
အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေကတော့
အမျိုးမျိုးထွက်ပေါ်နေကြတာပါ။ အခုလည်း ဘိုင်ယန်မြူးနစ်ဟာ အသင်းက
ထွက်ခွာချင်နေတဲ့ကြယ်ပွင့်တိုက်စစ်မှုးလီဝန်ဒေါစကီးရဲ့နေရာမှာ
စီရော်နယ်ဒိုနဲ့အစားထိုးဖို့ ကြံရွယ်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။
ဒီသတင်းကို ဖော်ပြခဲ့တာကတော့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ AS ပါ။
စိန်ခေါ်မှုသစ်ရှာဖွေချင်နေတဲ့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာနဲ့ကာလရှည်ကြာ
သတင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ စီရော်နယ်ဒိုကလည်း
အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာချင်နေတယ်ဆိုတာ ပိုပြီးရှင်းလင်းလာတာပါ။
အဲဒီပေါ်တူဂီသားဟာ သူ့ကစားသမားဘဝနောက်ဆုံးနှစ်တွေကို ဖြုန်တီးမိတာမျိုး
အဖြစ်မခံချင်ပါဘူး။ ဒါကြောင့် ပြောင်းဖြစ်ရင် ချန်ပီယံလိဂ်အောင်မြင်မှု
ရယူနိုင်မယ့်အသင်းတစ်သင်းဆီသာ ပြောင်းမှာပါ။ ဘိုင်ယန်ကလည်း လီဗာပူးက
မာနီကို ခေါ်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ကြယ်ပွင့်တိုက်စစ်မှုးလီဝန်ဒေါစကီးကို
လက်မလွှတ်ချင်ပါဘူး။ တကယ်လို့ လက်လွှတ်ရရင်လည်း
ဂိုးသွင်းကောင်းတဲ့နောက်ထပ်နာမည်ကြီးတစ်ယောက်ကို ရှာဖွေမှာပါ။
ဒီလိုအနေအထားမှာ စီရော်နယ်ဒိုက သူတို့အတွက် အသင့်တော်ဆုံးကစားသမားဖြစ်နေပါတယ်။
zawgyi
လီ၀န္ေဒါစကီးေနရာမွာ ဒုိေလးနဲ႔အစားထုိးဖုိ႔ ႀကံရြယ္ေနတဲ့ ဘုိင္ယန္ျမဴးနစ္
အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္တဲ့ ေကာလာဟလသတင္းေတြကေတာ့
အမ်ိဳးမ်ိဳးထြက္ေပၚေနၾကတာပါ။ အခုလည္း ဘိုင္ယန္ျမဴးနစ္ဟာ အသင္းက
ထြက္ခြာခ်င္ေနတဲ့ၾကယ္ပြင့္တိုက္စစ္မႈးလီဝန္ေဒါစကီးရဲ႕ေနရာမွာ
စီေရာ္နယ္ဒိုနဲ႔အစားထိုးဖို႔ ႀကံ႐ြယ္ေနတယ္ဆိုတဲ့သတင္းထြက္ေပၚလာပါတယ္။
ဒီသတင္းကို ေဖာ္ျပခဲ့တာကေတာ့ စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ AS ပါ။
စိန္ေခၚမႈသစ္ရွာေဖြခ်င္ေနတဲ့ လီဝန္ေဒါစကီးဟာ ဘာစီလိုနာနဲ႔ကာလရွည္ၾကာ
သတင္းထြက္ခဲ့သူ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာ စီေရာ္နယ္ဒိုကလည္း
အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာခ်င္ေနတယ္ဆိုတာ ပိုၿပီးရွင္းလင္းလာတာပါ။
အဲဒီေပၚတူဂီသားဟာ သူ႔ကစားသမားဘဝေနာက္ဆုံးႏွစ္ေတြကို ျဖဳန္တီးမိတာမ်ိဳး
အျဖစ္မခံခ်င္ပါဘူး။ ဒါေၾကာင့္ ေျပာင္းျဖစ္ရင္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ
ရယူႏိုင္မယ့္အသင္းတစ္သင္းဆီသာ ေျပာင္းမွာပါ။ ဘိုင္ယန္ကလည္း လီဗာပူးက
မာနီကို ေခၚႏိုင္ခဲ့ေပမယ့္ သူတို႔ရဲ႕ၾကယ္ပြင့္တိုက္စစ္မႈးလီဝန္ေဒါစကီးကို
လက္မလႊတ္ခ်င္ပါဘူး။ တကယ္လို႔ လက္လႊတ္ရရင္လည္း
ဂိုးသြင္းေကာင္းတဲ့ေနာက္ထပ္နာမည္ႀကီးတစ္ေယာက္ကို ရွာေဖြမွာပါ။
ဒီလိုအေနအထားမွာ စီေရာ္နယ္ဒိုက သူတို႔အတြက္ အသင့္ေတာ္ဆုံးကစားသမားျဖစ္ေနပါတယ္။