
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့်
ကစားသမားဖြစ်သူ အလက်ဂျန်ဒရို ဂါနာချိုကို စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စကို
အလျင်စလိုဆောင်ရွက်ခြင်းရှိမနေသေးပေမယ့်၊ စီးရီးအေကလပ်
ဂျုဗင်တပ်အသင်းဟာ ဂါနာချိုကို စိတ်ဝင်စားလာတာကြောင့်
ကစားသမားဖြစ်သူနဲ့ ဆွေးနွေးလျက်ရှိနေတယ်လို့ သိရပါတယ်။
အာဂျင်တီးနားသားလေးဟာ ပြီးခဲ့တဲ့ရာသီတုန်းက သူ့ရဲ့ စီနီယာပွဲဦးထွက်ကို
နည်းပြ ရာ့ဖ်ရန်းဂ်နစ်ရဲ့ လက်အောက်မှာ စတင်ခဲ့ပြီး၊ ချယ်လ်ဆီးနဲ့
ခရစ္စတယ်ပဲလေ့စ်တို့နဲ့ပွဲစဉ်တွေမှာ အရန်ခုံတန်းကနေ ဝင်ရောက်
ကစားခွင့်ရခဲ့ပါတယ်။ နည်းပြသစ် အဲရစ် တန်ဟန့်ဟာလည်း
အသက် ၁၈ နှစ်သားလေးရဲ့ ခြေစွမ်းကို ရာသီကြိုမှာတုန်းက
မြင်ခဲ့ရတာကြောင့် အငှားနဲ့ ထွက်ခွာခွင့်မပြုခဲ့ပဲ၊ အသင်းမှာပဲ
ဆက်ထားခဲ့ကာ ပြီးခဲ့တဲ့ ရှရစ်ဖ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့
ယူရိုပါလိဂ်ပွဲမှာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ဂါနာချိုဟာ မန်ယူအသင်းနဲ့
၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာကြောင့်၊ စာချုပ်သစ်ကိစ္စနဲ့
ပတ်သက်ပြီးတော့ အရေးတကြီးစိတ်ပူစရာမလိုအပ်တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂျုဗင်တပ်အသင်းက သူတို့ရဲ့ လူငယ်ကြယ်ပွင့်ကို
မျက်စောင်းထိုးလာတာကြောင့်၊ မန်ယူအသင်းဟာ လူငယ်ကစားသမားဖြစ်သူ
ကြုံနေရတဲ့ အခြေအနေကို သတိထားလျက်ရှိနေပါတယ်။
Manchester Evening News ရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်
အသင်းဟာ ဂါနာချိုရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး
ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဂါနာချိုဟာ ရှရစ်ဖ်အသင်းနဲ့ပွဲစဉ်မှာ
မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ပေါလ်စခိုးလ်ကို အထင်ကြီးစေခဲ့ပြီး၊
ရော်နယ်ဒိုအငယ်ဘဝတုန်းက အတူ ကစားခဲ့ဖူးတဲ့ ပေါလ်စခိုးလ်က
ဂါနာချိုဟာ ရော်နယ်ဒိုရဲ့ ဆင်တူမှုတွေရှိကြောင်းနဲ့ မန်ယူအသင်းအတွက်
အနာဂါတ်မှာ တောက်ပလာမယ့် ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
zawgyi
သရဲနီလူငယ္ၾကယ္ပြင့္ကုိေခၚယူဖို႔ မ်က္ေစာင္းထုိးလာတဲ့ ဂ်ဴဗီကုိ မန္ခ်က္ ျပတ္ျပတ္သားသားတုံ႔ျပန္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္
ကစားသမားျဖစ္သူ အလက္ဂ်န္ဒ႐ို ဂါနာခ်ိဳကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကိစၥကို
အလ်င္စလိုေဆာင္႐ြက္ျခင္းရွိမေနေသးေပမယ့္၊ စီးရီးေအကလပ္
ဂ်ဳဗင္တပ္အသင္းဟာ ဂါနာခ်ိဳကို စိတ္ဝင္စားလာတာေၾကာင့္
ကစားသမားျဖစ္သူနဲ႔ ေဆြးေႏြးလ်က္ရွိေနတယ္လို႔ သိရပါတယ္။
အာဂ်င္တီးနားသားေလးဟာ ၿပီးခဲ့တဲ့ရာသီတုန္းက သူ႔ရဲ႕ စီနီယာပြဲဦးထြက္ကို
နည္းျပ ရာ့ဖ္ရန္းဂ္နစ္ရဲ႕ လက္ေအာက္မွာ စတင္ခဲ့ၿပီး၊ ခ်ယ္လ္ဆီးနဲ႔
ခရစၥတယ္ပဲေလ့စ္တို႔နဲ႔ပြဲစဥ္ေတြမွာ အရန္ခုံတန္းကေန ဝင္ေရာက္
ကစားခြင့္ရခဲ့ပါတယ္။ နည္းျပသစ္ အဲရစ္ တန္ဟန႔္ဟာလည္း
အသက္ ၁၈ ႏွစ္သားေလးရဲ႕ ေျခစြမ္းကို ရာသီႀကိဳမွာတုန္းက
ျမင္ခဲ့ရတာေၾကာင့္ အငွားနဲ႔ ထြက္ခြာခြင့္မျပဳခဲ့ပဲ၊ အသင္းမွာပဲ
ဆက္ထားခဲ့ကာ ၿပီးခဲ့တဲ့ ရွရစ္ဖ္အသင္းကို ၃ ဂိုး- ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့
ယူ႐ိုပါလိဂ္ပြဲမွာ ပြဲထြက္ခြင့္ေပးခဲ့ပါတယ္။ ဂါနာခ်ိဳဟာ မန္ယူအသင္းနဲ႔
၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ ခ်ဳပ္ဆိုထားတာေၾကာင့္၊ စာခ်ဳပ္သစ္ကိစၥနဲ႔
ပတ္သက္ၿပီးေတာ့ အေရးတႀကီးစိတ္ပူစရာမလိုအပ္တာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဂ်ဳဗင္တပ္အသင္းက သူတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ကို
မ်က္ေစာင္းထိုးလာတာေၾကာင့္၊ မန္ယူအသင္းဟာ လူငယ္ကစားသမားျဖစ္သူ
ႀကဳံေနရတဲ့ အေျခအေနကို သတိထားလ်က္ရွိေနပါတယ္။
Manchester Evening News ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ယူႏိုက္တက္
အသင္းဟာ ဂါနာခ်ိဳရဲ႕ အနာဂါတ္နဲ႔ ပတ္သက္ၿပီး ေအးေအးေဆးေဆး
ျဖစ္ေနတယ္လို႔လည္း သိရပါတယ္။ ဂါနာခ်ိဳဟာ ရွရစ္ဖ္အသင္းနဲ႔ပြဲစဥ္မွာ
မန္ယူအသင္းရဲ႕ ဂႏၲဝင္ကစားသမားေဟာင္း ေပါလ္စခိုးလ္ကို အထင္ႀကီးေစခဲ့ၿပီး၊
ေရာ္နယ္ဒိုအငယ္ဘဝတုန္းက အတူ ကစားခဲ့ဖူးတဲ့ ေပါလ္စခိုးလ္က
ဂါနာခ်ိဳဟာ ေရာ္နယ္ဒိုရဲ႕ ဆင္တူမႈေတြရွိေၾကာင္းနဲ႔ မန္ယူအသင္းအတြက္
အနာဂါတ္မွာ ေတာက္ပလာမယ့္ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။