M Diary Channel

Local and Sport News

“သရဲနီတွေ အနေနဲ့ ကာရစ်ကိုပဲ ရာသီကုန်အထိနည်းပြအဖြစ်ခန့်သွားသင့်တယ်”

မန်ချက်စတာယူနိုက်တက်အသင်း နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့

အန်ဒရေကင်ချယ်လ်စကီးက မန်ချက်စတာယူနိုက်တက်အသင်းဟာ

မိုက်ကယ်ကာရစ်ကို ရာသီကုန်အထိ နည်းပြအဖြစ်ဆောင်ရွက်သွားဖို့တာဝန်ပေး

သင့်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို

ရာထူးကထုတ်ပယ်ခဲ့ပြီးတဲ့နောက် ကာရစ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပေမယ့်

မကြာသေးခင်က ဂျာမန်နာမည်ကျော်နည်းပြကြီးရန်နစ်ခ်ကို (၆)လစာချုပ်နဲ့

ယာယီနည်းပြသစ်ခန့်အပ်ခဲ့တာကြောင့် ကာရစ်ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ

သူ့ရဲ့ယာယီနည်းပြဘဝနောက်ဆုံးပွဲအဖြစ်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ကင်ချယ်လ်စကီးက လိုကိုမိုးတစ်အသင်းမှာ ရန်နစ်ခ်ဟာ အားကစားနဲ့

အသင်းဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ်ဆောင်ရွက်ခဲ့ချိန်မှာ ကျေနပ်စရာ

ကောင်းတဲ့ရလဒ်ထွက်ပေါ်ခဲ့ပေမယ့် သူ့ကို ယူနိုက်တက်အသင်း

ယာယီနည်းပြခန့်အပ်ခဲ့တာက မှားယွင်းတယ်လို့ ယူဆနေပါတယ်။

ကင်ချယ်လ်စကီးက ”(၆)လလောက်အချိန်နဲ့ အသင်းတစ်သင်းကို

ပြုပြင်တည်ဆောက်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ကျွန်တော်ကတော့

ကာရစ်ကိုပဲ ယာယီနည်းပြအဖြစ်ဆက်လက်ခန့်အပ်တာကို မြင်ချင်ပေမယ့်

ဖြစ်မလာခဲ့ဘဲ ယူနိုက်တက်အသင်းရဲ့လုပ်ရပ်က မှန်ကန်ပါစေလို့

မျှော်လင့်ပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။

zawgyi

“သရဲနီေတြ အေနနဲ႔ ကာရစ္ကိုပဲ ရာသီကုန္အထိနည္းျပအျဖစ္ခန႔္သြားသင့္တယ္”

မန္ခ်က္စတာယူႏိုက္တက္အသင္း နာမည္ေက်ာ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့

အန္ဒေရကင္ခ်ယ္လ္စကီးက မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ

မိုက္ကယ္ကာရစ္ကို ရာသီကုန္အထိ နည္းျပအျဖစ္ေဆာင္႐ြက္သြားဖို႔တာဝန္ေပး

သင့္တယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဆိုးလ္ရွားကို

ရာထူးကထုတ္ပယ္ခဲ့ၿပီးတဲ့ေနာက္ ကာရစ္ကို ယာယီနည္းျပအျဖစ္ခန႔္အပ္ခဲ့ေပမယ့္

မၾကာေသးခင္က ဂ်ာမန္နာမည္ေက်ာ္နည္းျပႀကီးရန္နစ္ခ္ကို (၆)လစာခ်ဳပ္နဲ႔

ယာယီနည္းျပသစ္ခန႔္အပ္ခဲ့တာေၾကာင့္ ကာရစ္ဟာ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ

သူ႔ရဲ႕ယာယီနည္းျပဘဝေနာက္ဆုံးပြဲအျဖစ္ကိုင္တြယ္သြားမွာျဖစ္ပါတယ္။

ကင္ခ်ယ္လ္စကီးက လိုကိုမိုးတစ္အသင္းမွာ ရန္နစ္ခ္ဟာ အားကစားနဲ႔

အသင္းဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲအျဖစ္ေဆာင္႐ြက္ခဲ့ခ်ိန္မွာ ေက်နပ္စရာ

ေကာင္းတဲ့ရလဒ္ထြက္ေပၚခဲ့ေပမယ့္ သူ႔ကို ယူႏိုက္တက္အသင္း

ယာယီနည္းျပခန႔္အပ္ခဲ့တာက မွားယြင္းတယ္လို႔ ယူဆေနပါတယ္။

ကင္ခ်ယ္လ္စကီးက ”(၆)လေလာက္အခ်ိန္နဲ႔ အသင္းတစ္သင္းကို

ျပဳျပင္တည္ေဆာက္ႏိုင္ဖို႔ဆိုတာ ခက္ခဲလြန္းပါတယ္။ ကြၽန္ေတာ္ကေတာ့

ကာရစ္ကိုပဲ ယာယီနည္းျပအျဖစ္ဆက္လက္ခန႔္အပ္တာကို ျမင္ခ်င္ေပမယ့္

ျဖစ္မလာခဲ့ဘဲ ယူႏိုက္တက္အသင္းရဲ႕လုပ္ရပ္က မွန္ကန္ပါေစလို႔

ေမွ်ာ္လင့္ပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm