
စကော့မက်တိုမီနေးဟာကြာသပတေးနေ့တုန်းက အိုမိုနီယာနီကိုရှားကို
မန်ချက်စတာယူနိုက်တက်အနိုင်ရရှိတဲ့ပွဲစဉ်မှာအရန်ခုံမှထလာပြီး
အနိုင်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် ၂၃နှစ်ကြာစံချိန်ကိုရိုက်ချိုးလာပါတယ်။
ယူနိုက်တက်ဟာကြားရက်တုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင် အိုမိုနီယာ
ဂိုးသမားဖရန်ဆစ်အူဇိုဟိုလက်စွမ်းပြကစားနေမှုနှင့်အတူ ဂိုးသွင်းရ
ခက်ခဲတဲ့ညတစ်ညကြုံတွေ့ခဲ့ရပါတယ်။ အိုမိုနီယာဂိုးသမားအူဇိုဟိုဟာ
ကန်ချက်၁၁ကြိမ်အထိကာကွယ်သွားနိုင်ခဲ့ပြီး ဆိုက်ပရပ်စ်ကလပ်မှာ
အိုးထရက်ဖို့ဒ်တွင်ရမှတ်တစ်မှတ်ရယူလာမယ့်အခြေအနေမျိုးမှာရှိနေခဲ့ပါတယ်။
ဒါပေမဲ့ လူစားဝင်လာတဲ့စကော့မက်တိုမီနေးဟာပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ
အနိုင်ဂိုးသွင်းခဲ့တာကြောင့်ယူနိုက်တက်တို့၁-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
အသက်၂၅နှစ်ရှိစကော့တလန်လက်ရွေးစင်ဟာယင်းဂိုးကြောင့်
စံချိန်တစ်ခုလည်းရေးထိုးနိုင်ခဲ့ပါတယ်။ သူဟာ၁၉၉၉ခုနှစ်တုန်းက
နူးကမ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အိုလီဂန်းဆိုးလ်ရှား လူစားဝင်လာပြီး
ဂိုးသွင်းယူခဲ့ပြီးနောက် အချိန်ပိုတွင်ယူနိုက်တက်အတွက် လူစားဝင်ကာ
ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းရေးထိုးလာနိုင်ခဲ့ပါတယ်။
zawgyi
သရဲနီေတြ ဂုိးသြင္းဖို႔ခက္ခဲတဲ့ပြဲစဥ္မွာ စံခ်ိန္သစ္ေရးထုိးလုိက္တဲ့ တုိမီေနး
စေကာ့မက္တိုမီေနးဟာၾကာသပေတးေန႔တုန္းက အိုမိုနီယာနီကိုရွားကို
မန္ခ်က္စတာယူႏိုက္တက္အႏိုင္ရရွိတဲ့ပြဲစဥ္မွာအရန္ခုံမွထလာၿပီး
အႏိုင္ဂိုးသြင္းယူခဲ့ၿပီးတဲ့ေနာက္ ၂၃ႏွစ္ၾကာစံခ်ိန္ကို႐ိုက္ခ်ိဳးလာပါတယ္။
ယူႏိုက္တက္ဟာၾကားရက္တုန္းကအိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္ အိုမိုနီယာ
ဂိုးသမားဖရန္ဆစ္အူဇိုဟိုလက္စြမ္းျပကစားေနမႈႏွင့္အတူ ဂိုးသြင္းရ
ခက္ခဲတဲ့ညတစ္ညႀကဳံေတြ႕ခဲ့ရပါတယ္။ အိုမိုနီယာဂိုးသမားအူဇိုဟိုဟာ
ကန္ခ်က္၁၁ႀကိမ္အထိကာကြယ္သြားႏိုင္ခဲ့ၿပီး ဆိုက္ပရပ္စ္ကလပ္မွာ
အိုးထရက္ဖို႔ဒ္တြင္ရမွတ္တစ္မွတ္ရယူလာမယ့္အေျခအေနမ်ိဳးမွာရွိေနခဲ့ပါတယ္။
ဒါေပမဲ့ လူစားဝင္လာတဲ့စေကာ့မက္တိုမီေနးဟာပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာ
အႏိုင္ဂိုးသြင္းခဲ့တာေၾကာင့္ယူႏိုက္တက္တို႔၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
အသက္၂၅ႏွစ္ရွိစေကာ့တလန္လက္ေ႐ြးစင္ဟာယင္းဂိုးေၾကာင့္
စံခ်ိန္တစ္ခုလည္းေရးထိုးႏိုင္ခဲ့ပါတယ္။ သူဟာ၁၉၉၉ခုႏွစ္တုန္းက
ႏူးကမ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ အိုလီဂန္းဆိုးလ္ရွား လူစားဝင္လာၿပီး
ဂိုးသြင္းယူခဲ့ၿပီးေနာက္ အခ်ိန္ပိုတြင္ယူႏိုက္တက္အတြက္ လူစားဝင္ကာ
ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းေရးထိုးလာႏိုင္ခဲ့ပါတယ္။