
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ ဂန္ထဝင်
တိုက်စစ်မှူးရွန်နီနောက်ပိုင်း အသင်းအတွက် ဂိုး(၁၀၀)ပြည့်သွင်းနိုင်ခဲ့တဲ့
ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။
အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ဝက်စ်ဟမ်းအသင်းကို
(၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊ ပထမပိုင်း (၃၈)မိနစ်မှာ အဲရစ်ဆင် ဖြတ်တင်
ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒါက သူ့ရဲ့
ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုး(၁၀၀)မြောက်လည်းဖြစ်ခဲ့ပါတယ်။
အခုဆိုရင် ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ (၇)ဂိုးသွင်းယူထားပြီး ယူနိုက်တက်
အသင်းသမိုင်းမှာ သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့ (၂၂)ဦးမြောက်ကစားသမား
ဖြစ်လာပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်အတွက် ပွဲပေါင်း(၃၁၈)ပွဲ
ကစားပြီးချိန်မှာ သွင်းဂိုး(၁၀၀)ပြည့်ခဲ့ပြီး ပရီးမီးယားလိဂ် (၆၃)ဂိုး၊
FA ဖလား(၇)ဂိုး၊ လိဂ်ဖလားပြိုင်ပွဲမှာ (၈)ဂိုး၊ ချန်ပီယံလိဂ်နဲ့
ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ (၂၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် ၂၀၀၄ ကနေ ၂၀၁၈ ခုနှစ်အထိကစားခဲ့ပြီး
ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားအောင်မြင်မှုတွေ
ရယူခဲ့သူ ရွန်နီဟာ ၂၀၀၉ ခုနှစ်တုန်းက ဝီဂန်နဲ့ကစားခဲ့တဲ့ပွဲမှာ
သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့အပြင် ယူနိုက်တက်ကစားသမားဘဝတစ်လျှောက်
(၂၅၃)ဂိုးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
zawgyi
႐ြန္နီေနာက္ပိုင္း ယူႏိုက္တက္အတြက္ သြင္းဂိုး(၁၀၀)ျပည့္ခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာသူ ရပ္ရွ္ဖို႔ဒ္
မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ ဂႏၴဝင္
တိုက္စစ္မႉး႐ြန္နီေနာက္ပိုင္း အသင္းအတြက္ ဂိုး(၁၀၀)ျပည့္သြင္းႏိုင္ခဲ့တဲ့
ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။
အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရပ္ရွ္ဖို႔ဒ္ဟာ ဝက္စ္ဟမ္းအသင္းကို
(၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲ၊ ပထမပိုင္း (၃၈)မိနစ္မွာ အဲရစ္ဆင္ ျဖတ္တင္
ေပးလိုက္တဲ့ ေဘာလုံးကို ေခါင္းတိုက္သြင္းယူခဲ့ၿပီး ဒါက သူ႔ရဲ႕
ယူႏိုက္တက္ကစားသမားဘ၀ သြင္းဂိုး(၁၀၀)ေျမာက္လည္းျဖစ္ခဲ့ပါတယ္။
အခုဆိုရင္ ရပ္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာ (၇)ဂိုးသြင္းယူထားၿပီး ယူႏိုက္တက္
အသင္းသမိုင္းမွာ သြင္းဂိုး(၁၀၀)ျပည့္ခဲ့တဲ့ (၂၂)ဦးေျမာက္ကစားသမား
ျဖစ္လာပါတယ္။ ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ယူႏိုက္တက္အတြက္ ပြဲေပါင္း(၃၁၈)ပြဲ
ကစားၿပီးခ်ိန္မွာ သြင္းဂိုး(၁၀၀)ျပည့္ခဲ့ၿပီး ပရီးမီးယားလိဂ္ (၆၃)ဂိုး၊
FA ဖလား(၇)ဂိုး၊ လိဂ္ဖလားၿပိဳင္ပြဲမွာ (၈)ဂိုး၊ ခ်န္ပီယံလိဂ္နဲ႔
ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြမွာ (၂၂)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းအတြက္ ၂၀၀၄ ကေန ၂၀၁၈ ခုႏွစ္အထိကစားခဲ့ၿပီး
ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္အပါအဝင္ ဆုဖလားေအာင္ျမင္မႈေတြ
ရယူခဲ့သူ ႐ြန္နီဟာ ၂၀၀၉ ခုႏွစ္တုန္းက ဝီဂန္နဲ႔ကစားခဲ့တဲ့ပြဲမွာ
သြင္းဂိုး(၁၀၀)ျပည့္ခဲ့တဲ့အျပင္ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္
(၂၅၃)ဂိုးနဲ႔ ဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။