လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း အဲရစ်တန်ဟက် ကစားသမားသစ်ထပ်မံအားဖြည့်မယ်

ပြီးခဲ့တဲ့နွေရာသီအတွင်း ကစားသမားသစ်တွေကို ငွေကြေးအကုန်အကျခံ

ခေါ်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင်လည်း ကစားသမားသစ်

ခေါ်ယူအားဖြည့်ဖို့ ဆန္ဒရှိနေတယ်လို့ အရိပ်အမြွက်ဝန်ခံပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီတုန်းက မာလာစီယာ၊ လီဆန်ဒရို

မာတီနက်ဇ်၊ ကတ်စ်မဲရိုး၊ အန်တိုနီတို့အတွက် ပေါင်(၂၂၅.၄)သန်းအထိ

သုံးစွဲခဲ့ပြီး အဲရစ်ဆင်ကို အလွတ်၊ ဂိုးသမားဒူဘရက်ဗ်ကာကို

နယူးကာဆယ်အသင်းဆီကနေ တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ယူနိုက်တက်အသင်းထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးရှင်းတမ်းအရ

အရှုံးပေါ်ခဲ့တာကြောင့် လာမယ့်ဇန်နဝါရီကျရင် ကစားသမားသစ်ခေါ်ယူဖို့

ငွေကြေးသုံးစွဲခွင့်ပြုပါ့မလားဆိုတဲ့ မေးခွန်းထွက်ပေါ်နေပေမယ့်

အဲရစ်တန်ဟက်ကတော့ ကစားသမားသစ်ခေါ်သွားဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟက်က “အသင်းရဲ့ဘဏ္ဍာရေးအနေအထားနဲ့ပတ်သက်ပြီး

ကျွန်တော် သတိပြုမိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့

ကစားသမားဝယ်ယူဖို့က အဓိကဦးစားပေးဆောင်ရွက်သွားမယ့်ကိစ္စပါပဲ။

ပြီးခဲ့တဲ့နွေရာသီက အသင်းရဲ့ကစားသမားအစုအဖွဲ့ကို ပထမအကြိမ်

ပြင်ဆင်ခဲ့ပြီး နောက်ထပ် ဒုတိယအဆင့်အဖြစ် ပြောင်းလဲမှုတွေ

လုပ်သွားဦးမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာလည္း အဲရစ္တန္ဟက္ ကစားသမားသစ္ထပ္မံအားျဖည့္မယ္

ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ကစားသမားသစ္ေတြကို ေငြေၾကးအကုန္အက်ခံ

ေခၚယူခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္လည္း ကစားသမားသစ္

ေခၚယူအားျဖည့္ဖို႔ ဆႏၵရွိေနတယ္လို႔ အရိပ္အႁမြက္ဝန္ခံေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေႏြရာသီတုန္းက မာလာစီယာ၊ လီဆန္ဒ႐ို

မာတီနက္ဇ္၊ ကတ္စ္မဲ႐ိုး၊ အန္တိုနီတို႔အတြက္ ေပါင္(၂၂၅.၄)သန္းအထိ

သုံးစြဲခဲ့ၿပီး အဲရစ္ဆင္ကို အလြတ္၊ ဂိုးသမားဒူဘရက္ဗ္ကာကို

နယူးကာဆယ္အသင္းဆီကေန တစ္ရာသီအငွားနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က ယူႏိုက္တက္အသင္းထုတ္ျပန္ခဲ့တဲ့ ဘ႑ာေရးရွင္းတမ္းအရ

အရႈံးေပၚခဲ့တာေၾကာင့္ လာမယ့္ဇန္နဝါရီက်ရင္ ကစားသမားသစ္ေခၚယူဖို႔

ေငြေၾကးသုံးစြဲခြင့္ျပဳပါ့မလားဆိုတဲ့ ေမးခြန္းထြက္ေပၚေနေပမယ့္

အဲရစ္တန္ဟက္ကေတာ့ ကစားသမားသစ္ေခၚသြားဖို႔ရွိတယ္လို႔ ေျပာခဲ့ပါတယ္။

အဲရစ္တန္ဟက္က “အသင္းရဲ႕ဘ႑ာေရးအေနအထားနဲ႔ပတ္သက္ၿပီး

ကြၽန္ေတာ္ သတိျပဳမိၿပီးသားျဖစ္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ကေတာ့

ကစားသမားဝယ္ယူဖို႔က အဓိကဦးစားေပးေဆာင္႐ြက္သြားမယ့္ကိစၥပါပဲ။

ၿပီးခဲ့တဲ့ေႏြရာသီက အသင္းရဲ႕ကစားသမားအစုအဖြဲ႕ကို ပထမအႀကိမ္

ျပင္ဆင္ခဲ့ၿပီး ေနာက္ထပ္ ဒုတိယအဆင့္အျဖစ္ ေျပာင္းလဲမႈေတြ

လုပ္သြားဦးမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။