M Diary Channel

Local and Sport News

လက်စတာနဲ့ပွဲမှာ ပြင်သစ်ကတုံး မပါဝင်ခဲ့တဲ့အကြောင်းရင်း . . .

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့

တိုက်စစ်ကစားသမားမာစီယဲလ်ဟာ နိုင်ငံအသင်းအတွက်ပါဝင်ကစားရင်း

ဒဏ်ရာရရှိခဲ့တာကြောင့် လက်စတာအသင်းနဲ့ကစားခဲ့တဲ့ပွဲကို လွဲချော်ခဲ့တာ

ဖြစ်တယ်လို့ရှင်းလင်းပြောဆိုလိုက်ပါတယ်။ လက်စတာအသင်းနဲ့ပွဲမှာ

ဆိုးလ်ရှားဟာ အဲဗာတန်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲက လူစာရင်းကို

(၅)နေရာအပြောင်းအလဲလုပ်ခဲ့ပြီး အဓိကတိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုကို

ပွဲထွက်ကစားသမားအဖြစ် ပြန်လည်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်

အသင်းရဲ့အရန်လူစာရင်းထဲမှာ ပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲတုန်းကဂိုးသွင်းခဲ့တဲ့

မာစီယဲလ်မပါဝင်ခဲ့လို့ အသင်းကနေ မာစီယဲလ်ထွက်တော့မှာလားဆိုတဲ့

မေးခွန်းတွေထွက်ပေါ်ခဲ့ပေမယ့် ဆိုးလ်ရှားက ပြင်သစ်အသင်းအတွက်ကစားခဲ့တဲ့ပွဲမှာ

မာစီယဲလ် ဒဏ်ရာရရှိခဲ့တာကြောင့်မပါဝင်နိုင်ခဲ့တာဖြစ်တယ်ဆိုပြီးဖြေရှင်းခဲ့တာပါ။

ဆိုးလ်ရှားက “မာစီယဲလ်ဟာ ပြင်သစ်အသင်းအတွက်ကစားအပြီး အသင်းဆီ

ပြန်ရောက်လာချိန်မှာ ကြံ့ခိုင်မှုအပြည့်အဝမရှိဘဲ လေ့ကျင့်ခန်းလည်းမဆင်းနိုင်ခဲ့ပါဘူး။

မကြာခင်မှာတော့ အသင်းအတွက် မာစီယဲလ် ပါဝင်ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်”လို့

ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်စတာအသင်းနဲ့ပွဲမှာ (၄-၂)ဂိုးနဲ့

အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို

အသင်းရဲ့ ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲမရှိမှတ်တမ်းကလည်း (၂၉)ပွဲမှာ

ရပ်တန့်ခဲ့ပြီဖြစ်ပါတယ်။

zawgyi

လက္စတာနဲ႔ပြဲမွာ ျပင္သစ္ကတုံး မပါဝင္ခဲ့တဲ့အေၾကာင္းရင္း . . .

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက အသင္းရဲ႕

တိုက္စစ္ကစားသမားမာစီယဲလ္ဟာ ႏိုင္ငံအသင္းအတြက္ပါဝင္ကစားရင္း

ဒဏ္ရာရရွိခဲ့တာေၾကာင့္ လက္စတာအသင္းနဲ႔ကစားခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့တာ

ျဖစ္တယ္လို႔ရွင္းလင္းေျပာဆိုလိုက္ပါတယ္။ လက္စတာအသင္းနဲ႔ပြဲမွာ

ဆိုးလ္ရွားဟာ အဲဗာတန္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲက လူစာရင္းကို

(၅)ေနရာအေျပာင္းအလဲလုပ္ခဲ့ၿပီး အဓိကတိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုကို

ပြဲထြက္ကစားသမားအျဖစ္ ျပန္လည္အသုံးျပဳခဲ့ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္

အသင္းရဲ႕အရန္လူစာရင္းထဲမွာ ၿပီးခဲ့တဲ့အဲဗာတန္နဲ႔ပြဲတုန္းကဂိုးသြင္းခဲ့တဲ့

မာစီယဲလ္မပါဝင္ခဲ့လို႔ အသင္းကေန မာစီယဲလ္ထြက္ေတာ့မွာလားဆိုတဲ့

ေမးခြန္းေတြထြက္ေပၚခဲ့ေပမယ့္ ဆိုးလ္ရွားက ျပင္သစ္အသင္းအတြက္ကစားခဲ့တဲ့ပြဲမွာ

မာစီယဲလ္ ဒဏ္ရာရရွိခဲ့တာေၾကာင့္မပါဝင္ႏိုင္ခဲ့တာျဖစ္တယ္ဆိုၿပီးေျဖရွင္းခဲ့တာပါ။

ဆိုးလ္ရွားက “မာစီယဲလ္ဟာ ျပင္သစ္အသင္းအတြက္ကစားအၿပီး အသင္းဆီ

ျပန္ေရာက္လာခ်ိန္မွာ ႀကံ့ခိုင္မႈအျပည့္အဝမရွိဘဲ ေလ့က်င့္ခန္းလည္းမဆင္းႏိုင္ခဲ့ပါဘူး။

မၾကာခင္မွာေတာ့ အသင္းအတြက္ မာစီယဲလ္ ပါဝင္ကစားႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္”လို႔

ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ လက္စတာအသင္းနဲ႔ပြဲမွာ (၄-၂)ဂိုးနဲ႔

အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့သလို

အသင္းရဲ႕ ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲမရွိမွတ္တမ္းကလည္း (၂၉)ပြဲမွာ

ရပ္တန႔္ခဲ့ၿပီျဖစ္ပါတယ္။mdiarymm

mdiarymm