M Diary Channel

Local and Sport News

လင်ဂတ်အတွက် ယူနိုက်တက်အသင်းဆီ စတင်ဆက်သွယ်ခဲ့တဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူလင်ဂတ်ကို

ခေါ်ယူဖို့အတွက် သူ့အသင်းဆီ စတင်ဆက်သွယ်မှုတွေလုပ်နေတယ်လို့

သတင်းထွက်နေပါတယ်။ နယူးကာဆယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့

ကာလအတွင်း ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့စီစဉ်ထားပြီး

လင်ဂတ်ကိုခေါ်ယူဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။ အီတလီနာမည်ကျော်

ဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက လင်ဂတ်ရဲ့အပြောင်းအရွှေ့အတွက်

ယူနိုက်တက်နဲ့နယူးကာဆယ်တို့အကြား ချိတ်ဆက်မှုတွေရှိနေပေမယ့်

သဘောတူညီမှုမရသေးတာကြောင့် တခြားပရီးမီးယားလိဂ်

ကလပ်အသင်းတွေအနေနဲ့ လင်ဂတ်ကိုခေါ်ယူဖို့ အခွင့်အရေးရှိနေဆဲလို့

သုံးသပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီဝက်တုန်းက လင်ဂတ်ကို အငှားနဲ့

ခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ အပြီးသတ်ခေါ်ယူလိုပေမယ့်

ယူနိုက်တက်အသင်းက သူတို့ကစားသမားအတွက် ပေါင်(၂၅)သန်းအထိ

တောင်းဆိုခဲ့လို့ အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ လင်ဂတ်ရဲ့စာချုပ်က

ရာသီကုန်ကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့

လင်ဂတ်အတွက် သတ်မှတ်ထားတဲ့စျေးကို လျှော့ချသွားဖို့ရှိနေပြီး

လင်ဂတ်ကို အေစီမီလန်၊ ရိုးမား၊ ဘာစီလိုနာစတဲ့ ထိပ်သီးအသင်းတွေ

ကလည်း ပစ်မှတ်ထားနေကြပါတယ်။

zawgyi

လင္ဂတ္အတြက္ ယူႏိုက္တက္အသင္းဆီ စတင္ဆက္သြယ္ခဲ့တဲ့ နယူးကာဆယ္

နယူးကာဆယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူလင္ဂတ္ကို

ေခၚယူဖို႔အတြက္ သူ႔အသင္းဆီ စတင္ဆက္သြယ္မႈေတြလုပ္ေနတယ္လို႔

သတင္းထြက္ေနပါတယ္။ နယူးကာဆယ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕

ကာလအတြင္း ကစားသမားသစ္ေခၚယူအားျဖည့္ဖို႔စီစဥ္ထားၿပီး

လင္ဂတ္ကိုေခၚယူဖို႔ ဆႏၵျပင္းျပေနတာျဖစ္ပါတယ္။ အီတလီနာမည္ေက်ာ္

ဂ်ာနယ္လစ္ျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုက လင္ဂတ္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္

ယူႏိုက္တက္နဲ႔နယူးကာဆယ္တို႔အၾကား ခ်ိတ္ဆက္မႈေတြရွိေနေပမယ့္

သေဘာတူညီမႈမရေသးတာေၾကာင့္ တျခားပရီးမီးယားလိဂ္

ကလပ္အသင္းေတြအေနနဲ႔ လင္ဂတ္ကိုေခၚယူဖို႔ အခြင့္အေရးရွိေနဆဲလို႔

သုံးသပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီဝက္တုန္းက လင္ဂတ္ကို အငွားနဲ႔

ေခၚယူခဲ့တဲ့ ဝက္စ္ဟမ္းအသင္းဟာ အၿပီးသတ္ေခၚယူလိုေပမယ့္

ယူႏိုက္တက္အသင္းက သူတို႔ကစားသမားအတြက္ ေပါင္(၂၅)သန္းအထိ

ေတာင္းဆိုခဲ့လို႔ အဆင္မေျပခဲ့ပါဘူး။ ဒါေပမဲ့ လင္ဂတ္ရဲ႕စာခ်ဳပ္က

ရာသီကုန္က်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္လို႔ ယူႏိုက္တက္အသင္းအေနနဲ႔

လင္ဂတ္အတြက္ သတ္မွတ္ထားတဲ့ေစ်းကို ေလွ်ာ့ခ်သြားဖို႔ရွိေနၿပီး

လင္ဂတ္ကို ေအစီမီလန္၊ ႐ိုးမား၊ ဘာစီလိုနာစတဲ့ ထိပ္သီးအသင္းေတြ

ကလည္း ပစ္မွတ္ထားေနၾကပါတယ္။mdiarymm

mdiarymm