့

အအောင်မြင်ဆုံး အချိန်မှာ ဆယ်ကျော်သက်အရွယ် စပို့တင်းမှာတုန်းက

အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ အရိုးအကြောအသစ်ကုဆရာကို သူ့ရဲ့ အောင်မြင်မှု

ဆုတံဆိပ်တွေအားလုံး ပရင့်ထုတ်ကာ ပြသပြီး သူ့ရဲ့ ပင်ကိုယ်အရည်အချင်းနဲ့

ဘယ်လောက်ထိ လုပ်ပြထားသလဲဆိုတာ သက်သေပြခဲ့တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီထဲမှာ လစ္စဘွန်းကို ရောက်လာချိန် နယ်ဘက်ကလေသံနဲ့

စကားပြောတတ်လို့ လှောင်ပြောင်ခံရတဲ့ Madeira ဒေသခံ ဆင်းဆင်းရဲရဲ

လူငယ်လေးတစ်ဦးရဲ့ ခံယူချက်ကို သွားမြင်နိုင်ပါတယ်။

သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးထဲမှာ အတ္တဆိုတဲ့ အားနည်းချက်လေး ရှိနေခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ပထမသက်တမ်းအတွင်း ပရီးမီးယားလိဂ် ( ၃ )ကြိမ် ၊

ချန်ပီယံလိဂ် ( ၁) ကြိမ် ရယူနိုင်ခဲ့တုန်းကတောင် ရော်နယ်ဒိုဟာ ခံစစ်ပိုင်း

လိုက်ကူလိုစိတ် မရှိတာကြောင့် ဥရောပပွဲစဉ်တွေမှာ သူ့ကို အထောင်

တိုက်စစ်နေရာထားပြီး ခံစစ်ပိုကူနိုင်မယ့် ဝိန်း ရွန်းနီကို ဘယ်ဘက်မှာ

ထားကစားခဲ့ရပါတယ်။ ရော်နယ်ဒိုက ထူးထူးခြားခြား စကေးကြွယ်ဝတဲ့

ကစားသမားပါ ။ ဒါပေမယ့် သူ့ရဲ့ အရာရာရှေ့ဆုံးမှာ ရှိနေလိုတဲ့ သူ့ရဲ့ စိတ်က

ပြဿနာတွေ ဖြစ်စေပါတယ်။ရော်နယ်ဒိုဟာ ချဲလ်ဆီးနဲ့ မော်စကို

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချေပဂိုးသွင်းယူခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ

လွဲချော်ခဲ့တာကြောင့် အနယ်ကာရဲ့ နောက်ဆုံး ပင်နယ်တီကို ‌ဗန်ဒါဆားက

ကာကွယ်ပြီးအသင်းဖော်တွေက ယူနိုက်တက် ပရိသတ်တွေရှေ့

အောင်ပွဲခံနေချိန်မှာတောင် သူက ကွင်းလယ်စည်းမှာ တစ်ယောက်တည်း ငိုနေခဲ့ပါတယ်။

ရော်နယ်ဒိုက ဘယ်တုန်းကမျှ အသင်းလိုက် ကစားသမားမဟုတ်ပါဘူး။

ယနေ့ခေတ်လို pressing က သိသိသာသာ အရေးပါလာချိန်မှာ ဒါက

ပိုလို့ ပြဿနာဖြစ်လာပါတယ်။ သူက ရီးရဲမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ( ၄ ) ကြိမ်

ရယူနိုင်ခဲ့ပြီး အဆုံးအဖြတ်ပေးတဲ့ ဂိုးတွေ များစွာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မက်ဒရစ်က သူ့ကို ထွက်ခွာခွင့်ပေးခဲ့တာ အကြောင်းမဲ့ မဟုတ်ပါဘူး။

သူ့ရဲ့ နောက်ဆုံး ( ၅ ) ရာသီက ဒီအချက်ကို ဖော်ပြနေပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ ( ၃ ) ရာသီအတွင်း လိဂ်ဂိုး ( ၈၁ ) ဂိုးသွင်းယူ

နိုင်ခဲ့ပေမယ့် အသင်းက ပိုလို့ဆိုးသွားပါတယ်။ သူမရောက်ခင်ရာသီက

သွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်ကိုလည်း နောက်ထပ် လိုက်မမီတော့ပါဘူး။

ယူနိုက်တက်မှာလည်း အလားတူ အခြေအနေ ကြုံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက လိဂ်ဂိုး ( ၁၈ ) ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ် ကျဆုံးနေတဲ့

အသင်းမှာတောင် ဒီလောက်သွင်းနိုင်တာပဲဆိုပြီး ဂုဏ်ယူခဲ့ကြသူတွေ ရှိပါတယ်။

ဒါပေမယ့် တကယ်‌တော့ ‌ရော်နယ်ဒိုကိုယ်တိုင် ဖန်တီးလိုက်တဲ့ အဆိပ်ရဲ့

ဖြေဆေး ဖြစ်နေခဲ့တာပါ။ ( ၂၀၂၀/၂၁ ) ရာသီ ရော်နယ်ဒို မပါချိန်မှာ

ယူနိုက်တက်က တိကျတဲ့ ကစားဟန်ရှိခဲ့ပါတယ်။ ခံစစ်ကို လုံလောက်လုပ်ပြီး

လျင်လျင်မြန်မြန် တိုက်စစ်ဆင်တဲ့ ကစားဟန်နဲ့ ဒုတိယနေရာရခဲ့ပြီး ( ၇၃ ) ဂိုး

သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ရောက်လာချိန်မှာတော့ ဒါတွေအားလုံး

ပျောက်ကွယ်သွားပြီး အဆင့် ( ၆ ) နေရာပဲရခဲ့သလို ( ၅၇ ) ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

တင်ဟာ့ခ်က pressing နည်းပြပါ ။သူ့ကို ခန့်အပ်လိုက်ကတည်းက

ရော်နယ်ဒိုကို ‌ဦးစားပေးမလား ၊ ဒါမှမဟုတ် သူ့ကို ဖယ်ထုတ်မလား ဆိုတဲ့

( ၂ ) ချက်ထဲက တစ်ချက်ကို ရွေးရတော့မယ်ဆိုတာ သိသာပါတယ်။

နောက်ဆုံးမှာတော့ ဒုတိယအချက်ကိုပဲ ရွေးလိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ လုပ်ရပ်တွေက တင်ဟာ့ခ်အတွက် ပိုလို့ရွေးချယ်ရ

လွယ်ကူသွားစေပါတယ်။ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးသင့်တယ်လို့

ယူဆထားသူတွေ အတော်လေး နည်းသွားပါတယ်။ ဒီရာသီမှာ ယူနိုက်တက်က

ရော်နယ်ဒိုပါချိန် တစ်ပွဲပျမ်းမျှ ( ၁ ) မှတ်ပဲ ရယူထားနိုင်ပြီး ရော်နယ်ဒို မပါချိန်

( ၂.၂ ) မှတ်ထိ ရယူထားနိုင်တာတွေ့ရပါတယ်။ ရော်နယ်ဒို ပြန်လာမှုက

အသင်းအတွက် အတော်လေး အကုန်အကျများခဲ့ပါတယ်။

နည်းပြ ( ၂ )ဦး ပြိုလဲသွားသလို လူငယ်ကစားသမားတွေများစွာရဲ့

ယုံကြည်မှုကိုလည်း လျော့ကျသွားစေခဲ့ပါတယ်။ ဒါက သွင်းဂိုးတွေ

မှတ်တမ်းတွေအတွက်ပဲ ပစ်မှတ်ထားနေတဲ့ သူ့အတွက်တော့ စိုးရိမ်စရာ မရှိနိုင်ပါဘူး။

ပရိသတ်တွေအနေနဲ့ ရော်နယ်ဒိုရဲ့ ပထမသက်တမ်းအပေါ် အောင်ပွဲခံသင့်ပေမယ့်

နောက်ထပ်တစ်ကြိမ် ပြန်လာမှုကတော့ ကျရှုံးသွားတယ်ဆိုတာ လက်ခံရပါမယ်။

လက်ရှိမှာတော့ ယူနိုက်တက်က ရော်နယ်ဒို အဆုံသတ်သွားပြီဆိုတာ

လက်ခံလိုက်ပါပြီ။ မကြာခင်မှာပဲ သူကိုယ်တိုင်လည်း ဒါကို လက်ခံလာနိုင်ကြောင်းပါ။ ။

zawgyi

ေရာ္နယ္ဒုိ အဆုိးရြားဆုံးအိမ္ျပန္ခရီးျဖစ္ခဲ့တဲ့ အုိးလ္ထရက္ဖို႔ဒ္လမ္းၾကမ္း … မန္ခ်က္ရဲ႕ ၂၀၁၃ ေနာက္ပုိင္း အဆုိးရြားဆုံးဆုံးျဖတ္ခ်က္

ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ပီယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ ဝမ္းနည္းဖို႔

အေကာင္းဆုံးက သူေျပာခဲ့တာေတြ အမ်ားစုဟာ အမွန္တရားေတြ ျဖစ္ေနတာပါ။

သူထြက္သြားခ်ိန္ကတည္းက မန္ယူႏိုက္တက္က ဘာမွ် တိုးတက္လာျခင္း

မရွိေၾကာင္း မွန္မွန္ကန္ကန္ ေထာက္ျပခဲ့ပါတယ္။ ဖာဂူဆန္အလြန္ ယူႏိုက္တက္ရဲ႕

႐ုန္းကန္မႈေတြ အေၾကာင္းေတြကို ေရာ္နယ္ဒိုကို အေကာင္းဆုံး ေထာက္ျပႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ တစ္ဖက္မွာေတာ့ ( ၂၀၁၃ ) ေနာက္ပိုင္း ယူႏိုက္တက္ ျပဳလုပ္ခဲ့တဲ့

အဆိုး႐ြားဆုံး ဆုံးျဖတ္ခ်က္က သူ႔ကို ျပန္ေခၚယူလိုက္တာ ျဖစ္ေနျပန္ပါတယ္။

ေရာ္နယ္ဒိုက သူ ကစားတဲ့ ကလပ္တိုင္းကို မလြဲမေသြ လႊမ္းမိုးထားတတ္သူျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ဖက္မွာလည္း သူက ေဘာလုံးေလာကရဲ႕ အခမ္းနားဆုံး

ကစားသမားတစ္ဦး ျဖစ္ေနျပန္ပါတယ္။ လီယြန္နယ္ မက္ဆီနဲ႔ ႏႈိင္းယွဥ္မႈေတြကလည္း

ေရာ္နယ္ဒိုအတြက္ ပိုလို႔ တြန္းအားျဖစ္ေစႏိုင္ပါတယ္။ ေရာ္နယ္ဒိုက မယုံႏိုင္ဖြယ္

စိတ္ပိုင္းျဖတ္မႈေတြနဲ႔ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ထူးထူးျခားျခားျဖစ္လာေအာင္

ပုံေဖာ္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ တိုးတက္ေအာင္လုပ္ဖို႔

စိတ္ပိုင္းျဖတ္မႈေတြကပဲ သူ႔ကို ယခုလို ဂႏၲဝင္ ကစားသမားတစ္ဦးျဖစ္လာေစခဲ့တာပါ။

ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ ေရွ႕တန္းတင္လြန္းတဲ့ အဲ့ဒီ စိတ္ဓာတ္ေၾကာင့္ပဲ

တခါတေလမွာ အသင္းေဖာ္ေတြအတြက္ ခက္ခဲေစပါတယ္။

တစ္ဖက္မွာလည္း အဆိုပါ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေၾကာင့္ပဲ

သူ႔ရဲ႕ လုပ္ရည္ကိုင္ရည္ေတြ ယိုယြင္းေနၿပီဆိုတာ သေဘာေပါက္ဖို႔

ခက္ခဲေနတာျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေတာ့တင္ဟမ္နဲ႔ ပြဲစဥ္အတြင္း

အရံခုံမွာ ခ်န္လွပ္ျခင္း ခံရတဲ့အေပၚ ‌‌ေဒါသထြက္ခဲ့တာျဖစ္ႏိုင္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူက အရံကစားသမားအေနနဲ႔ ကစားတာဟာ အသင္းအတြက္

အေကာင္းဆုံးျဖစ္တယ္လို႔ မယူဆထားတာ ျဖစ္ႏိုင္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အဲရစ္ တင္ဟာ့ခ္က သူ႔ကို မေလးစားဘူးလို႔

သေဘာေပါက္သြားတာ ျဖစ္ႏိုင္ပါတယ္။ သတင္းေထာက္ Josh Robinson ႏွင့္

Jonathan Clegg တို႔ေရးသားတဲ့ Messi Vs. Ronaldo: One Rivalry,

Two GOATs ဆိုတဲ့ စာအုပ္မွာ ေရာ္နယ္ဒိုနဲ႔ ပတ္သက္လို႔ အေတာ္ေလး

စိတ္ဝင္စားဖို႔ ေကာင္းတဲ့ အခမ္းတစ္ခု ပါဝင္ပါတယ္။ သူက ရီးရဲမက္ဒရစ္နဲ႔

အေအာင္ျမင္ဆုံး အခ်ိန္မွာ ဆယ္ေက်ာ္သက္အ႐ြယ္ စပို႔တင္းမွာတုန္းက

အလုပ္တြဲလုပ္ခဲ့ဖူးတဲ့ အ႐ိုးအေၾကာအသစ္ကုဆရာကို သူ႔ရဲ႕ ေအာင္ျမင္မႈ

ဆုတံဆိပ္ေတြအားလုံး ပရင့္ထုတ္ကာ ျပသၿပီး သူ႔ရဲ႕ ပင္ကိုယ္အရည္အခ်င္းနဲ႔

ဘယ္ေလာက္ထိ လုပ္ျပထားသလဲဆိုတာ သက္ေသျပခဲ့တယ္လို႔ ဆိုထားပါတယ္။

အဲ့ဒီထဲမွာ လစၥဘြန္းကို ေရာက္လာခ်ိန္ နယ္ဘက္ကေလသံနဲ႔

စကားေျပာတတ္လို႔ ေလွာင္ေျပာင္ခံရတဲ့ Madeira ေဒသခံ ဆင္းဆင္းရဲရဲ

လူငယ္ေလးတစ္ဦးရဲ႕ ခံယူခ်က္ကို သြားျမင္ႏိုင္ပါတယ္။

သူ႔ရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးထဲမွာ အတၱဆိုတဲ့ အားနည္းခ်က္ေလး ရွိေနခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ ပထမသက္တမ္းအတြင္း ပရီးမီးယားလိဂ္ ( ၃ )ႀကိမ္ ၊

ခ်န္ပီယံလိဂ္ ( ၁) ႀကိမ္ ရယူႏိုင္ခဲ့တုန္းကေတာင္ ေရာ္နယ္ဒိုဟာ ခံစစ္ပိုင္း

လိုက္ကူလိုစိတ္ မရွိတာေၾကာင့္ ဥေရာပပြဲစဥ္ေတြမွာ သူ႔ကို အေထာင္

တိုက္စစ္ေနရာထားၿပီး ခံစစ္ပိုကူႏိုင္မယ့္ ဝိန္း ႐ြန္းနီကို ဘယ္ဘက္မွာ

ထားကစားခဲ့ရပါတယ္။ ေရာ္နယ္ဒိုက ထူးထူးျခားျခား စေကးႂကြယ္ဝတဲ့

ကစားသမားပါ ။ ဒါေပမယ့္ သူ႔ရဲ႕ အရာရာေရွ႕ဆုံးမွာ ရွိေနလိုတဲ့ သူ႔ရဲ႕ စိတ္က

ျပႆနာေတြ ျဖစ္ေစပါတယ္။ေရာ္နယ္ဒိုဟာ ခ်ဲလ္ဆီးနဲ႔ ေမာ္စကို

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ေခ်ပဂိုးသြင္းယူခဲ့ေပမယ့္ ပင္နယ္တီ အဆုံးအျဖတ္မွာ

လြဲေခ်ာ္ခဲ့တာေၾကာင့္ အနယ္ကာရဲ႕ ေနာက္ဆုံး ပင္နယ္တီကို ‌ဗန္ဒါဆားက

ကာကြယ္ၿပီးအသင္းေဖာ္ေတြက ယူႏိုက္တက္ ပရိသတ္ေတြေရွ႕

ေအာင္ပြဲခံေနခ်ိန္မွာေတာင္ သူက ကြင္းလယ္စည္းမွာ တစ္ေယာက္တည္း ငိုေနခဲ့ပါတယ္။

ေရာ္နယ္ဒိုက ဘယ္တုန္းကမွ် အသင္းလိုက္ ကစားသမားမဟုတ္ပါဘူး။

ယေန႔ေခတ္လို pressing က သိသိသာသာ အေရးပါလာခ်ိန္မွာ ဒါက

ပိုလို႔ ျပႆနာျဖစ္လာပါတယ္။ သူက ရီးရဲမက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ( ၄ ) ႀကိမ္

ရယူႏိုင္ခဲ့ၿပီး အဆုံးအျဖတ္ေပးတဲ့ ဂိုးေတြ မ်ားစြာ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ မက္ဒရစ္က သူ႔ကို ထြက္ခြာခြင့္ေပးခဲ့တာ အေၾကာင္းမဲ့ မဟုတ္ပါဘူး။

သူ႔ရဲ႕ ေနာက္ဆုံး ( ၅ ) ရာသီက ဒီအခ်က္ကို ေဖာ္ျပေနပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္နဲ႔ ( ၃ ) ရာသီအတြင္း လိဂ္ဂိုး ( ၈၁ ) ဂိုးသြင္းယူ

ႏိုင္ခဲ့ေပမယ့္ အသင္းက ပိုလို႔ဆိုးသြားပါတယ္။ သူမေရာက္ခင္ရာသီက

သြင္းယူႏိုင္ခဲ့တဲ့ ဂိုးအေရအတြက္ကိုလည္း ေနာက္ထပ္ လိုက္မမီေတာ့ပါဘူး။

ယူႏိုက္တက္မွာလည္း အလားတူ အေျခအေန ႀကဳံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ရာသီတုန္းက လိဂ္ဂိုး ( ၁၈ ) ဂိုးသြင္းယူႏိုင္ခဲ့တဲ့အေပၚ က်ဆုံးေနတဲ့

အသင္းမွာေတာင္ ဒီေလာက္သြင္းႏိုင္တာပဲဆိုၿပီး ဂုဏ္ယူခဲ့ၾကသူေတြ ရွိပါတယ္။

ဒါေပမယ့္ တကယ္‌ေတာ့ ‌ေရာ္နယ္ဒိုကိုယ္တိုင္ ဖန္တီးလိုက္တဲ့ အဆိပ္ရဲ႕

ေျဖေဆး ျဖစ္ေနခဲ့တာပါ။ ( ၂၀၂၀/၂၁ ) ရာသီ ေရာ္နယ္ဒို မပါခ်ိန္မွာ

ယူႏိုက္တက္က တိက်တဲ့ ကစားဟန္ရွိခဲ့ပါတယ္။ ခံစစ္ကို လုံေလာက္လုပ္ၿပီး

လ်င္လ်င္ျမန္ျမန္ တိုက္စစ္ဆင္တဲ့ ကစားဟန္နဲ႔ ဒုတိယေနရာရခဲ့ၿပီး ( ၇၃ ) ဂိုး

သြင္းယူႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒို ေရာက္လာခ်ိန္မွာေတာ့ ဒါေတြအားလုံး

ေပ်ာက္ကြယ္သြားၿပီး အဆင့္ ( ၆ ) ေနရာပဲရခဲ့သလို ( ၅၇ ) ဂိုးပဲ သြင္းယူႏိုင္ခဲ့ပါတယ္။

တင္ဟာ့ခ္က pressing နည္းျပပါ ။သူ႔ကို ခန႔္အပ္လိုက္ကတည္းက

ေရာ္နယ္ဒိုကို ‌ဦးစားေပးမလား ၊ ဒါမွမဟုတ္ သူ႔ကို ဖယ္ထုတ္မလား ဆိုတဲ့

( ၂ ) ခ်က္ထဲက တစ္ခ်က္ကို ေ႐ြးရေတာ့မယ္ဆိုတာ သိသာပါတယ္။

ေနာက္ဆုံးမွာေတာ့ ဒုတိယအခ်က္ကိုပဲ ေ႐ြးလိုက္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ လုပ္ရပ္ေတြက တင္ဟာ့ခ္အတြက္ ပိုလို႔ေ႐ြးခ်ယ္ရ

လြယ္ကူသြားေစပါတယ္။ ေရာ္နယ္ဒိုကို ပြဲထြက္ခြင့္ေပးသင့္တယ္လို႔

ယူဆထားသူေတြ အေတာ္ေလး နည္းသြားပါတယ္။ ဒီရာသီမွာ ယူႏိုက္တက္က

ေရာ္နယ္ဒိုပါခ်ိန္ တစ္ပြဲပ်မ္းမွ် ( ၁ ) မွတ္ပဲ ရယူထားႏိုင္ၿပီး ေရာ္နယ္ဒို မပါခ်ိန္

( ၂.၂ ) မွတ္ထိ ရယူထားႏိုင္တာေတြ႕ရပါတယ္။ ေရာ္နယ္ဒို ျပန္လာမႈက

အသင္းအတြက္ အေတာ္ေလး အကုန္အက်မ်ားခဲ့ပါတယ္။

နည္းျပ ( ၂ )ဦး ၿပိဳလဲသြားသလို လူငယ္ကစားသမားေတြမ်ားစြာရဲ႕

ယုံၾကည္မႈကိုလည္း ေလ်ာ့က်သြားေစခဲ့ပါတယ္။ ဒါက သြင္းဂိုးေတြ

မွတ္တမ္းေတြအတြက္ပဲ ပစ္မွတ္ထားေနတဲ့ သူ႔အတြက္ေတာ့ စိုးရိမ္စရာ မရွိႏိုင္ပါဘူး။

ပရိသတ္ေတြအေနနဲ႔ ေရာ္နယ္ဒိုရဲ႕ ပထမသက္တမ္းအေပၚ ေအာင္ပြဲခံသင့္ေပမယ့္

ေနာက္ထပ္တစ္ႀကိမ္ ျပန္လာမႈကေတာ့ က်ရႈံးသြားတယ္ဆိုတာ လက္ခံရပါမယ္။

လက္ရွိမွာေတာ့ ယူႏိုက္တက္က ေရာ္နယ္ဒို အဆုံသတ္သြားၿပီဆိုတာ

လက္ခံလိုက္ပါၿပီ။ မၾကာခင္မွာပဲ သူကိုယ္တိုင္လည္း ဒါကို လက္ခံလာႏိုင္ေၾကာင္းပါ။ ။