ရှုံးပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှ ပထမဆုံးအကြိမ် ဖွင့်ချမှုပြုလုပ်လာတဲ့ စီရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ဘရိုက်တန်ကို

အံ့ဩသင့်ဖွယ်ရှုံးနိမ့်ပြီးနောက် ဆိုရှယ်မီဒီယာကိုအသုံးချကာဖွင့်ချမှု

ပြုလုပ်လာပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းက

အိုးထရက်ဖို့ဒ်ကွင်းတွင်ဘရိုက်တန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ရဲ့ထိုင်း၊

ဩစတြေးလျရာသီကြိုခြေစမ်းပွဲခရီးစဉ်သို့လိုက်ပါခဲ့ခြင်းမရှိမှုနဲ့အတူ

ဘရိုက်တန်နှင့်ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။

သူဟာဘရိုက်တန်ကို၂-ဝဂိုးဖြင့်ရှုံးနိမ့်နေတဲ့ပွဲချိန်၅၃မိနစ်တွင်မှ

ဖရက်အစားလူစားဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။

ယူနိုက်တက်ဟာချေပဂိုးတစ်ဂိုးရရှိခဲ့ပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ

အသင်းအတွက်အမှတ်ရအောင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်လေ့ကျင့်ရေးကွင်းတွင်

ပြေးလွှားနေတဲ့ဓာတ်ပုံတစ်ပုံကိုတင်ပြီး”Hard work always pays off” ဆိုပြီး

ရေးသားကာပို့စ်တင်လာပါတယ်။ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ

ယခုအပတ်အကုန်တွင်ကစားရမယ့်ဘရန့်ဖို့ဒ်နှင့်အဝေးကွင်းပွဲစဉ်တွင်တော့

ခရစ္စတီယာနိုရော်နယ်ဒိုကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာဖို့ရှိပါတယ်။

zawgyi

႐ႈံးပြဲအၿပီး ဆုိရွယ္မီဒီယာေပၚမွ ပထမဆုံးအႀကိမ္ ဖြင့္ခ်မႈျပဳလုပ္လာတဲ့ စီေရာ္နယ္ဒုိ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ဘ႐ိုက္တန္ကို

အံ့ဩသင့္ဖြယ္ရႈံးနိမ့္ၿပီးေနာက္ ဆိုရွယ္မီဒီယာကိုအသုံးခ်ကာဖြင့္ခ်မႈ

ျပဳလုပ္လာပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာတနဂၤေႏြေန႔တုန္းက

အိုးထရက္ဖို႔ဒ္ကြင္းတြင္ဘ႐ိုက္တန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ရဲ႕ထိုင္း၊

ဩစေၾတးလ်ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္သို႔လိုက္ပါခဲ့ျခင္းမရွိမႈနဲ႔အတူ

ဘ႐ိုက္တန္ႏွင့္ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။

သူဟာဘ႐ိုက္တန္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ေနတဲ့ပြဲခ်ိန္၅၃မိနစ္တြင္မွ

ဖရက္အစားလူစားဝင္ေရာက္ကစားခြင့္ရခဲ့ပါတယ္။

ယူႏိုက္တက္ဟာေခ်ပဂိုးတစ္ဂိုးရရွိခဲ့ေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

အသင္းအတြက္အမွတ္ရေအာင္လုပ္ေဆာင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ေလ့က်င့္ေရးကြင္းတြင္

ေျပးလႊားေနတဲ့ဓာတ္ပုံတစ္ပုံကိုတင္ၿပီး”Hard work always pays off” ဆိုၿပီး

ေရးသားကာပို႔စ္တင္လာပါတယ္။ ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ

ယခုအပတ္အကုန္တြင္ကစားရမယ့္ဘရန႔္ဖို႔ဒ္ႏွင့္အေဝးကြင္းပြဲစဥ္တြင္ေတာ့

ခရစၥတီယာႏိုေရာ္နယ္ဒိုကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳလာဖို႔ရွိပါတယ္။