
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်က စပိန်နိုင်ငံမှာ
ပြုလုပ်နေတဲ့ ရာသီဝက်ထရိမ်နင်လေ့ကျင့်ရေးအစီစဉ်မှာ
လူငယ်ကစားသမားတွေအနေနဲ့ အစွမ်းကုန်အားထုတ်ပြီး သူ့ကို
အထင်ကြီးအောင် လုပ်ပြဖို့ သတိပေးပြောဆိုလိုက်ပါတယ်။
ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်တွေကနဲ့ မတူညီပဲ
ဆောင်းရာသီမှာ ယှဉ်ပြိုင်ရတာကြောင့် ကလပ်အသင်းပြိုင်ပွဲတွေဟာ
ရပ်နားထားရပြီး ယူနိုက်တက်အသင်းဟာလည်း အသင်းမှာကျန်ခဲ့တဲ့
ကစားသမားတွေနဲ့ ထရိမ်နင်းဆင်းဖို့အတွက် စပိန်နိုင်ငံကို
ရောက်ရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲစဉ်တွေအဖြစ်
ကာဒဇ်အသင်းနဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့နဲ့ပါ ကစားသွားဦးမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ပထမအသင်းကြီးက ကစားသမားအများစုဟာ နိုင်ငံအသင်းတွေမှာ
ရောက်နေတာကြောင့် တန်ဟန့်ဟာ လူငယ်အများစုကို ခေါ်လာခဲ့ပြီး
စီနီယာကစားသမားတွေအဖြစ် ဂိုးသမား ဒေးဗစ် ဒီဂီယာ၊
ဗစ်တာ လင်ဒီလော့ဖ်၊ ဒွန်နီ ဗန်ဒေးဘိခ်နဲ့ အန်တိုနီ မာစီရယ်တို့
ပါဝင်လာခဲ့ပါတယ်။ ထို့အတွက်ကြောင့် ယခုအချိန်ဟာ
လူငယ်တွေအတွက် အခွင့်အရေးကောင်းဖြစ်ပြီး တန်ဟန့်က
အခုလိုပဲ သတိပေးစကားဆိုလိုက်ပါတယ်။ ” ဒါက သူတို့အတွက်
အခွင့်အရေးကောင်းတစ်ခုလို့ထင်တယ်။ ပုံမှန်အားဖြင့်တော့
ဒီလိုနားရက်ရတာမျိုး မရှိခဲ့ပါဘူး၊ အခုတော့ နားရက်ရနေတယ်။
ကစားသမားအတော်များများက ကမ္ဘာ့ဖလားရောက်နေကြတယ်၊
ဒီတော့ လစ်လပ်နေတဲ့ နေရာတွေရှိနေပြီး လူငယ်တွေ
ကစားသမားတွေနေနဲ့ ဒီနေရာတွေမှာ အသားကျအောင်
လုပ်ဆောင်ရပါမယ်။ သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ သက်သေပြနိုင်ပြီးတော့
ပရီးမီးယားလိဂ်မှာ ကစားနေပြီးသားဖြစ်တဲ့ ကစားသမားတွေနဲ့
စိန်ခေါ်နိုင်ပါတယ်။ ဒီတော့ အဲ့ဒါက အရမ်းကောင်းပါလိမ့်မယ် ” လို့
ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့မှာ
ကာဒစ်ဇ်နဲ့ စနေနေ့မှာ ဘက်တစ်စ်တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
zawgyi
သရဲနီလူငယ္ကစားသမားေတြကို သတိအႀကီးႀကီးတစ္ခုေပးလိုက္တဲ့ အဲရစ္ တန္ဟန႔္
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟန႔္က စပိန္ႏိုင္ငံမွာ
ျပဳလုပ္ေနတဲ့ ရာသီဝက္ထရိမ္နင္ေလ့က်င့္ေရးအစီစဥ္မွာ
လူငယ္ကစားသမားေတြအေနနဲ႔ အစြမ္းကုန္အားထုတ္ၿပီး သူ႔ကို
အထင္ႀကီးေအာင္ လုပ္ျပဖို႔ သတိေပးေျပာဆိုလိုက္ပါတယ္။
ယခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ၿပီးခဲ့တဲ့ႏွစ္ေတြကနဲ႔ မတူညီပဲ
ေဆာင္းရာသီမွာ ယွဥ္ၿပိဳင္ရတာေၾကာင့္ ကလပ္အသင္းၿပိဳင္ပြဲေတြဟာ
ရပ္နားထားရၿပီး ယူႏုိက္တက္အသင္းဟာလည္း အသင္းမွာက်န္ခဲ့တဲ့
ကစားသမားေတြနဲ႔ ထရိမ္နင္းဆင္းဖို႔အတြက္ စပိန္ႏိုင္ငံကို
ေရာက္ရွိေနပါတယ္။ ဒါ့အျပင္ ယူႏုိက္တက္အသင္းဟာ ေျခစမ္းပြဲစဥ္ေတြအျဖစ္
ကာဒဇ္အသင္းနဲ႔ ရီးရဲလ္ဘက္တစ္အသင္းတို႔နဲ႔ပါ ကစားသြားဦးမွာ ျဖစ္ပါတယ္။
ယူႏုိက္တက္ပထမအသင္းႀကီးက ကစားသမားအမ်ားစုဟာ ႏိုင္ငံအသင္းေတြမွာ
ေရာက္ေနတာေၾကာင့္ တန္ဟန႔္ဟာ လူငယ္အမ်ားစုကို ေခၚလာခဲ့ၿပီး
စီနီယာကစားသမားေတြအျဖစ္ ဂိုးသမား ေဒးဗစ္ ဒီဂီယာ၊
ဗစ္တာ လင္ဒီေလာ့ဖ္၊ ဒြန္နီ ဗန္ေဒးဘိခ္နဲ႔ အန္တိုနီ မာစီရယ္တို႔
ပါဝင္လာခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္ ယခုအခ်ိန္ဟာ
လူငယ္ေတြအတြက္ အခြင့္အေရးေကာင္းျဖစ္ၿပီး တန္ဟန႔္က
အခုလိုပဲ သတိေပးစကားဆိုလိုက္ပါတယ္။ ” ဒါက သူတို႔အတြက္
အခြင့္အေရးေကာင္းတစ္ခုလို႔ထင္တယ္။ ပုံမွန္အားျဖင့္ေတာ့
ဒီလိုနားရက္ရတာမ်ိဳး မရွိခဲ့ပါဘူး၊ အခုေတာ့ နားရက္ရေနတယ္။
ကစားသမားအေတာ္မ်ားမ်ားက ကမာၻ႔ဖလားေရာက္ေနၾကတယ္၊
ဒီေတာ့ လစ္လပ္ေနတဲ့ ေနရာေတြရွိေနၿပီး လူငယ္ေတြ
ကစားသမားေတြေနနဲ႔ ဒီေနရာေတြမွာ အသားက်ေအာင္
လုပ္ေဆာင္ရပါမယ္။ သူတို႔အေနနဲ႔ သူတို႔ကိုယ္သူတို႔ သက္ေသျပႏိုင္ၿပီးေတာ့
ပရီးမီးယားလိဂ္မွာ ကစားေနၿပီးသားျဖစ္တဲ့ ကစားသမားေတြနဲ႔
စိန္ေခၚႏိုင္ပါတယ္။ ဒီေတာ့ အဲ့ဒါက အရမ္းေကာင္းပါလိမ့္မယ္ ” လို႔
ေျပာဆိုခဲ့ပါတယ္။ ယူႏုိက္တက္အသင္းဟာ ဗုဒၶဟူးေန႔မွာ
ကာဒစ္ဇ္နဲ႔ စေနေန႔မွာ ဘက္တစ္စ္တို႔နဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။