M Diary Channel

Local and Sport News

လင်ဂတ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူမယ့် အေစီမီလန်နဲ့ ဘာစီလိုနာ

ဘာစီလိုနာနှင့်အေစီမီလန်တို့ဟာလာမယ့်နွေရာသီတွင်ဂျက်စီလင်ဂတ်သာ

မန်ယူမှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည်ဆိုပါကအပြိုင်ခေါ်ယူရေး

ကြိုးပမ်းရန်အသင့်ရှိနေပါတယ်။လင်ဂတ်ဟာပြီးခဲ့တဲ့လတုန်းကမန်ယူရဲ့

စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချခဲ့သူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာအစောပိုင်းတုန်းကဆိုးလ်ရှားထံမှပွဲကစားခွင့်

ပုံမှန်ရရှိမယ်လို့ကတိပြုခြင်းခံခဲ့ရပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဆန်ချိုတို့

ရောက်လာမှုနဲ့အတူဆက်လက်နေရာရရန်ရုန်းကန်နေရပါတယ်။

လင်ဂတ်ဟာယခုရာသီတွင်အသင်းဟောင်းဝက်စ်ဟမ်းနှင့်ခရာဘောင်ဖလား

ပွဲစဉ်တစ်ပွဲတည်းတွင်သာပွဲထွက်ကစားခွင့်ရထားသူဖြစ်ပါတယ်။

လင်ဂတ်ဟာယခုရာသီမှာမန်ယူထက်အင်္ဂလန်အသင်းတွင်ကစားခွင့်

ရရှိနေသူဖြစ်ပြီးလာမယ့်နှစ်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်

အသင်းတွင်ပါဝင်ခွင့်ရရှိလိုနေပါတယ်။ ဒါကြောင့်လည်းသူဟာလာမယ့်

ကာလများအတွင်းတွင်မန်ယူတွင်ပွဲကစားခွင့်ရရှိမှုအပေါ်မူတည်ကာ

အနာဂတ်ကိုဆုံးဖြတ်ရန်စဉ်းစားထားပါတယ်။

ဆိုးလ်ရှားဟာလင်ဂတ်ကိုအသင်းတွင်ပင်ဆက်ထိန်းထားလိုနေပြီးလုပ်ခ

တိုးမြှင့်ကာစာချုပ်သစ်ထပ်မံကမ်းလှမ်းရန်စီစဉ်နေပေမယ့်လည်းဆုံးဖြတ်ချက်မှာ

ကစားသမားအပေါ်တွင်သာမူတည်နေပါတယ်။

သူဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်များနှင့်လွတ်လပ်စွာ

ဆွေးနွေးခွင့်ရှိနေတဲ့အပြင်အကြိုစာချုပ်ပါချုပ်ဆိုနိုင်ပါတယ်။ဒါကြောင့်လည်း

ဘာစီလိုနာနှင့်အေစီမီလန်တို့ဟာအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့်

လင်ဂတ်ကိုခေါ်ယူရေးကြိုးပမ်းလာကြတော့မှာလည်းဖြစ်ပါတယ်။

zawgyi

လင္ဂတ္ကို ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ ေခၚယူမယ့္ ေအစီမီလန္နဲ႔ ဘာစီလိုနာ

ဘာစီလိုနာႏွင့္ေအစီမီလန္တို႔ဟာလာမယ့္ေႏြရာသီတြင္ဂ်က္စီလင္ဂတ္သာ

မန္ယူမွအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာမည္ဆိုပါကအၿပိဳင္ေခၚယူေရး

ႀကိဳးပမ္းရန္အသင့္ရွိေနပါတယ္။လင္ဂတ္ဟာၿပီးခဲ့တဲ့လတုန္းကမန္ယူရဲ႕

စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့သူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာအေစာပိုင္းတုန္းကဆိုးလ္ရွားထံမွပြဲကစားခြင့္

ပုံမွန္ရရွိမယ္လို႔ကတိျပဳျခင္းခံခဲ့ရေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဆန္ခ်ိဳတို႔

ေရာက္လာမႈနဲ႔အတူဆက္လက္ေနရာရရန္႐ုန္းကန္ေနရပါတယ္။

လင္ဂတ္ဟာယခုရာသီတြင္အသင္းေဟာင္းဝက္စ္ဟမ္းႏွင့္ခရာေဘာင္ဖလား

ပြဲစဥ္တစ္ပြဲတည္းတြင္သာပြဲထြက္ကစားခြင့္ရထားသူျဖစ္ပါတယ္။

လင္ဂတ္ဟာယခုရာသီမွာမန္ယူထက္အဂၤလန္အသင္းတြင္ကစားခြင့္

ရရွိေနသူျဖစ္ၿပီးလာမယ့္ႏွစ္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲဝင္အဂၤလန္

အသင္းတြင္ပါဝင္ခြင့္ရရွိလိုေနပါတယ္။ ဒါေၾကာင့္လည္းသူဟာလာမယ့္

ကာလမ်ားအတြင္းတြင္မန္ယူတြင္ပြဲကစားခြင့္ရရွိမႈအေပၚမူတည္ကာ

အနာဂတ္ကိုဆုံးျဖတ္ရန္စဥ္းစားထားပါတယ္။

ဆိုးလ္ရွားဟာလင္ဂတ္ကိုအသင္းတြင္ပင္ဆက္ထိန္းထားလိုေနၿပီးလုပ္ခ

တိုးျမႇင့္ကာစာခ်ဳပ္သစ္ထပ္မံကမ္းလွမ္းရန္စီစဥ္ေနေပမယ့္လည္းဆုံးျဖတ္ခ်က္မွာ

ကစားသမားအေပၚတြင္သာမူတည္ေနပါတယ္။

သူဟာလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္မ်ားႏွင့္လြတ္လပ္စြာ

ေဆြးေႏြးခြင့္ရွိေနတဲ့အျပင္အႀကိဳစာခ်ဳပ္ပါခ်ဳပ္ဆိုႏိုင္ပါတယ္။ဒါေၾကာင့္လည္း

ဘာစီလိုနာႏွင့္ေအစီမီလန္တို႔ဟာအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မယ့္

လင္ဂတ္ကိုေခၚယူေရးႀကိဳးပမ္းလာၾကေတာ့မွာလည္းျဖစ္ပါတယ္။mdiarymm

mdiarymm