လေ့ကျင့်ရေးကွင်းထိလာပြီး ဒီဂျောင်ကို ဆ-ဲဆ-ိုခဲ့ကြတဲ့ ဘာကာပရိသတ်များ

ဘာစီလိုနာပရိသတ်များဟာလေ့ကျင့်ရေးကွင်းသို့ရောက်လာတဲ့ယူနိုက်တက်နှင့်

ချဲလ်ဆီးပစ်မှတ်ဖရန်ကီဒီဂျောင်ကိုလုပ်ခလျှော့ယူရန်ငြင်းဆိုနေမှုအတွက်

ဆဲဆိုမှုပြုလုပ်ခဲ့ကြပါတယ်။ ဟော်လန်ကွင်းလယ်ကစားသမားဟာဘာစီလိုနာ

လေ့ကျင့်ရေးကွင်းသို့ကားမောင်းရောက်လာစဉ်ပရိသတ်များနှင့်ထိပ်တိုက်

တွေ့ခဲ့တာလည်းဖြစ်ပါတယ်။ သူဟာချဲလ်ဆီးသို့ပေါင်၆၇.၆သန်းဖြင့်ပြောင်းရွှေ့ရန်

သဘောတူညီမှုရထားကြောင်းသတင်းများထွက်ပေါ်နေသူလည်းဖြစ်ပါတယ်။

တဖက်တွင်ယူနိုက်တက်ကလည်းဒီဂျောင်ကိုခေါ်ယူရေးလက်မလျှော့သေးပေမဲ့

ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ချဲလ်ဆီးကနှာတစ်ဖျားအသာရနေပါတယ်။

ဒီဂျောင်ကတော့ဘာစီလိုနာတွင်ပင်ဆက်ကစားလိုကြောင်းပြောကြားထားပါတယ်။

ဒါပေမဲ့ဘာစီလိုနာကလည်းသူ့ကိုလုပ်ခကြွေးကျန်များစွာရှိနေပေမဲ့လည်း

လုပ်ခလျှော့ယူစေလိုနေပါတယ်။ ဒီဂျောင်ကိုယ်တိုင်ကလည်းကလပ်

အဆင်ပြေစေရေးအတွက်လုပ်ခတချို့လျှော့ယူရန်စဉ်းစားနေပုံရပါတယ်။

ဒါပေမဲ့သူဟာလေ့ကျင့်ရေးကွင်းသို့ Porsche ကားဖြင့်ရောက်လာချိန်မှာတော့

ပရိသတ်အချို့တို့ရဲ့’လုပ်ခလျှော့ယူ၊ခွေးကောင်”ဆိုပြီးဆဲဆိုခြင်းခံခဲ့ရပါတယ်။

တဖက်တွင်ဘာစီလိုနာအနေဖြင့်အသက်၂၅နှစ်ရှိဒီဂျောင်ကိုရောင်းချနိုင်မည်

ဆိုပါကအသစ်ခေါ်ယူထားတဲ့ကစားသမားသစ်ငါးဦးကိုမှတ်ပုံတင်နိုင်ရေး

မျှော်လင့်ချက်လင်းလက်လာပါမယ်။

zawgyi

ေလ့က်င့္ေရးကြင္းထိလာၿပီး ဒီေဂ်ာင္ကုိ ဆ-ဲဆ-ိုခဲ့ၾကတဲ့ ဘာကာပရိသတ္မ်ား

ဘာစီလိုနာပရိသတ္မ်ားဟာေလ့က်င့္ေရးကြင္းသို႔ေရာက္လာတဲ့ယူႏိုက္တက္ႏွင့္

ခ်ဲလ္ဆီးပစ္မွတ္ဖရန္ကီဒီေဂ်ာင္ကိုလုပ္ခေလွ်ာ့ယူရန္ျငင္းဆိုေနမႈအတြက္

ဆဲဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။ ေဟာ္လန္ကြင္းလယ္ကစားသမားဟာဘာစီလိုနာ

ေလ့က်င့္ေရးကြင္းသို႔ကားေမာင္းေရာက္လာစဥ္ပရိသတ္မ်ားႏွင့္ထိပ္တိုက္

ေတြ႕ခဲ့တာလည္းျဖစ္ပါတယ္။ သူဟာခ်ဲလ္ဆီးသို႔ေပါင္၆၇.၆သန္းျဖင့္ေျပာင္းေ႐ႊ႕ရန္

သေဘာတူညီမႈရထားေၾကာင္းသတင္းမ်ားထြက္ေပၚေနသူလည္းျဖစ္ပါတယ္။

တဖက္တြင္ယူႏိုက္တက္ကလည္းဒီေဂ်ာင္ကိုေခၚယူေရးလက္မေလွ်ာ့ေသးေပမဲ့

ခ်န္ပီယံလိဂ္ဝင္ခြင့္ရထားတဲ့ခ်ဲလ္ဆီးကႏွာတစ္ဖ်ားအသာရေနပါတယ္။

ဒီေဂ်ာင္ကေတာ့ဘာစီလိုနာတြင္ပင္ဆက္ကစားလိုေၾကာင္းေျပာၾကားထားပါတယ္။

ဒါေပမဲ့ဘာစီလိုနာကလည္းသူ႔ကိုလုပ္ခေႂကြးက်န္မ်ားစြာရွိေနေပမဲ့လည္း

လုပ္ခေလွ်ာ့ယူေစလိုေနပါတယ္။ ဒီေဂ်ာင္ကိုယ္တိုင္ကလည္းကလပ္

အဆင္ေျပေစေရးအတြက္လုပ္ခတခ်ိဳ႕ေလွ်ာ့ယူရန္စဥ္းစားေနပုံရပါတယ္။

ဒါေပမဲ့သူဟာေလ့က်င့္ေရးကြင္းသို႔ Porsche ကားျဖင့္ေရာက္လာခ်ိန္မွာေတာ့

ပရိသတ္အခ်ိဳ႕တို႔ရဲ႕’လုပ္ခေလွ်ာ့ယူ၊ေခြးေကာင္”ဆိုၿပီးဆဲဆိုျခင္းခံခဲ့ရပါတယ္။

တဖက္တြင္ဘာစီလိုနာအေနျဖင့္အသက္၂၅ႏွစ္ရွိဒီေဂ်ာင္ကိုေရာင္းခ်ႏိုင္မည္

ဆိုပါကအသစ္ေခၚယူထားတဲ့ကစားသမားသစ္ငါးဦးကိုမွတ္ပုံတင္ႏိုင္ေရး

ေမွ်ာ္လင့္ခ်က္လင္းလက္လာပါမယ္။