M Diary Channel

Local and Sport News

လက်စတာကွင်းလယ်လူအန်ဒီဒီကို လာမယ့်ဇန်နဝါရီမှာကြိုးပမ်းဖို့ ယူနိုက်တက်စီစဉ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကွင်းလယ်လူအန်ဒီဒီကို

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကျရင်ကြိုးပမ်းဖို့ စီစဉ်နေတယ်ဆိုပြီး

The Hard Tackle ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ

ပြီးခဲ့တဲ့နွေရာသီကာလတုန်းက စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းတို့ကိုခေါ်ယူခဲ့ပြီး

ဖြစ်ပေမယ့် ဆိုးလ်ရှားက ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးကိုခေါ်ယူဖို့

ဆန္ဒရှိနေဆဲဖြစ်ပြီး အဲဒီနေရာအတွက် ထိပ်တန်းကစားသမားတချို့ကို

ပစ်မှတ်ထားနေသလို အခု လက်စတာကွင်းလယ်လူအန်ဒီဒီလည်း

ပါဝင်လာတာဖြစ်ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်အသင်းမှာ

ပေ့ါဘာက အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့မသေမချာဖြစ်နေပြီး မာတစ်က

အသက်အရွယ်ကြောင့်ခြေစွမ်းပိုင်းကျဆင်းလာတဲ့အပြင် တွမ်မီးနေး၊

ဖရက်ဒ်အတွဲကလည်း အားကိုးလို့မရတာကြောင့် ကွင်းလယ်လူတစ်ဦး

မဖြစ်မနေအားဖြည့်ရမယ့်အနေအထားဖြစ်နေပါပြီ။ အသက်(၂၄)နှစ်အရွယ်

ရှိပြီဖြစ်သူ အန်ဒီဒီဟာ ၂၀၁၇ ခုနှစ်တုန်းက ဘယ်လ်ဂျီယံကလပ်

KRC ဂျန့်အသင်းကနေ လက်စတာအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပြီး

အသင်းရဲ့အဓိက,ကွင်းလယ်လူအဖြစ်ပါဝင်ကစားနေသလို စုစုပေါင်း

(၁၈၅)ပွဲကစား၊ (၉)ဂိုးသွင်းယူထားပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့

လာမယ့်ဇန်နဝါရီမှာ အန်ဒီဒီကို ကြိုးပမ်းဖို့ပြင်ဆင်နေပေမယ့်

လက်စတာအသင်းကတော့ ရာသီဝက်ကာလမှာ သူတို့ရဲ့အဓိက,

ကစားသမားတစ်ဦးကို လက်လွှတ်ခံဖို့ဆန္ဒမရှိလောက်ပါဘူး။

zawgyi

လက္စတာကြင္းလယ္လူအန္ဒီဒီကို လာမယ့္ဇန္နဝါရီမွာႀကိဳးပမ္းဖို႔ ယူႏိုက္တက္စီစဥ္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္စတာကြင္းလယ္လူအန္ဒီဒီကို

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္က်ရင္ႀကိဳးပမ္းဖို႔ စီစဥ္ေနတယ္ဆိုၿပီး

The Hard Tackle ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ၿပီးခဲ့တဲ့ေႏြရာသီကာလတုန္းက စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းတို႔ကိုေခၚယူခဲ့ၿပီး

ျဖစ္ေပမယ့္ ဆိုးလ္ရွားက ကမာၻ႔အဆင့္ကြင္းလယ္လူတစ္ဦးကိုေခၚယူဖို႔

ဆႏၵရွိေနဆဲျဖစ္ၿပီး အဲဒီေနရာအတြက္ ထိပ္တန္းကစားသမားတခ်ိဳ႕ကို

ပစ္မွတ္ထားေနသလို အခု လက္စတာကြင္းလယ္လူအန္ဒီဒီလည္း

ပါဝင္လာတာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းမွာ

ေပ့ါဘာက အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔မေသမခ်ာျဖစ္ေနၿပီး မာတစ္က

အသက္အ႐ြယ္ေၾကာင့္ေျခစြမ္းပိုင္းက်ဆင္းလာတဲ့အျပင္ တြမ္မီးေနး၊

ဖရက္ဒ္အတြဲကလည္း အားကိုးလို႔မရတာေၾကာင့္ ကြင္းလယ္လူတစ္ဦး

မျဖစ္မေနအားျဖည့္ရမယ့္အေနအထားျဖစ္ေနပါၿပီ။ အသက္(၂၄)ႏွစ္အ႐ြယ္

ရွိၿပီျဖစ္သူ အန္ဒီဒီဟာ ၂၀၁၇ ခုႏွစ္တုန္းက ဘယ္လ္ဂ်ီယံကလပ္

KRC ဂ်န႔္အသင္းကေန လက္စတာအသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး

အသင္းရဲ႕အဓိက,ကြင္းလယ္လူအျဖစ္ပါဝင္ကစားေနသလို စုစုေပါင္း

(၁၈၅)ပြဲကစား၊ (၉)ဂိုးသြင္းယူထားပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔

လာမယ့္ဇန္နဝါရီမွာ အန္ဒီဒီကို ႀကိဳးပမ္းဖို႔ျပင္ဆင္ေနေပမယ့္

လက္စတာအသင္းကေတာ့ ရာသီဝက္ကာလမွာ သူတို႔ရဲ႕အဓိက,

ကစားသမားတစ္ဦးကို လက္လႊတ္ခံဖို႔ဆႏၵမရွိေလာက္ပါဘူး။mdiarymm

mdiarymm