ဝက်စ်ဟမ်းနဲ့ပွဲမှာ မကစားနိုင်ဘဲ ပရိသတ်အဖြစ်သာ အားပေးခဲ့ရတဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့်

အန်တိုနီဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အသင်းအတွက် ပါဝင်မကစားနိုင်ခဲ့ဘဲ

ပွဲကြည့်ပရိသတ်အဖြစ်သာ အားပေးခဲ့ရပါတယ်။ အန်တိုနီဟာ

ယူနိုက်တက်ကို စတင်ရောက်ရှိခဲ့ချိန်ကစလို့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက်

ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲမှာ အဲရစ်တန်ဟက်က

သူ့ကို လူစာရင်းမှာတောင် မထည့်ခဲ့ပါဘူး။ ရှရစ်ဖ်နဲ့ပွဲတုန်းက မလိုအပ်ဘဲ

Skill ပြခဲ့တဲ့အတွက် ဝေဖန်သံတွေထွက်ပေါ်ခဲ့တာကြောင့် အန်တိုနီကို

လူစာရင်းကနေ ချန်လှပ်ခဲ့တာလားဆိုပြီး မီဒီယာတွေက

မေးခွန်းထုတ်ခဲ့ပေမယ့် အဲရစ်တန်ဟက်က “မဟုတ်ပါဘူး။

အန်တိုနီဟာ ဒဏ်ရာရနေပြီး အရမ်းကြီး မပြင်းထန်ဖို့ ကျွန်တော်

မျှော်လင့်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာတော့ အန်တိုနီ

ပြန်ကစားနိုင်ပါလိမ့်မယ်”လို့ ဖြေရှင်းခဲ့ပါတယ်။

အန်တိုနီဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ မကစားနိုင်ပေမယ့် အိုးလ်ထရက်ဖို့ဒ်

ကွင်းထဲက VIP Box မှာ လူကိုယ်တိုင် လာရောက်အားပေးခဲ့ပြီး

အဲဒီဓာတ်ပုံနဲ့အတူ ‘ကံကောင်းပါစေ . .မန်ချက်စတာယူနိုက်တက်။

ပရီးမီးယားလိဂ်ရဲ့ အရေးပါတဲ့ပွဲကို ပရိသတ်အဖြစ် အားပေးမှာဖြစ်ပါတယ်။

Let’s go!”ဆိုပြီးတော့ သူ့ရဲ့ Instagram မှာ Post တင်ခဲ့ပါတယ်။

zawgyi

ဝက္စ္ဟမ္းနဲ႔ပြဲမွာ မကစားႏိုင္ဘဲ ပရိသတ္အျဖစ္သာ အားေပးခဲ့ရတဲ့ အန္တိုနီ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္

အန္တိုနီဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အသင္းအတြက္ ပါဝင္မကစားႏိုင္ခဲ့ဘဲ

ပြဲၾကည့္ပရိသတ္အျဖစ္သာ အားေပးခဲ့ရပါတယ္။ အန္တိုနီဟာ

ယူႏိုက္တက္ကို စတင္ေရာက္ရွိခဲ့ခ်ိန္ကစလို႔ ၿပိဳင္ပြဲစုံ(၁၁)ပြဲဆက္

ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အဲရစ္တန္ဟက္က

သူ႔ကို လူစာရင္းမွာေတာင္ မထည့္ခဲ့ပါဘူး။ ရွရစ္ဖ္နဲ႔ပြဲတုန္းက မလိုအပ္ဘဲ

Skill ျပခဲ့တဲ့အတြက္ ေဝဖန္သံေတြထြက္ေပၚခဲ့တာေၾကာင့္ အန္တိုနီကို

လူစာရင္းကေန ခ်န္လွပ္ခဲ့တာလားဆိုၿပီး မီဒီယာေတြက

ေမးခြန္းထုတ္ခဲ့ေပမယ့္ အဲရစ္တန္ဟက္က “မဟုတ္ပါဘူး။

အန္တိုနီဟာ ဒဏ္ရာရေနၿပီး အရမ္းႀကီး မျပင္းထန္ဖို႔ ကြၽန္ေတာ္

ေမွ်ာ္လင့္ပါတယ္။ လာမယ့္ရက္ပိုင္းအတြင္းမွာေတာ့ အန္တိုနီ

ျပန္ကစားႏိုင္ပါလိမ့္မယ္”လို႔ ေျဖရွင္းခဲ့ပါတယ္။

အန္တိုနီဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ မကစားႏိုင္ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္

ကြင္းထဲက VIP Box မွာ လူကိုယ္တိုင္ လာေရာက္အားေပးခဲ့ၿပီး

အဲဒီဓာတ္ပုံနဲ႔အတူ ‘ကံေကာင္းပါေစ . .မန္ခ်က္စတာယူႏိုက္တက္။

ပရီးမီးယားလိဂ္ရဲ႕ အေရးပါတဲ့ပြဲကို ပရိသတ္အျဖစ္ အားေပးမွာျဖစ္ပါတယ္။

Let’s go!”ဆိုၿပီးေတာ့ သူ႔ရဲ႕ Instagram မွာ Post တင္ခဲ့ပါတယ္။