
အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား
စီရော်နယ်လ်ဒိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ မယုံနိုင်လောက်တဲ့
အမြင့်ခုန်စွမ်းရည်ကြောင့် သူ့အသင်းဖော်တစ်ဦးတောင်
ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ခဲ့ရပါတယ်။ စီရော်နယ်လ်ဒိုဟာ
အခုဇန်နဝါရီလအစောပိုင်းက အယ်လ်နာဆာအသင်းကို
တရားဝင်ပြောင်းရွှေ့ခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့်
အသင်းသစ်အတွက် ပွဲထွက်ခွင့်မရသေးဘဲ ဇန်နဝါရီ(၂၂)ရက်ကျရင်
Al-Ettifaq နဲ့ကစားမယ့် ဆော်ဒီပရိုလိဂ်ပွဲမှ ပါဝင်ကစားနိုင်ဖို့
ရှိပါတယ်။ လာမယ့်ဖေဖော်ဝါရီလ (၅)ရက်ကျရင်
အသက်(၃၈)နှစ်ပြည့်မှာဖြစ်ပေမယ့် စီရော်နယ်လ်ဒိုရဲ့
ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အမြင့်ဘောစွမ်းဆောင်ရည်ကတော့
ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်ပြီး အခု အယ်လ်နာဆာအသင်း
လေ့ကျင့်ရေးကွင်းမှာ စီရော်နယ်လ်ဒိုက အသင်းဖော်တွေ
အားလုံးထက် ပိုမြင့်အောင် ခုန်ပြပြီးတော့ ခေါင်းတိုက်သွင်းဖို့
ကြိုးစားခဲ့သလို သူ့ရဲ့ အမြင့်ခုန်စွမ်းရည်ကို အသင်းဖော်တစ်ဦးက
မယုံနိုင်အောင်ပဲ ပါးစပ်အဟောင်းသားဖြစ်ခဲ့တဲ့ ဓာတ်ပုံက
အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။ စီရော်နယ်လ်ဒိုဟာ
ကစားသမားဘဝတစ်လျှောက် အမြင့်ခုန်စွမ်းရည်နဲ့
အံ့အားသ့င်စရာကောင်းတဲ့ ခေါင်းတိုက်ဂိုးတွေ သွင်းယူခဲ့ဖူးပြီး
အထင်ရှားဆုံးက ဂျူဗင်တပ်စ်ကစားသမားဘဝ၊
၂၀၁၉ ခုနှစ်အတွင်း ဆမ်ဒိုးရီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ
(၂.၅)မီတာ (၈.၃၉ပေ)အမြင့်ကို ခုန်ပြီးတော့ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။
zawgyi
ေလ့က်င့္ခန္းအစီအစဥ္မွာ စီေရာ္နယ္လ္ဒိုရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အသင္းေဖာ္တစ္ဦး ပါးစပ္အေဟာင္းသားနဲ႔ အံ့အားတႀကီးျဖစ္ခဲ့
အယ္လ္နာဆာအသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒိုဟာ ေလ့က်င့္ခန္းအစီအစဥ္မွာ မယုံႏိုင္ေလာက္တဲ့
အျမင့္ခုန္စြမ္းရည္ေၾကာင့္ သူ႔အသင္းေဖာ္တစ္ဦးေတာင္
ပါးစပ္အေဟာင္းသားနဲ႔ အံ့အားသင့္ခဲ့ရပါတယ္။ စီေရာ္နယ္လ္ဒိုဟာ
အခုဇန္နဝါရီလအေစာပိုင္းက အယ္လ္နာဆာအသင္းကို
တရားဝင္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ပြဲပယ္ျပစ္ဒဏ္ေၾကာင့္
အသင္းသစ္အတြက္ ပြဲထြက္ခြင့္မရေသးဘဲ ဇန္နဝါရီ(၂၂)ရက္က်ရင္
Al-Ettifaq နဲ႔ကစားမယ့္ ေဆာ္ဒီပ႐ိုလိဂ္ပြဲမွ ပါဝင္ကစားႏိုင္ဖို႔
ရွိပါတယ္။ လာမယ့္ေဖေဖာ္ဝါရီလ (၅)ရက္က်ရင္
အသက္(၃၈)ႏွစ္ျပည့္မွာျဖစ္ေပမယ့္ စီေရာ္နယ္လ္ဒိုရဲ႕
ခႏၶာကိုယ္ႀကံ့ခိုင္မႈနဲ႔ အျမင့္ေဘာစြမ္းေဆာင္ရည္ကေတာ့
ထိပ္တန္းအဆင့္မွာရွိေနဆဲျဖစ္ၿပီး အခု အယ္လ္နာဆာအသင္း
ေလ့က်င့္ေရးကြင္းမွာ စီေရာ္နယ္လ္ဒိုက အသင္းေဖာ္ေတြ
အားလုံးထက္ ပိုျမင့္ေအာင္ ခုန္ျပၿပီးေတာ့ ေခါင္းတိုက္သြင္းဖို႔
ႀကိဳးစားခဲ့သလို သူ႔ရဲ႕ အျမင့္ခုန္စြမ္းရည္ကို အသင္းေဖာ္တစ္ဦးက
မယုံႏိုင္ေအာင္ပဲ ပါးစပ္အေဟာင္းသားျဖစ္ခဲ့တဲ့ ဓာတ္ပုံက
အြန္လိုင္းေပၚမွာ ေရပန္းစားေနပါတယ္။ စီေရာ္နယ္လ္ဒိုဟာ
ကစားသမားဘဝတစ္ေလွ်ာက္ အျမင့္ခုန္စြမ္းရည္နဲ႔
အံ့အားသ့င္စရာေကာင္းတဲ့ ေခါင္းတိုက္ဂိုးေတြ သြင္းယူခဲ့ဖူးၿပီး
အထင္ရွားဆုံးက ဂ်ဴဗင္တပ္စ္ကစားသမားဘဝ၊
၂၀၁၉ ခုႏွစ္အတြင္း ဆမ္ဒိုးရီးယားနဲ႔ကစားခဲ့တဲ့ပြဲမွာ
(၂.၅)မီတာ (၈.၃၉ေပ)အျမင့္ကို ခုန္ၿပီးေတာ့ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ပါတယ္။