
လာမယ်စနေကစားမယ့် မန်ချက်စတာဒါဘီပွဲကို တာဝန်ယူ
ကိုင်တွယ်သွားမယ့် ဒိုင်လူကြီးကို ပရီးမီးယားလိဂ်က
ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဒီတစ်ကြိမ် မန်ချက်စတာဒါဘီက
နှစ်သင်းစလုံးအတွက် အရေးကြီးနေပြီး အဲဒီပွဲနိုင်ခဲ့ရင် မန်ယူဟာ
ထိပ်ဆုံးက အာဆင်နယ်နဲ့ ၆ မှတ်သာ ကွာတော့မှာပါ။
မန်စီးတီးကလည်း အဲဒီပွဲနိုင်ခဲ့ရင် တနင်္ဂနွေမှာ စပါးနဲ့
မြောက်လန်ဒန်ဒါဘီနွှဲရမယ့် အာဆင်နယ်နဲ့ ၂ မှတ်သာ
ကွာတော့မှာ ဖြစ်ပါတယ်။ တန်ဟက်အနေနဲ့ မန်ယူနည်းပြဘ၀
ဒုတိယအကြိမ်မြောက် မန်ချက်စတာဒါဘီဖြစ်ပြီး
အီတီဟတ်မှာတုန်းကတော့ ၆-၃ နဲ့ ရှုံးထားတာပါ။
ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ မန်ယူဟာ ယုံကြည်ချက်
ပိုအားကောင်းနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲစလုံး
အနိုင်ရထားပါတယ်။ ဒီပွဲကို တာဝန်ယူကိုင်တွယ်မယ့် ဒိုင်လူကြီးက
ပရီးမီးယားလိဂ်ရဲ့အတွေ့အကြုံရင့်တစ်ယောက်ဖြစ်တဲ့
စတူးအပ်အတ်ဝဲလ်ပါ။ အတ်ဝဲလ်ဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့
ပွဲစဉ် ၂ ပွဲကို ကိုင်တွယ်ပြီးသားဖြစ်ပြီး အထူးသဖြင့် အဲဒီထဲက
တစ်ပွဲကတော့ ပရိသတ်တွေအတွက် အမှတ်ရစရာမကောင်းပါဘူး။
ရာသီအစောပိုင်းက ဘရန့်ဖို့ဒ်ကို ၄ ဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ပွဲဖြစ်ပြီး
အဲဒီပွဲမှာ မန်ယူကစားသမား ၄ ယောက် အဝါထိခဲ့ပါတယ်။
နောက်တစ်ပွဲကတော့ ပြီးခဲ့တဲ့အေက်တိုဘာက ချဲလ်ဆီးနဲ့
၁-၁ သရေပွဲဖြစ်ပြီး အဲဒီတုန်းက ချဲလ်ဆီးကို နောက်ကျ
ပင်နယ်တီပေးခဲ့ရပေမယ့် တန်ဟက်ရဲ့အသင်းဟာ
ကက်စမဲရိုးရဲ့နောက်ဆုံးမိနစ်ချေပဂိုးပြန်သွင်းနိုင်ခဲ့တာပါ။
ယူနိုက်တက်ဟာ အတ်ဝဲလ်ကိုင်တွယ်တဲ့ သူတို့ရဲ့နောက်ဆုံး
၃ ပွဲစလုံးမှာ နိုင်ပွဲမရှိခဲ့တာ ဖြစ်ပါတယ်။
zawgyi
သရဲနီပရိသတ္ေတြ အမွတ္ရစရာမေကာင္းတဲ့ ဒုိင္လူႀကီးက မန္ခ်က္စတာဒါဘီပဲြစဥ္ကုိ ကုိင္တြယ္မည္။
လာမယ္စေနကစားမယ့္ မန္ခ်က္စတာဒါဘီပြဲကို တာဝန္ယူ
ကိုင္တြယ္သြားမယ့္ ဒိုင္လူႀကီးကို ပရီးမီးယားလိဂ္က
ထုတ္ျပန္ေၾကညာလိုက္ပါၿပီ။ ဒီတစ္ႀကိမ္ မန္ခ်က္စတာဒါဘီက
ႏွစ္သင္းစလုံးအတြက္ အေရးႀကီးေနၿပီး အဲဒီပြဲႏိုင္ခဲ့ရင္ မန္ယူဟာ
ထိပ္ဆုံးက အာဆင္နယ္နဲ႔ ၆ မွတ္သာ ကြာေတာ့မွာပါ။
မန္စီးတီးကလည္း အဲဒီပြဲႏိုင္ခဲ့ရင္ တနဂၤေႏြမွာ စပါးနဲ႔
ေျမာက္လန္ဒန္ဒါဘီႏႊဲရမယ့္ အာဆင္နယ္နဲ႔ ၂ မွတ္သာ
ကြာေတာ့မွာ ျဖစ္ပါတယ္။ တန္ဟက္အေနနဲ႔ မန္ယူနည္းျပဘ၀
ဒုတိယအႀကိမ္ေျမာက္ မန္ခ်က္စတာဒါဘီျဖစ္ၿပီး
အီတီဟတ္မွာတုန္းကေတာ့ ၆-၃ နဲ႔ ရႈံးထားတာပါ။
ဒါေပမဲ့ အခုတစ္ႀကိမ္မွာေတာ့ မန္ယူဟာ ယုံၾကည္ခ်က္
ပိုအားေကာင္းေနၿပီး ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၈ ပြဲစလုံး
အႏိုင္ရထားပါတယ္။ ဒီပြဲကို တာဝန္ယူကိုင္တြယ္မယ့္ ဒိုင္လူႀကီးက
ပရီးမီးယားလိဂ္ရဲ႕အေတြ႕အႀကဳံရင့္တစ္ေယာက္ျဖစ္တဲ့
စတူးအပ္အတ္ဝဲလ္ပါ။ အတ္ဝဲလ္ဟာ ဒီရာသီမွာ ယူႏိုက္တက္ရဲ႕
ပြဲစဥ္ ၂ ပြဲကို ကိုင္တြယ္ၿပီးသားျဖစ္ၿပီး အထူးသျဖင့္ အဲဒီထဲက
တစ္ပြဲကေတာ့ ပရိသတ္ေတြအတြက္ အမွတ္ရစရာမေကာင္းပါဘူး။
ရာသီအေစာပိုင္းက ဘရန႔္ဖို႔ဒ္ကို ၄ ဂိုးျပတ္နဲ႔ရႈံးခဲ့တဲ့ပြဲျဖစ္ၿပီး
အဲဒီပြဲမွာ မန္ယူကစားသမား ၄ ေယာက္ အဝါထိခဲ့ပါတယ္။
ေနာက္တစ္ပြဲကေတာ့ ၿပီးခဲ့တဲ့ေအက္တိုဘာက ခ်ဲလ္ဆီးနဲ႔
၁-၁ သေရပြဲျဖစ္ၿပီး အဲဒီတုန္းက ခ်ဲလ္ဆီးကို ေနာက္က်
ပင္နယ္တီေပးခဲ့ရေပမယ့္ တန္ဟက္ရဲ႕အသင္းဟာ
ကက္စမဲ႐ိုးရဲ႕ေနာက္ဆုံးမိနစ္ေခ်ပဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။
ယူႏိုက္တက္ဟာ အတ္ဝဲလ္ကိုင္တြယ္တဲ့ သူတို႔ရဲ႕ေနာက္ဆုံး
၃ ပြဲစလုံးမွာ ႏိုင္ပြဲမရွိခဲ့တာ ျဖစ္ပါတယ္။