ချာလ်တန်ကို အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ မန်ယူအတွက်
အဖွင့်ဂိုးကို လှလှပပ သပ်သပ်ရပ်ရပ်နဲ့ ဝေ့ဝိုက်ပြီး ကန်သွင်းပြနိုင်ခဲ့တဲ့
တိုက်စစ်မှူး အန် တိုနီအပေါ် မန်ယူပရိသတ်တွေ ချီးမွမ်းပြီး
လိုင်းပေါ်မှာ ဂုဏ်ဆာနေကြပြီဖြစ် ပါတယ်။ ချာလ်တန်နဲ့
ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာ မန်ယူဟာ နောက်တစ်ဆင့်တက်ဖို့
ရေပန်းစားတဲ့အသင်းဖြစ်ပြီး တကယ်တမ်း ပွဲကစားတော့လည်း
နည်းပြတန်ဟတ်ရဲ့ အသင်းကသာ လွှမ်းမိုးခဲ့တာဖြစ်ပါတယ်။
လာမယ့် ပရီး မီးယားလိဂ် ပွဲစဉ်မှာ မြို့ခံပြိုင်ဘက်ကြီး မန်စီးတီးနဲ့
ရင်ဆိုင်ရမှာဖြစ်တာ ကြောင့် အေဂျက်ဇ်နည်းပြဟောင်းဟာ
အသင်းကို ကစားသမားအပြောင်း အလဲတွေ အများကြီး လုပ်ခဲ့ပြီး
ချာလ်တန်ကို ရင်ဆိုင်သွားခဲ့တာပါ။ ဒါပေမဲ့ ပေါင် ၈၆ သန်း
တန်ကြေးရှိတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့
တိုက်စစ်မှူး အန်တိုနီကိုတော့ ဒီပွဲရဲ့ ပွဲဦးထွက်စာရင်းမှာ
ထုတ်သုံးခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ
ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့အတွက် ဘုန်းမောက်နဲ့ ပွဲစဉ်ကို
လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ သူ့ရဲ့
အားနည်းတဲ့ ညာခြေနဲ့ ဂိုးသွင်းနိုင်ခဲ့သလို အခု ချာလ်တန်နဲ့
ပွဲမှာတော့ လှပတဲ့ သွင်းဂိုး တစ် ဂိုးကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။
ဒီဂိုးကိုတော့ ဘရာဇီးအသင်းဖော် ဖရက်ရဲ့ပေးပို့ မှုကနေတစ်ဆင့်
ပင်နယ်တီဧရိယာ ထိပ်ထားကနေ အန်တိုနီက ဘယ်ခြေနဲ့
ဝေ့ဝိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီသွင်းဂိုးနဲ့
ပတ်သက်ပြီး သရဲနီ ပရိသတ်တွေကတော့ အွန်လိုင်းပေါ်မှာ
ချက်ချင်းဆိုသလို ချီးမွမ်းပြခဲ့ ကြပါတယ်။ ‘’FIFA ဂိမ်းထဲမှာ
R1 နှိပ်ထားပြီး ကန်လိုက်သလိုပဲကွာ။ ဘယ်လို မှ
တားလို့ မရတော့ဘူး’’ လို့ ပရိသတ်တစ်ယောက်က
လူမှုကွန်ရက်မှာ ရေး သားခဲ့ပါတယ်။ ဖီဖာ ဘောလုံးဂိမ်းထဲမှာ
R1 ဆိုတဲ့ ခလုတ်ဟာ ဘောလုံးကန် ချက်ကို ထိန်းပေးတဲ့
ခလုတ်ဖြစ်ပြီး ဝေ့ဝိုက်ပြီး ကန်သွင်းတဲ့နေ ရာမှာ
အသုံးပြုတာဖြစ်တဲ့အပြင် ပစ်မှတ်ကိုလည်း တိကျစေပါတယ်။
ဒုတိယ တစ်ယောက်ကတော့ ‘’ကွေ့ဝိုက်ချက်ကြီးက
ရော်ဘင်လိုမျိုးကြီး။ ဒီကောင် က သူ့ရဲ့ရှေ့ရေးကို သိနေပြီ’’ လို့
ရေးသားခဲ့ပါတယ်။ တတိယတစ်ယောက် ကတော့
‘’သူ့ကို ဝေဖန်နေတဲ့ လူတွေကတော့ ဘောလုံးနဲ့ပတ်သက်ပြီး
ဘာ ဗဟုသုတမှ မရှိလို့ပေါ့’’ လို့ ရေးသားခဲ့ပါတယ်။
နောက်ထပ် တစ်ယောက်က လည်း ‘’သူက ငါတို့အတွက်
လက်ဖျားခါလောက်တဲ့ သွင်းဂိုးတစ်ဂိုး သွင်းပေး လိုက်ပြီနော်။
မှတ်စုထဲကိုထည့်ရတော့မယ့် နောက်ထပ်တစ်ဂိုးပဲ’’ ရေးသား ခဲ့ပါတယ်။
zawgyi
လက်ဖျားခါလောက်တဲ့ သွင်းဂိုးအတွက် အန်တိုနီကို သရဲနီပရိသတ်တွေ ချီးကျူးမဆုံးဖြစ်နေပြီ။