လီဗာပူးလ်နဲ့ပွဲမှာ ကပ္ပတိန် ဂေါင်းကြီးကို တန်ဟက် အရန်ခုံ ပို့မယ် …

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဟာ လီဗာပူးလ်နဲ့

ကစားမယ့်အရေးကြီးပွဲမှာ အသင်းခေါင်းဆောင်မက်ဂွိုင်းယားကို

ပွဲထွက်လူစာရင်းကနေ ချန်လှပ်သွားဖို့ ဆန္ဒရှိနေပါတယ်။ မက်ဂွိုင်းယားဟာ

ရာသီအဖွင့်ပွဲတွေဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ပွဲတွေမှာ နောက်ခံလူသစ်

လီဆန်ဒရိုမာတီနက်ဇ်နဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် လီဗာပူးလ်နဲ့

ပွဲမှာတော့ အဲရစ်တန်ဟက်က သူ့ကို အရန်ခုံပို့ပစ်ဖို့ စီစဉ်နေတယ်လို့

Manchester Evening News သတင်းစာကဖော်ပြခဲ့ပါတယ်။

ရာသီကြိုခြေစမ်းပွဲမှာတုန်းက ဒဏ်ရာရရှိခဲ့တဲ့ ပြင်သစ်ဝါရင့်နောက်ခံလူ

ဗာရန်းဟာ အခုဆိုရင် ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိနေပြီဖြစ်တာကြောင့်

အဲရစ်တန်ဟက်က လီဗာပူးလ်နဲ့ပွဲမှာ ဗာရန်းနဲ့လီဆန်ဒရိုမာတီနက်ဇ်

အတွဲအဖက်ကို အသုံးပြုဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတွေက

မက်ဂွိုင်းယားရဲ့စွမ်းဆောင်ရည်အပေါ် အဲရစ်တန်ဟက် အားမလိုအားမရ

ဖြစ်နေတာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ သူ့ကို ပွဲထွက်စာရင်းကနေ

ချန်လှပ်ဖို့ပြင်ဆင်နေတာပါ။ လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ

ပရီးမီးယားလိဂ်(၂)ပွဲကစားပြီးချိန်မှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး လီဗာပူးလ်က

အဆင့်(၁၂)၊ ယူနိုက်တက်က အဆင့်(၂၀)နေရာတွေမှာ ရပ်တည်နေပါတယ်။

zawgyi

လီဗာပူးလ္နဲ႔ပြဲမွာ ကပၸတိန္ ေဂါင္းႀကီးကို တန္ဟက္ အရန္ခုံ ပို႔မယ္ …

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပအဲရစ္တန္ဟက္ဟာ လီဗာပူးလ္နဲ႔

ကစားမယ့္အေရးႀကီးပြဲမွာ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားကို

ပြဲထြက္လူစာရင္းကေန ခ်န္လွပ္သြားဖို႔ ဆႏၵရွိေနပါတယ္။ မက္ဂြိဳင္းယားဟာ

ရာသီအဖြင့္ပြဲေတြျဖစ္တဲ့ ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔နဲ႔ပြဲေတြမွာ ေနာက္ခံလူသစ္

လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔အတူ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ လီဗာပူးလ္နဲ႔

ပြဲမွာေတာ့ အဲရစ္တန္ဟက္က သူ႔ကို အရန္ခုံပို႔ပစ္ဖို႔ စီစဥ္ေနတယ္လို႔

Manchester Evening News သတင္းစာကေဖာ္ျပခဲ့ပါတယ္။

ရာသီႀကိဳေျခစမ္းပြဲမွာတုန္းက ဒဏ္ရာရရွိခဲ့တဲ့ ျပင္သစ္ဝါရင့္ေနာက္ခံလူ

ဗာရန္းဟာ အခုဆိုရင္ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိေနၿပီျဖစ္တာေၾကာင့္

အဲရစ္တန္ဟက္က လီဗာပူးလ္နဲ႔ပြဲမွာ ဗာရန္းနဲ႔လီဆန္ဒ႐ိုမာတီနက္ဇ္

အတြဲအဖက္ကို အသုံးျပဳဖို႔ရွိေနပါတယ္။ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲေတြက

မက္ဂြိဳင္းယားရဲ႕စြမ္းေဆာင္ရည္အေပၚ အဲရစ္တန္ဟက္ အားမလိုအားမရ

ျဖစ္ေနတာေၾကာင့္ လီဗာပူးလ္နဲ႔ပြဲမွာ သူ႔ကို ပြဲထြက္စာရင္းကေန

ခ်န္လွပ္ဖို႔ျပင္ဆင္ေနတာပါ။ လီဗာပူးလ္နဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ

ပရီးမီးယားလိဂ္(၂)ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့ၿပီး လီဗာပူးလ္က

အဆင့္(၁၂)၊ ယူႏိုက္တက္က အဆင့္(၂၀)ေနရာေတြမွာ ရပ္တည္ေနပါတယ္။