လေ့ကျင့်ခန်းကွင်းမှာ ရန်မဖြစ်ကြဖို့ သရဲနီစတားနှစ်ဦးကို တားမြစ်ထားရတဲ့ တန်ဟန့်

နည်းပြ အဲရစ် တန်ဟန့်ဟာ မန်ချက်စတာယူနိုက်တက်ကစားသမားသစ်တွေဖြစ်ကြတဲ့

တိုင်ရယ် မာလစီယာနဲ့ အန်တိုနီတို့ကို လေ့ကျင့်ရေးကွင်းမှာ တစ်ဦးအပေါ်တစ်ဦး

အလျှော့ပေးကြဖို့ ပြောဆိုထားရပါတယ်။ မာလစီယာဟာ ပြီးခဲ့တဲ့

နွေဈေးကွက်မှာ တန်ဟန့် ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီးတော့၊

ဖီယင်နုအသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့

မန်ယူအသင်းကို ခရစ္စတန်ဆန် အဲရစ်ဆန်၊ လီဆန်ဒရို မာတီးနက်ဇ်နဲ့

ကတ်စ်မဲရိုးတို့ ရောက်ရှိလာခဲ့ပြီး၊ အန်တိုနီကတော့ ပဉ္စမမြောက်

ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကို

ရောက်လာတဲ့အချိန်ကစတင်ပြီး၊ မာလစီယာနဲ့ အန်တိုနီတို့နှစ်ဦးစလုံးဟာ

တန်ဟန့်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရတဲ့ ကစားသမားတွေအဖြစ်

ခြေစွမ်းတွေနဲ့ သက်သေပြထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကတော့

မာလစီယာနဲ့ အန်တိုနီတို့နှစ်ဦးဟာ နယ်သာလန်အမှတ်ပေးလိဂ်မှာ

ပြိုင်ဘက်ကစားသမားတွေအဖြစ် ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပေမယ့်၊

အခုချိန်မှာတော့ တန်ဟန့်ဟာ မန်ယူအသင်းကို ပြန်လည်တည်ဆောက်ဖို့

အဓိကကျတဲ့နေရာတွေအတွက် နှစ်ဦးလုံးကို တစ်ပြိုင်တည်းခေါ်ယူခဲ့တာကြောင့်

အသင်းဖော်တွေဖြစ်နေကြပါတယ်။ သူတို့နှစ်ဦးဟာ ပြိုင်ဘက်တွေ

ဖြစ်ကြတာကြောင့် မန်ယူအသင်းကို ရောက်လာချိန်မှာ တစ်ဦးအပေါ်တစ်ဦး

အလျှော့ပေးကြဖို့ တန်ဟန့်က ပြောထားရကြောင်း မာလစီယာက

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ ဖွင့်ဟပြောဆိုလာပါတယ်။

“ မန်ချက်စတာယူနိုက်တက်ဆီကို အန်တိုနီရောက်လာတော့ နည်းပြ

ပထမဆုံးပြောတာက ‘ ကောင်လေးတွေ တစ်ယောက်အပေါ် တစ်ယောက်

အလျှော့ပေးကြနော် ’ ဆိုပြီးတော့ပါ။ အန်တိုနီက ကစားသမားကောင်းတစ်ဦးပါ၊

သူနဲ့ ရင်ဆိုင်ကစားရတာကို ကျွန်တော်ကြိုက်ပါတယ်၊ အခုတော့ သူနဲ့အတူ

ကစားရတာက အရမ်းကောင်းပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

zawgyi

ေလ့က်င့္ခန္းကြင္းမွာ ရန္မျဖစ္ၾကဖို႔ သရဲနီစတားႏွစ္ဦးကုိ တားျမစ္ထားရတဲ့ တန္ဟန္႔

နည္းျပ အဲရစ္ တန္ဟန႔္ဟာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားသစ္ေတြျဖစ္ၾကတဲ့

တိုင္ရယ္ မာလစီယာနဲ႔ အန္တိုနီတို႔ကို ေလ့က်င့္ေရးကြင္းမွာ တစ္ဦးအေပၚတစ္ဦး

အေလွ်ာ့ေပးၾကဖို႔ ေျပာဆိုထားရပါတယ္။ မာလစီယာဟာ ၿပီးခဲ့တဲ့

ေႏြေဈးကြက္မွာ တန္ဟန႔္ ပထမဆုံး ေခၚယူခဲ့တဲ့ ကစားသမားျဖစ္ၿပီးေတာ့၊

ဖီယင္ႏုအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့

မန္ယူအသင္းကို ခရစၥတန္ဆန္ အဲရစ္ဆန္၊ လီဆန္ဒ႐ို မာတီးနက္ဇ္နဲ႔

ကတ္စ္မဲ႐ိုးတို႔ ေရာက္ရွိလာခဲ့ၿပီး၊ အန္တိုနီကေတာ့ ပၪၥမေျမာက္

ေရာက္ရွိလာခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ အိုးထရက္ဖို႔ဒ္ကို

ေရာက္လာတဲ့အခ်ိန္ကစတင္ၿပီး၊ မာလစီယာနဲ႔ အန္တိုနီတို႔ႏွစ္ဦးစလုံးဟာ

တန္ဟန႔္ရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္ရတဲ့ ကစားသမားေတြအျဖစ္

ေျခစြမ္းေတြနဲ႔ သက္ေသျပထားႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းကေတာ့

မာလစီယာနဲ႔ အန္တိုနီတို႔ႏွစ္ဦးဟာ နယ္သာလန္အမွတ္ေပးလိဂ္မွာ

ၿပိဳင္ဘက္ကစားသမားေတြအျဖစ္ ယွဥ္ၿပိဳင္ခဲ့ၾကရတာ ျဖစ္ေပမယ့္၊

အခုခ်ိန္မွာေတာ့ တန္ဟန႔္ဟာ မန္ယူအသင္းကို ျပန္လည္တည္ေဆာက္ဖို႔

အဓိကက်တဲ့ေနရာေတြအတြက္ ႏွစ္ဦးလုံးကို တစ္ၿပိဳင္တည္းေခၚယူခဲ့တာေၾကာင့္

အသင္းေဖာ္ေတြျဖစ္ေနၾကပါတယ္။ သူတို႔ႏွစ္ဦးဟာ ၿပိဳင္ဘက္ေတြ

ျဖစ္ၾကတာေၾကာင့္ မန္ယူအသင္းကို ေရာက္လာခ်ိန္မွာ တစ္ဦးအေပၚတစ္ဦး

အေလွ်ာ့ေပးၾကဖို႔ တန္ဟန႔္က ေျပာထားရေၾကာင္း မာလစီယာက

ေနာက္ဆုံးျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဳးမွာ ဖြင့္ဟေျပာဆိုလာပါတယ္။

“ မန္ခ်က္စတာယူႏိုက္တက္ဆီကို အန္တိုနီေရာက္လာေတာ့ နည္းျပ

ပထမဆုံးေျပာတာက ‘ ေကာင္ေလးေတြ တစ္ေယာက္အေပၚ တစ္ေယာက္

အေလွ်ာ့ေပးၾကေနာ္ ’ ဆိုၿပီးေတာ့ပါ။ အန္တိုနီက ကစားသမားေကာင္းတစ္ဦးပါ၊

သူနဲ႔ ရင္ဆိုင္ကစားရတာကို ကြၽန္ေတာ္ႀကိဳက္ပါတယ္၊ အခုေတာ့ သူနဲ႔အတူ

ကစားရတာက အရမ္းေကာင္းပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။