လာလီဂါအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးကန့်သတ်စည်းမျဉ်းတွေကြောင့် ဒီယွန်းရဲ့ အိုးလ်ထရက်ဖို့ဒ်အပြောင်းအရွှေ့ကြန့်ကြာ

ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ပစ်မှတ်

ဖရန်ကီဒီယွန်းရဲ့အပြောင်းအရွှေ့ကြန့်ကြာနေမှုအတွက် လာလီဂါအဖွဲ့ချုပ်ရဲ့

ဘဏ္ဍာရေးကန့်သတ်ချက်စည်းမျဉ်းတွေအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး

ဖရန်ကီဒီယွန်းကို ပေါင်သန်း(၇၀)အထိရမှ လက်လွှတ်ရဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းနည်းပြသစ်အဲရစ်တန်ဟက်ဟာ အခုနွေရာသီ

အပြောင်းအရွှေ့အတွင်း သူ့ရဲ့ဦးစားပေးပစ်မှတ်အဖြစ် ဒီယွန်းကိုခေါ်ယူဖို့

ဆန္ဒပြင်းပြနေပြီး အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်အသင်းကြား

ဆွေးနွေးမှုတွေပြုလုပ်နေဆဲပါပဲ။ ယူနိုက်တက်အသင်းက ဒီယွန်းကို

ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)၊ အောင်မြင်မှုအလိုက် ဆုကြေးအဖြစ်

နောက်ထပ် ပေါင်(၅)သန်းပေးချေလိုနေပေမယ့် ဘာစီလိုနာအသင်းဟာ

၂၀၁၉ ခုနှစ်တုန်းက အေဂျက်စ်ကနေ ဒီယွန်းကိုခေါ်ယူခဲ့စဉ်က

ပေးခဲ့ရတဲ့ ပေါင်(၆၅)သန်းနဲ့အထက်ရမှ လက်လွှတ်ရဖို့ရှိနေပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဒီယွန်းရဲ့ပြောင်းရွှေ့ကြေးကို နှစ်ဦးနှစ်ဖက်

အဆင်ပြေမယ့်ပမာဏသတ်မှတ်ချင်ပေမယ့် လာလီဂါအဖွဲ့ချုပ်ရဲ့

ဘဏ္ဍာရေးစည်းမျဉ်းတွေအရ ပေါင်(၆၅)သန်းနဲ့အထက်ရမှဖြစ်မယ့်

အနေအထားရောက်နေတာပါ။ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး

ပြဿနာတွေကြောင့် လာလီဂါအဖွဲ့ချုပ်က ငွေကြေးသုံးစွဲခွင့်ကို

ကန့်သတ်ထားတဲ့အတွက် တကယ်လို့ ဘာစီလိုတို့ ကစားသမားသစ်

ခေါ်ယူချင်တယ်ဆိုရင် လက်ရှိကစားသမားတွေထဲက တချို့ကို

ရောင်းချတာကနေ ပေါင်သန်း(၁၀၀)နဲ့ ပေါင်သန်း(၁၅၀)အကြားရဖို့

လိုအပ်နေပြီး အဲဒီလိုမှမဟုတ်ရင်လည်း လက်ရှိကစားသမားတွေရဲ့

လစာငွေကို လျှော့ချရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ

ဒီယွန်းအတွက် ဆုကြေးမပါဘဲ ပြောင်းရွှေ့ကြေးသီးသန့်ကိုပဲ

ပေါင်(၆၅)သန်းအထက်လိုချင်နေတာဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့

ဒီယွန်းကို မဖြစ်မနေခေါ်ချင်တယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းရဖို့ရှိနေပါတယ်။

zawgyi

လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕ ဘ႑ာေရးကန္႔သတ္စည္းမ်ဥ္းေတြေၾကာင့္ ဒီယြန္းရဲ႕ အုိးလ္ထရက္ဖုိ႔ဒ္အေျပာင္းအေရႊ႕ၾကန္႔ၾကာ

ဘာစီလိုနာအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ပစ္မွတ္

ဖရန္ကီဒီယြန္းရဲ႕အေျပာင္းအေ႐ႊ႕ၾကန႔္ၾကာေနမႈအတြက္ လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕

ဘ႑ာေရးကန႔္သတ္ခ်က္စည္းမ်ဥ္းေတြအေပၚ ျပစ္တင္ေဝဖန္ခဲ့ၿပီး

ဖရန္ကီဒီယြန္းကို ေပါင္သန္း(၇၀)အထိရမွ လက္လႊတ္ရဖို႔ရွိေနပါတယ္။

ယူႏိုက္တက္အသင္းနည္းျပသစ္အဲရစ္တန္ဟက္ဟာ အခုေႏြရာသီ

အေျပာင္းအေ႐ႊ႕အတြင္း သူ႔ရဲ႕ဦးစားေပးပစ္မွတ္အျဖစ္ ဒီယြန္းကိုေခၚယူဖို႔

ဆႏၵျပင္းျပေနၿပီး အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္လို႔ ႏွစ္ဖက္အသင္းၾကား

ေဆြးေႏြးမႈေတြျပဳလုပ္ေနဆဲပါပဲ။ ယူႏိုက္တက္အသင္းက ဒီယြန္းကို

ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၆၀)၊ ေအာင္ျမင္မႈအလိုက္ ဆုေၾကးအျဖစ္

ေနာက္ထပ္ ေပါင္(၅)သန္းေပးေခ်လိုေနေပမယ့္ ဘာစီလိုနာအသင္းဟာ

၂၀၁၉ ခုႏွစ္တုန္းက ေအဂ်က္စ္ကေန ဒီယြန္းကိုေခၚယူခဲ့စဥ္က

ေပးခဲ့ရတဲ့ ေပါင္(၆၅)သန္းနဲ႔အထက္ရမွ လက္လႊတ္ရဖို႔ရွိေနပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ဒီယြန္းရဲ႕ေျပာင္းေ႐ႊ႕ေၾကးကို ႏွစ္ဦးႏွစ္ဖက္

အဆင္ေျပမယ့္ပမာဏသတ္မွတ္ခ်င္ေပမယ့္ လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕

ဘ႑ာေရးစည္းမ်ဥ္းေတြအရ ေပါင္(၆၅)သန္းနဲ႔အထက္ရမွျဖစ္မယ့္

အေနအထားေရာက္ေနတာပါ။ ဘာစီလိုနာအသင္းရဲ႕ ဘ႑ာေရး

ျပႆနာေတြေၾကာင့္ လာလီဂါအဖြဲ႕ခ်ဳပ္က ေငြေၾကးသုံးစြဲခြင့္ကို

ကန႔္သတ္ထားတဲ့အတြက္ တကယ္လို႔ ဘာစီလိုတို႔ ကစားသမားသစ္

ေခၚယူခ်င္တယ္ဆိုရင္ လက္ရွိကစားသမားေတြထဲက တခ်ိဳ႕ကို

ေရာင္းခ်တာကေန ေပါင္သန္း(၁၀၀)နဲ႔ ေပါင္သန္း(၁၅၀)အၾကားရဖို႔

လိုအပ္ေနၿပီး အဲဒီလိုမွမဟုတ္ရင္လည္း လက္ရွိကစားသမားေတြရဲ႕

လစာေငြကို ေလွ်ာ့ခ်ရမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ

ဒီယြန္းအတြက္ ဆုေၾကးမပါဘဲ ေျပာင္းေ႐ႊ႕ေၾကးသီးသန႔္ကိုပဲ

ေပါင္(၆၅)သန္းအထက္လိုခ်င္ေနတာျဖစ္ၿပီး ယူႏိုက္တက္အသင္းအေနနဲ႔

ဒီယြန္းကို မျဖစ္မေနေခၚခ်င္တယ္ဆိုရင္ေတာ့ ေျပာင္းေ႐ႊ႕ေၾကးတိုးျမႇင့္ကမ္းလွမ္းရဖို႔ရွိေနပါတယ္။