လက်ရွေးစင်အသင်းကနေ ရော်နယ်ဒို ဘယ်အချိန် အနားယူမှာလဲ…

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား

ပြိုင်ပွဲအပြီးမှာ လက်ရွေးစင်အသင်းကနေ အနားယူဖို့ မရှိပဲ ယူရို ( ၂၀၂၄ ) ပါ

ယှဉ်ပြိုင်လိုတယ်လို့ ဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးက

အင်္ဂါနေ့မှာ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကနေ ပြုလုပ်တဲ့ သတင်းစာ

ရှင်းလင်းပွဲအတွင်း “ လမ်းခရီးတွေက အဆုံးမသတ်သေးပါဘူး။”လို့

ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ( ၁၀၉ ) ဂိုးနဲ့

နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့

ရော်နယ်ဒိုကို ပေါ်တူဂီအသင်းက အခမ်းအနားပြုလုပ်ပြီး

ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက “ ကျွန်တော် နောက်ထပ်

နှစ်အနည်းငယ်ထိ လက်ရွေးစင်အသင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေဖို့

မျှော်လင့်ရပါတယ်။ ကျွန်တော် တက်ကြွနေဆဲပါ ၊ ရည်မှန်းချက်တွေ

မြင့်နေဆဲပါ ။ ကျွန်တော်က လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းမှာ

ရှိနေပါတယ်။ ကျွန်တော် ဒီ ကမ္ဘာ့ဖလားမှာရော ဥရောပပြိုင်ပွဲမှာပါ

ပါဝင်ချင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။ ပေါ်တူဂီအသင်းက ယခု

နိုင်ငံတကာပွဲစဉ်ကာလအတွင်း ချက် ၊ စပိန် အသင်းတို့နဲ့ ကစားရဖို့ ရှိပါတယ်။

zawgyi

လက္ေ႐ြးစင္အသင္းကေန ေရာ္နယ္ဒို ဘယ္အခ်ိန္ အနားယူမွာလဲ…

ေပၚတူဂီ အသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ကမာၻ႔ဖလား

ၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္အသင္းကေန အနားယူဖို႔ မရွိပဲ ယူ႐ို ( ၂၀၂၄ ) ပါ

ယွဥ္ၿပိဳင္လိုတယ္လို႔ ဆိုပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉးက

အဂၤါေန႔မွာ ေပၚတူဂီ ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန ျပဳလုပ္တဲ့ သတင္းစာ

ရွင္းလင္းပြဲအတြင္း “ လမ္းခရီးေတြက အဆုံးမသတ္ေသးပါဘူး။”လို႔

ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္း ( ၁၀၉ ) ဂိုးနဲ႔

ႏိုင္ငံတကာ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တဲ့

ေရာ္နယ္ဒိုကို ေပၚတူဂီအသင္းက အခမ္းအနားျပဳလုပ္ၿပီး

ဂုဏ္ျပဳခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုက “ ကြၽန္ေတာ္ ေနာက္ထပ္

ႏွစ္အနည္းငယ္ထိ လက္ေ႐ြးစင္အသင္းရဲ႕အစိတ္အပိုင္းတစ္ခု ျဖစ္ေနဖို႔

ေမွ်ာ္လင့္ရပါတယ္။ ကြၽန္ေတာ္ တက္ႂကြေနဆဲပါ ၊ ရည္မွန္းခ်က္ေတြ

ျမင့္ေနဆဲပါ ။ ကြၽန္ေတာ္က လူငယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့အသင္းမွာ

ရွိေနပါတယ္။ ကြၽန္ေတာ္ ဒီ ကမာၻ႔ဖလားမွာေရာ ဥေရာပၿပိဳင္ပြဲမွာပါ

ပါဝင္ခ်င္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။ ေပၚတူဂီအသင္းက ယခု

ႏိုင္ငံတကာပြဲစဥ္ကာလအတြင္း ခ်က္ ၊ စပိန္ အသင္းတို႔နဲ႔ ကစားရဖို႔ ရွိပါတယ္။