
မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားနေတာ ကြာပြီဖြစ်တဲ့
ကွင်းလယ်ကစားသမားဖြစ်သူ ဆာဂျီ မိလင်ကိုဗစ် ဆာဗစ်ဟာ လက်ရှိဈေးကွက်မှာ
တန်ကြေးက ပေါင် ၁၀၅ သန်းလောက်အထိ ရှိနေပြီလို့ လာဇီယိုအသင်းဥက္ကဌဖြစ်သူ
ကလော်ဒီယို လိုတီတိုက ပြောဆိုလိုက်ပါတယ်။ ဆားဘီးယားလက်ရွေးစင်ဟာ
လာဇီယိုအသင်းနဲ့အတူ စီးရီးအေမှာ ကွင်းလယ်ကနေ ၁၂ ဂိုးသွင်းယူပြခဲ့တဲ့
၂၀၁၈ ခုနှစ်တည်းကစတင်ပြီး ယူနိုက်တက်အသင်းနဲ့ သတင်းတွေထွက်နေခဲ့တာ
ဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ မီလင်ကိုဗစ်ဟာ လာဇီယိုအသင်းမှာ
ကစားနေတာ ၂၀၁၅ ခုနှစ်တည်းကဖြစ်ပြီး၊ ပွဲပေါင်း ၃၀၀ ကျော်
ကစားပေးခဲ့ပြီးဖြစ်ပါတယ်၊ ဒါပေမယ့်လည်း ကစားသမားရဲ့
စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် နောက်နှစ်ရာသီအကုန်မှာ
ကုန်ဆုံးမှာဖြစ်တာကြောင့် လာဇီယိုအသင်းမှာ သူ့ရဲ့အချိန်တွေကုန်ဆုံးဖို့
နီးစပ်နေပြီဖြစ်ပါတယ်။ မီလင်ကိုဗစ်ဟာ လာဇီယိုအသင်းအတွက်
အရေးပါတဲ့အစိတ်အပိုင်းဖြစ်တာကြောင့်၊ လက်လွှတ်သွားဖို့ မရှိတာဖြစ်ပါတယ်။
အခုချိန်မှာတော့ လိုတီတိုက ဂျုဗင်တပ်အသင်းနဲ့ သဘောတူညီမှု
ရရှိထားပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပြီး၊ မီလင်ကိုဗစ်အတွက်
ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပါတယ်။ “ ဆောင်းရာသီမှာ သူ့ကို
ဂျုဗင်တပ် ဒါမှမဟုတ် တစ်ခြားဘယ်အသင်းကိုမဆို ရောင်းချသွားဖို့အတွက်
သူ့ရဲ့အေးဂျင့် မာတေးယား ကတ်ဇ်မန်းနဲ့ ကျွန်တော့်အကြား
သဘောတူညီထားတာမျိုး မရှိပါဘူး။ သူက ဈေးကွက်ထဲမှာ
အခုဆိုရင် ယူရို သန်း ၁၂၀ ( ပေါင် ၁၀၅ သန်း ) တန်ကြေးရှိနေတာပါ၊
ယူရို သန်း ၁၀၀ ( ပေါင် ၈ဂ သန်း ) မဟုတ်ပါဘူး။ လစဉ်တိုင်း
တန်ကြေးက မြင့်လာပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ မီလင်ကိုဗစ်ဟာ
လာမယ့် ကာတာကမ္ဘာ့ဖလားအပြီးမှာ သူ ဆက်ကစားမယ့်အသင်းကို
စဉ်းစားဆုံးဖြတ်သွားမာဖြစ်ကြောင်း အရင်တုန်းက ပြောဆိုခဲ့ဖူးပြီး သူ့ရဲ့
အေးဂျင့် ကတ်ဇ်မန်းကလည်း လာဇီယိုအသင်းနဲ့ ကမ္ဘာ့ဖလားပြီးရင်
ဆွေးနွေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ “ ဆာဂျီက သူ့ရဲ့ စာချုပ်ထဲမှာ
သက်တမ်းက ၁၈ လပဲ ကျန်ပါတော့တယ်။ ကမ္ဘာ့ဖလားပြီးသွားရင်
သူ့ရဲ့ အခြေအနေကို လာဇီယိုအသင်းနဲ့ ကျွန်တော်တို့
ဆွေးနွေးသွားကြမာပါ ” လို့ ပြောဆိုခဲ့ပါတယ်။
zawgyi
သရဲနီပစ္မွတ္ မိလင္ကိုဗစ္ ဆာဗစ္အတြက္ လာဇီယိုအသင္းက တန္ေၾကးသတ္မွတ္လိုက္ၿပီ။
မန္ခ်က္စတာယူႏိုက္တက္အသင္းက ပစ္မွတ္ထားေနတာ ၾကာၿပီျဖစ္တဲ့
ကြင္းလယ္ကစားသမားျဖစ္သူ ဆာဂ်ီ မိလင္ကိုဗစ္ ဆာဗစ္ဟာ လက္ရွိေဈးကြက္မွာ
တန္ေၾကးက ေပါင္ ၁၀၅ သန္းေလာက္အထိ ရွိေနၿပီလို႔ လာဇီယိုအသင္းဥကၠဌျဖစ္သူ
ကေလာ္ဒီယို လိုတီတိုက ေျပာဆိုလိုက္ပါတယ္။ ဆားဘီးယားလက္ေ႐ြးစင္ဟာ
လာဇီယိုအသင္းနဲ႔အတူ စီးရီးေအမွာ ကြင္းလယ္ကေန ၁၂ ဂိုးသြင္းယူျပခဲ့တဲ့
၂၀၁၈ ခုႏွစ္တည္းကစတင္ၿပီး ယူႏိုက္တက္အသင္းနဲ႔ သတင္းေတြထြက္ေနခဲ့တာ
ျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ မီလင္ကိုဗစ္ဟာ လာဇီယိုအသင္းမွာ
ကစားေနတာ ၂၀၁၅ ခုႏွစ္တည္းကျဖစ္ၿပီး၊ ပြဲေပါင္း ၃၀၀ ေက်ာ္
ကစားေပးခဲ့ၿပီးျဖစ္ပါတယ္၊ ဒါေပမယ့္လည္း ကစားသမားရဲ႕
စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္ ေနာက္ႏွစ္ရာသီအကုန္မွာ
ကုန္ဆုံးမွာျဖစ္တာေၾကာင့္ လာဇီယိုအသင္းမွာ သူ႔ရဲ႕အခ်ိန္ေတြကုန္ဆုံးဖို႔
နီးစပ္ေနၿပီျဖစ္ပါတယ္။ မီလင္ကိုဗစ္ဟာ လာဇီယိုအသင္းအတြက္
အေရးပါတဲ့အစိတ္အပိုင္းျဖစ္တာေၾကာင့္၊ လက္လႊတ္သြားဖို႔ မရွိတာျဖစ္ပါတယ္။
အခုခ်ိန္မွာေတာ့ လိုတီတိုက ဂ်ဳဗင္တပ္အသင္းနဲ႔ သေဘာတူညီမႈ
ရရွိထားၿပီဆိုတဲ့ သတင္းေတြကို ျငင္းဆန္လိုက္ၿပီး၊ မီလင္ကိုဗစ္အတြက္
ေျပာင္းေ႐ႊ႕ေၾကးကို သတ္မွတ္လိုက္ပါတယ္။ “ ေဆာင္းရာသီမွာ သူ႔ကို
ဂ်ဳဗင္တပ္ ဒါမွမဟုတ္ တစ္ျခားဘယ္အသင္းကိုမဆို ေရာင္းခ်သြားဖို႔အတြက္
သူ႔ရဲ႕ေအးဂ်င့္ မာေတးယား ကတ္ဇ္မန္းနဲ႔ ကြၽန္ေတာ့္အၾကား
သေဘာတူညီထားတာမ်ိဳး မရွိပါဘူး။ သူက ေဈးကြက္ထဲမွာ
အခုဆိုရင္ ယူ႐ို သန္း ၁၂၀ ( ေပါင္ ၁၀၅ သန္း ) တန္ေၾကးရွိေနတာပါ၊
ယူ႐ို သန္း ၁၀၀ ( ေပါင္ ၈ဂ သန္း ) မဟုတ္ပါဘူး။ လစဥ္တိုင္း
တန္ေၾကးက ျမင့္လာပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။ မီလင္ကိုဗစ္ဟာ
လာမယ့္ ကာတာကမာၻ႔ဖလားအၿပီးမွာ သူ ဆက္ကစားမယ့္အသင္းကို
စဥ္းစားဆုံးျဖတ္သြားမာျဖစ္ေၾကာင္း အရင္တုန္းက ေျပာဆိုခဲ့ဖူးၿပီး သူ႔ရဲ႕
ေအးဂ်င့္ ကတ္ဇ္မန္းကလည္း လာဇီယိုအသင္းနဲ႔ ကမာၻ႔ဖလားၿပီးရင္
ေဆြးေႏြးသြားမယ္လို႔ ေျပာဆိုလိုက္ပါတယ္။ “ ဆာဂ်ီက သူ႔ရဲ႕ စာခ်ဳပ္ထဲမွာ
သက္တမ္းက ၁၈ လပဲ က်န္ပါေတာ့တယ္။ ကမာၻ႔ဖလားၿပီးသြားရင္
သူ႔ရဲ႕ အေျခအေနကို လာဇီယိုအသင္းနဲ႔ ကြၽန္ေတာ္တို႔
ေဆြးေႏြးသြားၾကမာပါ ” လို႔ ေျပာဆိုခဲ့ပါတယ္။