M Diary Channel

Local and Sport News

ရော်နာလ်ဒို မန်ယူကို ပြန်လာတဲ့အပေါ် မျက်ခုံးလှုပ်နေတဲ့ မန်စီးတီးကစားသမား

မန်ယူအသင်းထံကို ခရစ္စတီယာနို ရော်နာလ်ဒို ပြန်လည်ရောက်ရှိလာတာနဲ့

ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဘာနာလ်ဒိုဆေးလ်ဗားကတော့

မျက်ခုံးလှုပ်နေပုံရပါတယ်။ ဆေးလ်ဗားဟာ ပေါ်တူဂီအသင်းမှာ ရော်နာလ်ဒို နဲ့

တွဲဖက်နေတဲ့ နိုင်ငံအသင်းဖော် ကစားသမားတစ်ဦးဖြစ်ပါတယ်။

နွေရာစီဈေးကွက်မှာ ၎င်းတို့ မန်စီးတီးအသင်းထံ ရောက်ရှိလာမယ်လို့

သတင်းတွေထွက်ပြီးမှ အသင်းဟောင်း မန်ယူအသင်းထံ ပြန်သွားတဲ့ စီနီယာ

ကစားသမား ရော်နာလ်ဒို နဲ့ ပတ်သက်ပြီး ဆေးလ်ဗားကတော့ အခုလိုဖွင့်ဟပါတယ်။

” သူ အနေနဲ့ အသင်းဟောင်းကို ပြန်ရောက်သွားတာ ကောင်းပါတယ်။

သူ့အတွက်ရော မန်ယူအသင်းအတွက်ရော ကောင်းတာပေါ့။

ကျွန်တော်တို့အတွက်ကတော့ လုံးဝမကောင်းဘူးဗျ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ ..

ဒါက သူ့ရွေးချယ်မှုပဲ။ သူက ငယ်ဘဝမှာကတည်းက အဲ့ဒီအသင်းနဲ့အတူ

အချိန်ကောင်းတွေ ပိုင်ဆိုင်ခဲ့ဖူးတာပဲ။ အခု သူ့ရဲ့ ကစားသမားဘဝ

အဆုံးသတ်ခါနီးမှာလည်း အဲ့ဒီအသင်းထံကို ပြန်သွားခဲ့တယ်ပေါ့။

တကယ်တမ်းကျတော့ ဒီလိုသာပြောရတာ .. သူ ဘယ်အချိန်မှ ကစားသမားဘဝက

အနားယူမလဲဆိုတာ ကျွန်တော်လည်း မခန့်မှန်းနိုင်ဘူး။ ထားပါတော့ .. ”

” ကလပ်အသင်းမှာတော့ သူ့ကို ကျွန်တော်တို့ အနိုင်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အဲ့ဒီအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ဆေးလ်ဗားကဆိုပါတယ်။

မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ဟာ နောက်လ (၆) ရက်နေ့ အိုးလ်ထရက်ဒ်ဖို့ဒ်

ကွင်းမှာ မန်ချက်စတာဒါဘီ ပွဲစဥ်အဖြစ်ယှဥ်ပြိုင်ဖို့ရှိနေပါတယ်။

ရော်နာလ်ဒိုဟာ လက်ရှိ ပရီးမီးယားလိဂ် (၄) ပွဲ ကစားပြီးချိန်မှာ (၃) ဂိုး

သွင်းယူထားသလို မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီ (၅−၀) လူဇင်ဘတ်

ပွဲစဥ်မှာလည်း ကစားသမားဘဝ (၅၈) ကြိမ်မြောက်နဲ့  နိုင်ငံအသင်းနဲ့အတူ

(၁၀) ကြိမ်မြောက်ဖြစ်တဲ့ ဟက်ထရစ်ကို ရယူနိုင်ခဲ့ပါသေးတယ်။

zawgyi

မန္ယူအသင္းထံကို ခရစၥတီယာႏို ေရာ္နာလ္ဒို ျပန္လည္ေရာက္ရွိလာတာနဲ႔

ပတ္သက္ၿပီး မန္စီးတီးအသင္းရဲ႕ ေတာင္ပံကစားသမား ဘာနာလ္ဒိုေဆးလ္ဗားကေတာ့

မ်က္ခုံးလႈပ္ေနပုံရပါတယ္။ ေဆးလ္ဗားဟာ ေပၚတူဂီအသင္းမွာ ေရာ္နာလ္ဒို နဲ႔

တြဲဖက္ေနတဲ့ ႏိုင္ငံအသင္းေဖာ္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

ေႏြရာစီေဈးကြက္မွာ ၎တို႔ မန္စီးတီးအသင္းထံ ေရာက္ရွိလာမယ္လို႔

သတင္းေတြထြက္ၿပီးမွ အသင္းေဟာင္း မန္ယူအသင္းထံ ျပန္သြားတဲ့ စီနီယာ

ကစားသမား ေရာ္နာလ္ဒို နဲ႔ ပတ္သက္ၿပီး ေဆးလ္ဗားကေတာ့ အခုလိုဖြင့္ဟပါတယ္။

” သူ အေနနဲ႔ အသင္းေဟာင္းကို ျပန္ေရာက္သြားတာ ေကာင္းပါတယ္။

သူ႔အတြက္ေရာ မန္ယူအသင္းအတြက္ေရာ ေကာင္းတာေပါ့။

ကြၽန္ေတာ္တို႔အတြက္ကေတာ့ လုံးဝမေကာင္းဘူးဗ်။ ဒါေပမယ့္ မတတ္ႏိုင္ဘူးေလ ..

ဒါက သူ႔ေ႐ြးခ်ယ္မႈပဲ။ သူက ငယ္ဘဝမွာကတည္းက အဲ့ဒီအသင္းနဲ႔အတူ

အခ်ိန္ေကာင္းေတြ ပိုင္ဆိုင္ခဲ့ဖူးတာပဲ။ အခု သူ႔ရဲ႕ ကစားသမားဘဝ

အဆုံးသတ္ခါနီးမွာလည္း အဲ့ဒီအသင္းထံကို ျပန္သြားခဲ့တယ္ေပါ့။

တကယ္တမ္းက်ေတာ့ ဒီလိုသာေျပာရတာ .. သူ ဘယ္အခ်ိန္မွ ကစားသမားဘဝက

အနားယူမလဲဆိုတာ ကြၽန္ေတာ္လည္း မခန႔္မွန္းႏိုင္ဘူး။ ထားပါေတာ့ .. ”

” ကလပ္အသင္းမွာေတာ့ သူ႔ကို ကြၽန္ေတာ္တို႔ အႏိုင္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

အဲ့ဒီအတြက္လည္း အစြမ္းကုန္ႀကိဳးစားသြားမွာပါ” လို႔ ေဆးလ္ဗားကဆိုပါတယ္။

မန္ယူအသင္း နဲ႔ မန္စီးတီးအသင္းတို႔ဟာ ေနာက္လ (၆) ရက္ေန႔ အိုးလ္ထရက္ဒ္ဖို႔ဒ္

ကြင္းမွာ မန္ခ်က္စတာဒါဘီ ပြဲစဥ္အျဖစ္ယွဥ္ၿပိဳင္ဖို႔ရွိေနပါတယ္။

ေရာ္နာလ္ဒိုဟာ လက္ရွိ ပရီးမီးယားလိဂ္ (၄) ပြဲ ကစားၿပီးခ်ိန္မွာ (၃) ဂိုး

သြင္းယူထားသလို မေန႔ညက ကစားခဲ့တဲ့ ေပၚတူဂီ (၅−၀) လူဇင္ဘတ္

ပြဲစဥ္မွာလည္း ကစားသမားဘဝ (၅၈) ႀကိမ္ေျမာက္နဲ႔  ႏိုင္ငံအသင္းနဲ႔အတူ

(၁၀) ႀကိမ္ေျမာက္ျဖစ္တဲ့ ဟက္ထရစ္ကို ရယူႏိုင္ခဲ့ပါေသးတယ္။mdiarymm

mdiarymm