လူငယ်ကြယ်ပွင့်တွေထက် ခြေတစ်လှမ်းသာနေဆဲ GOAT ရော်နယ်ဒို

ဘရိုက်တန်နဲ့ပွဲတုန်းက ကြံ့ခိုင်မှုမပြည့်ဝလို့ဆိုတဲ့အကြောင်းပြချက်နဲ့

ပွဲထွက်ကစားခွင့်မရခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်

လက်ရှိကစားသမားတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်နေတယ်ဆိုတာ

သက်သေပြလိုက်ပြီဖြစ်ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတော်တော်များများကို

လွဲချော်ခဲ့တာကြောင့် နည်းပြအဲရစ်တန်ဟက်က စီရော်နယ်လ်ဒိုအနေနဲ့

ပွဲထွက်ကစားနိုင်လောက်တဲ့အထိ ကြံ့ခိုင်မှုမရှိဘူးလို့ယူဆပြီး ဘရိုက်တန်နဲ့ပွဲမှာ

ဒုတိယပိုင်းမှ လူစားဝင်အဖြစ်အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အခု ယူနိုက်တက်

အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်က ဓာတ်ပုံတွေအရ ကစားသမားတွေဟာ

အသက်(၃၇)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုလောက်တောင်

ပြေးအားမကောင်းတာကို အထင်အရှားတွေ့ရမှာပါ။

ယူနိုက်တက်အသင်းဟာ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေ

အပြေးလေ့ကျင့်နေတဲ့ပုံကို သူတို့ရဲ့ Twitter မှာ Post တင်ခဲ့ပြီး အဲဒီပုံထဲမှာ

စီရော်နယ်လ်ဒိုက ကျန်တဲ့ကစားသမားတွေထက် ခြေတစ်လှမ်းပိုသာနေတာကို

တွေ့မြင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့ကျရင်

ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် ဘရန့်ဖို့ဒ်နဲ့အဝေးကွင်းပွဲ သွားရောက်

ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာတော့ အဲရစ်တန်ဟက်က စီရော်နယ်လ်ဒိုကို

ပွဲထွက်အသုံးပြုဖို့ရှိနေပါပြီ။ ယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲမှာ

ဘရိုက်တန်ကို အိမ်ကွင်းမှာပဲရှုံးနိမ့်ခဲ့သလို ဒုတိယပိုင်းမှ လူစားဝင်

ကစားခဲ့ရတဲ့ စီရော်နယ်လ်ဒိုကလည်း ခြေစွမ်းမပြနိုင်ဘဲ သူ့ရဲ့ဘောလုံး

ထိချက်က စုစုပေါင်း(၁၂)ကြိမ်သာရှိခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုကတော့

လာမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲကျရင် ရလဒ်ကောင်းရယူဖို့ စိတ်အားထက်သန်နေပြီး

အဲဒီပွဲအတွက် ကြိုးစားပြင်ဆင်နေတယ်ဆိုတာ ပရိသတ်တွေကို

အသိပေးခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက သူ့ရဲ့ Twitter မှာ လေ့ကျင့်ရေးကွင်းက

ဓာတ်ပုံကို Post တင်ခဲ့ပြီး ‘ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်

(“Hard work always pays off 🙏🏽💪🏽.”)လို့ Caption ရေးသားခဲ့ပါတယ်။

zawgyi

လူငယ္ၾကယ္ပြင့္ေတြထက္ ေျခတစ္လွမ္းသာေနဆဲ GOAT ေရာ္နယ္ဒုိ

ဘ႐ိုက္တန္နဲ႔ပြဲတုန္းက ႀကံ့ခိုင္မႈမျပည့္ဝလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔

ပြဲထြက္ကစားခြင့္မရခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္

လက္ရွိကစားသမားေတြထဲမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးျဖစ္ေနတယ္ဆိုတာ

သက္ေသျပလိုက္ၿပီျဖစ္ပါတယ္။ အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတာ္ေတာ္မ်ားမ်ားကို

လြဲေခ်ာ္ခဲ့တာေၾကာင့္ နည္းျပအဲရစ္တန္ဟက္က စီေရာ္နယ္လ္ဒိုအေနနဲ႔

ပြဲထြက္ကစားႏိုင္ေလာက္တဲ့အထိ ႀကံ့ခိုင္မႈမရွိဘူးလို႔ယူဆၿပီး ဘ႐ိုက္တန္နဲ႔ပြဲမွာ

ဒုတိယပိုင္းမွ လူစားဝင္အျဖစ္အသုံးျပဳခဲ့ပါတယ္။ ဒါေပမဲ့ အခု ယူႏိုက္တက္

အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္က ဓာတ္ပုံေတြအရ ကစားသမားေတြဟာ

အသက္(၃၇)ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုေလာက္ေတာင္

ေျပးအားမေကာင္းတာကို အထင္အရွားေတြ႕ရမွာပါ။

ယူႏိုက္တက္အသင္းဟာ ေလ့က်င့္ေရးကြင္းမွာ ကစားသမားေတြ

အေျပးေလ့က်င့္ေနတဲ့ပုံကို သူတို႔ရဲ႕ Twitter မွာ Post တင္ခဲ့ၿပီး အဲဒီပုံထဲမွာ

စီေရာ္နယ္လ္ဒိုက က်န္တဲ့ကစားသမားေတြထက္ ေျခတစ္လွမ္းပိုသာေနတာကို

ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ လာမယ့္စေနေန႔က်ရင္

ပရီးမီးယားလိဂ္ပြဲစဥ္(၂)အျဖစ္ ဘရန႔္ဖို႔ဒ္နဲ႔အေဝးကြင္းပြဲ သြားေရာက္

ကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာေတာ့ အဲရစ္တန္ဟက္က စီေရာ္နယ္လ္ဒိုကို

ပြဲထြက္အသုံးျပဳဖို႔ရွိေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ ရာသီအဖြင့္ပြဲမွာ

ဘ႐ိုက္တန္ကို အိမ္ကြင္းမွာပဲရႈံးနိမ့္ခဲ့သလို ဒုတိယပိုင္းမွ လူစားဝင္

ကစားခဲ့ရတဲ့ စီေရာ္နယ္လ္ဒိုကလည္း ေျခစြမ္းမျပႏိုင္ဘဲ သူ႔ရဲ႕ေဘာလုံး

ထိခ်က္က စုစုေပါင္း(၁၂)ႀကိမ္သာရွိခဲ့ပါတယ္။ ဒါေပမဲ့ စီေရာ္နယ္လ္ဒိုကေတာ့

လာမယ့္ ဘရန႔္ဖို႔ဒ္နဲ႔ပြဲက်ရင္ ရလဒ္ေကာင္းရယူဖို႔ စိတ္အားထက္သန္ေနၿပီး

အဲဒီပြဲအတြက္ ႀကိဳးစားျပင္ဆင္ေနတယ္ဆိုတာ ပရိသတ္ေတြကို

အသိေပးခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုက သူ႔ရဲ႕ Twitter မွာ ေလ့က်င့္ေရးကြင္းက

ဓာတ္ပုံကို Post တင္ခဲ့ၿပီး ‘ႀကိဳးစားရင္ ဘာမဆိုျဖစ္ႏိုင္တယ္

(“Hard work always pays off 🙏🏽💪🏽.”)လို႔ Caption ေရးသားခဲ့ပါတယ္။