M Diary Channel
Local and Sport News
လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာပြီလို့ စီရော်နယ်လ်ဒိုကြုံးဝါး
နောဝစ်ချ်အသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာ
ယူနိုက်တက်နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုက အသင်းဖော်တွေရဲ့
ခြေစွမ်းကို ချီးကျူးစကားဆိုခဲ့သလို သူတို့အသင်းဟာ လမ်းကြောင်းမှန်ပေါ်
ပြန်လည်ရောက်ရှိဖို့ နောက်ထပ်ခြေတစ်လှမ်း,လှမ်းနိုင်ခဲ့ပြီလို့ ကြုံးဝါး
လိုက်ပါတယ်။ နောဝစ်ချ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်
အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၇၅)မိနစ်မှာ
သူ့ကြောင့်ရတဲ့ပယ်နယ်တီကနေ ကိုယ်တိုင်ကန်သွင်းယူခဲ့တာဖြစ်ပြီး
ဆိုးလ်ရှား၊ ကာရစ်၊ ရန်နစ်ခ် မတူညီနဲ့နည်းပြ(၃)ဦးလက်ထက်မှာ
ပယ်နယ်တီဂိုးတွေသွင်းယူခဲ့တာကြောင့် ၁၉၂၆-၂၇ ရာသီတုန်းက
ယူနိုက်တက်နည်းပြဟောင်းတွေဖြစ်တဲ့ ချက်ပ်မန်း၊ ဟေးလ်ဒစ်ချ်၊
ဘမ်းလက်တို့အတွက် ပယ်နယ်တီတွေသွင်းယူခဲ့တဲ့ ဂျိမ်းဟန်ဆင်၊
ဂျိုးစပန့်စ်တို့နဲ့ စွမ်းဆောင်ရည်ချင်းတူညီသွားခဲ့ပါတယ်။
နောဝစ်ချ်နဲ့ပွဲအပြီးမှာ စီရော်နယ်လ်ဒိုက သူ့ Twitter မှာ ”လမ်းကြောင်းမှန်ပေါ်
ရောက်ဖို့ နောက်ထပ်ခြေလှမ်းတစ်ရပ်ပါပဲ။ ကျွန်တော်တို့တွေဟာ
ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာအသေအချာသိထားသလို
အဲဒီရည်မှန်းချက်ကို ဘယ်လိုအကောင်အထည်ဖော်ရမလဲဆိုတာကိုလည်း
သိထားပြီးဖြစ်ပါတယ်။ အရာအားလုံးက ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။
Well done, lads! Let’s go, Devils!”ဆိုပြီးတော့ Post တင်ခဲ့တာဖြစ်ပါတယ်။
zawgyi
နောဝစ်ခ်ျအသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာ
လိုက်ပါတယ်။ နောဝစ်ခ်ျနဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်
ယူနိုက်တက်နည်းပြဟောင်းတွေဖြစ်တဲ့ ချက်ပ်မန်း၊ ဟေးလ်ဒစ်ခ်ျ၊
နောဝစ်ခ်ျနဲ့ပွဲအပြီးမှာ စီရော်နယ်လ်ဒိုက သူ့ Twitter မှာ ”လမ်းကြောင်းမှန်ပေါ်
mdiarymm