လာလီဂါအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေကြောင့် ဒီယွန်းကိုခေါ်ယူနိုင်ဖို့ အခက်ကြုံနေရတဲ့ ယူနိုက်တက်

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ပစ်မှတ်

ဖရန်ကီဒီယွန်းရဲ့အပြောင်းအရွှေ့ကြန့်ကြာနေမှုအတွက် လာလီဂါအဖွဲ့ချုပ်ရဲ့

ဘဏ္ဍာရေးကန့်သတ်ချက်စည်းမျဉ်းတွေအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး

ဖရန်ကီဒီယွန်းကို ပေါင်သန်း(၇၀)အထိရမှ လက်လွှတ်ရဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းက ဒီယွန်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)၊

အောင်မြင်မှုအလိုက် ဆုကြေးအဖြစ် နောက်ထပ် ပေါင်(၅)သန်း

ပေးချေလိုနေပေမယ့် ဘာစီလိုနာအသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက

အေဂျက်စ်ကနေ ဒီယွန်းကိုခေါ်ယူခဲ့စဉ်က ပေးခဲ့ရတဲ့ ပေါင်(၆၅)သန်းနဲ့

အထက်ရမှ လက်လွှတ်ရဖို့ရှိနေပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့

ဒီယွန်းရဲ့ပြောင်းရွှေ့ကြေးကို နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်ပမာဏ

သတ်မှတ်ချင်ပေမယ့် လာလီဂါအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေအရ

ပေါင်(၆၅)သန်းနဲ့အထက်ရမှဖြစ်မယ့်အနေအထားရောက်နေတာပါ။

ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် လာလီဂါအဖွဲ့ချုပ်က

ငွေကြေးသုံးစွဲခွင့်ကို ကန့်သတ်ထားတဲ့အတွက် တကယ်လို့ ဘာစီလိုနာတို့

ကစားသမားသစ်ခေါ်ယူချင်တယ်ဆိုရင် လက်ရှိကစားသမားတွေထဲက

တချို့ကိုရောင်းချတာကနေ ပေါင်သန်း(၁၀၀)နဲ့ ပေါင်သန်း(၁၅၀)အကြားရဖို့

လိုအပ်နေပြီး အဲဒီလိုမှမဟုတ်ရင်လည်း လက်ရှိကစားသမားတွေရဲ့

လစာငွေကို လျှော့ချရမှာဖြစ်ပါတယ်။

zawgyi

လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕ စည္းမ်ဥ္းေတြေၾကာင့္ ဒီယြန္းကိုေခၚယူႏိုင္ဖို႔ အခက္ႀကဳံေနရတဲ့ ယူႏိုက္တက္

ဘာစီလိုနာအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ပစ္မွတ္

ဖရန္ကီဒီယြန္းရဲ႕အေျပာင္းအေ႐ႊ႕ၾကန႔္ၾကာေနမႈအတြက္ လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕

ဘ႑ာေရးကန႔္သတ္ခ်က္စည္းမ်ဥ္းေတြအေပၚ ျပစ္တင္ေဝဖန္ခဲ့ၿပီး

ဖရန္ကီဒီယြန္းကို ေပါင္သန္း(၇၀)အထိရမွ လက္လႊတ္ရဖို႔ရွိေနပါတယ္။

ယူႏိုက္တက္အသင္းက ဒီယြန္းကို ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၆၀)၊

ေအာင္ျမင္မႈအလိုက္ ဆုေၾကးအျဖစ္ ေနာက္ထပ္ ေပါင္(၅)သန္း

ေပးေခ်လိုေနေပမယ့္ ဘာစီလိုနာအသင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက

ေအဂ်က္စ္ကေန ဒီယြန္းကိုေခၚယူခဲ့စဥ္က ေပးခဲ့ရတဲ့ ေပါင္(၆၅)သန္းနဲ႔

အထက္ရမွ လက္လႊတ္ရဖို႔ရွိေနပါတယ္။ ဘာစီလိုနာအသင္းအေနနဲ႔

ဒီယြန္းရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ႏွစ္ဦးႏွစ္ဖက္အဆင္ေျပမယ့္ပမာဏ

သတ္မွတ္ခ်င္ေပမယ့္ လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕ ဘ႑ာေရးစည္းမ်ဥ္းေတြအရ

ေပါင္(၆၅)သန္းနဲ႔အထက္ရမွျဖစ္မယ့္အေနအထားေရာက္ေနတာပါ။

ဘာစီလိုနာအသင္းရဲ႕ ဘ႑ာေရးျပႆနာေတြေၾကာင့္ လာလီဂါအဖြဲ႕ခ်ဳပ္က

ေငြေၾကးသုံးစြဲခြင့္ကို ကန႔္သတ္ထားတဲ့အတြက္ တကယ္လို႔ ဘာစီလိုနာတို႔

ကစားသမားသစ္ေခၚယူခ်င္တယ္ဆိုရင္ လက္ရွိကစားသမားေတြထဲက

တခ်ိဳ႕ကိုေရာင္းခ်တာကေန ေပါင္သန္း(၁၀၀)နဲ႔ ေပါင္သန္း(၁၅၀)အၾကားရဖို႔

လိုအပ္ေနၿပီး အဲဒီလိုမွမဟုတ္ရင္လည္း လက္ရွိကစားသမားေတြရဲ႕

လစာေငြကို ေလွ်ာ့ခ်ရမွာျဖစ္ပါတယ္။