M Diary Channel

Local and Sport News

သရဲနီနည်းပြရာထူးနေရာကို လိုင်ယွန်နည်းပြဟောင်းဂါစီယာနဲ့ အီတလီနည်းပြမန်စီနီ ဘယ်သူရောက်လာမလဲ?

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ်ရာထူးအတွက် လိုင်ယွန်နဲ့

ရိုးမားအသင်းနည်းပြဟောင်းရူဒီဂါစီယာ၊ အီတလီအသင်းနည်းပြမန်စီနီတို့ကို

ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေပါတယ်။ ယူနိုက်တက်အသင်းဟာ

ဝက်ဖို့ဒ်ကို(၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားနဲ့လမ်းခွဲခဲ့ပြီး

ယာယီနည်းပြအဖြစ် ကာရစ်ကို ခန့်အပ်ထားပေမယ့် အတွေ့အကြုံရင့်

နည်းပြတစ်ဦးကို ရာသီကုန်အထိကာလတိုခန့်အပ်သွားဖို့ဆန္ဒရှိနေသလို

ဗီလာရီးယဲလ်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် တာဝန်ရှိသူတွေက

ရူဒီဂါစီယာနဲ့တွေ့ဆုံစကားပြောခဲ့တယ်လို့ ဗြိတိန်သတင်းစာ The Sun က

ဖော်ပြခဲ့ပါတယ်။ အသက်(၅၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရူဒီဂါစီယာဟာ

၂၀၂၀-၂၁ ရာသီကုန်မှာ လိုင်ယွန်အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်

အသင်းလက်မဲ့ဖြစ်နေသူပါ။ ယူနိုက်တက်အသင်းဟာ ရူဒီဂါစီယာအပြင်

အီတလီအသင်းနည်းပြမန်စီနီကိုလည်း ချိတ်ဆက်ခဲ့တယ်ဆိုပြီး

သတင်းထွက်နေပါတယ်။ ဂျာမန်နာမည်ကျော်သတင်းစာ Bild ရဲ့

အမှုဆောင်ချုပ်ဖြစ်သူ ခရစ္စရှန်ဖော့ခ်က ယူနိုက်တက်အသင်းဟာ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မန်စီနီကို ပရီးမီးယားလိဂ်မြေဆီတစ်ကျော့ပြန်

ခေါ်ယူနိုင်အောင် ကမ်းလှမ်းခဲ့ပေမယ့် မန်စီနီက ငြင်းဆန်ပယ်ချခဲ့တယ်လို့ဆိုပါတယ်။

zawgyi

သရဲနီနည္းျပရာထူးေနရာကို လိုင္ယြန္နည္းျပေဟာင္းဂါစီယာနဲ႔ အီတလီနည္းျပမန္စီနီ ဘယ္သူေရာက္လာမလဲ?

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပသစ္ရာထူးအတြက္ လိုင္ယြန္နဲ႔

႐ိုးမားအသင္းနည္းျပေဟာင္း႐ူဒီဂါစီယာ၊ အီတလီအသင္းနည္းျပမန္စီနီတို႔ကို

ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ

ဝက္ဖို႔ဒ္ကို(၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားနဲ႔လမ္းခြဲခဲ့ၿပီး

ယာယီနည္းျပအျဖစ္ ကာရစ္ကို ခန႔္အပ္ထားေပမယ့္ အေတြ႕အႀကဳံရင့္

နည္းျပတစ္ဦးကို ရာသီကုန္အထိကာလတိုခန႔္အပ္သြားဖို႔ဆႏၵရွိေနသလို

ဗီလာရီးယဲလ္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ တာဝန္ရွိသူေတြက

႐ူဒီဂါစီယာနဲ႔ေတြ႕ဆုံစကားေျပာခဲ့တယ္လို႔ ၿဗိတိန္သတင္းစာ The Sun က

ေဖာ္ျပခဲ့ပါတယ္။ အသက္(၅၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ႐ူဒီဂါစီယာဟာ

၂၀၂၀-၂၁ ရာသီကုန္မွာ လိုင္ယြန္အသင္းနဲ႔လမ္းခြဲခဲ့ၿပီးတဲ့ေနာက္

အသင္းလက္မဲ့ျဖစ္ေနသူပါ။ ယူႏိုက္တက္အသင္းဟာ ႐ူဒီဂါစီယာအျပင္

အီတလီအသင္းနည္းျပမန္စီနီကိုလည္း ခ်ိတ္ဆက္ခဲ့တယ္ဆိုၿပီး

သတင္းထြက္ေနပါတယ္။ ဂ်ာမန္နာမည္ေက်ာ္သတင္းစာ Bild ရဲ႕

အမႈေဆာင္ခ်ဳပ္ျဖစ္သူ ခရစၥရွန္ေဖာ့ခ္က ယူႏိုက္တက္အသင္းဟာ

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက မန္စီနီကို ပရီးမီးယားလိဂ္ေျမဆီတစ္ေက်ာ့ျပန္

ေခၚယူႏိုင္ေအာင္ ကမ္းလွမ္းခဲ့ေပမယ့္ မန္စီနီက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ဆိုပါတယ္။mdiarymm

mdiarymm