” လီဗာပူးပွဲစဉ်ကို မကြည့်ခြင်းအားဖြင့် သ-ပိ-တ်ေ-မှာက်ကြပါစို့… “
“ယူနိုက်တက်ကတန်ဖိုးရှိတယ်…ဂလေဇာတွေ ထွက်တော့”
ယူနိုက်တက်ကို အတွင်းထဲကနေ သံချေးတက်အောင် လုပ်နေသူတွေထဲ
ဂလေဇာ မိသားစုလည်းပါပါတယ်။ ပရိသတ်တွေ ဘယ်လောက်
ဆန္ဒပြပြ သူတို့တွေကတော့ အကြောတင်းကြပါတယ်။
ယူနိုက်တက်ပရိသတ်တွေအကြီးအကျယ်သပိတ်မှောက်ဆန္ဒပြခဲ့လို့
ရွှေ့ဆိုင်းခဲ့ရတဲ့ပွဲလည်းရှိပါတယ်။ အခုလည်း ယူနိုက်တက်ပရိသတ်များဟာ
လီဗာပူးနှင့်ပွဲကစားရမယ့်ပွဲစဉ်တွင်အိုးထရက်ဖို့ဒ်သို့ပရိသတ်တစ်ဦးမျှ
လာရောက်မကြည့်ဘဲဂလေဇာမိသားစုကိုသပိတ်မှောက်မယ်လို့
ခြိမ်းခြောက်လာကြပါတယ်။ ယူနိုက်တက်ပရိသတ်များဟာ
EmptyOldTrafford ဆိုပြီး ဆိုရှယ်မီဒီယာများတွင်တင်လျက်ရှိကြပါတယ်။
ယူနိုက်တက်ဟာလာမယ့်ဩဂုတ်လ၂၂ရက်နေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာ
ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးကိုဧည့်ခံကစားရပါမယ်။
ယူနိုက်တက်ပရိသတ်များဟာအသင်းပိုင်ရှင်ဂလေဇာမိသားစုအပေါ်
သူတို့ရဲ့ဒေါသကိုပြသတဲ့အနေဖြင့်အိုးထရက်ဖို့ဒ်ကွင်းသို့ပရိသတ်တစ်ဦးမျှ
မဝင်ရောက်ဘဲသပိတ်မှောက်ရန်စီစဉ်နေပါတယ်။
ယူနိုက်တက်ပရိသတ်တစ်ဦးက “လီဗာပူးနဲ့ပွဲမှာငါ့ခုံမှာလူရှိနေမှာမဟုတ်ဘူး။
ဒီလိုဖြစ်အောင်လုပ်ကြစို့။အချိန်ကျလာပြီ။အိုးထရက်ဖို့ဒ်မှာလူသူမရှိ”လို့တင်သွားပါတယ်။
zawgyi