
ပြီးခဲ့တဲ့ရက်ပိုင်းက နယူးကာဆယ်အသင်းကို ကလပ်စံချိန်တင်
ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိခဲ့သူ ဆွီဒင်လူငယ်ကြယ်ပွင့်တိုက်စစ်မှူး
အလက်ဇန္ဒားအီဆက်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့
အခွင့်အရေးရခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ သတင်းထွက်နေပါတယ်။
အသက်(၂၂)နှစ်သာရှိသေးတဲ့ အလက်ဇန္ဒားအီဆက်ကို နယူးကာဆယ်
အသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့
ဆိုစီဒက်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး,ပြီးခဲ့တဲ့သောကြာနေ့က
တရားဝင်စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။ နယူးကာဆယ်နဲ့အပြောင်းအရွှေ့
မဖြစ်ခင် အီဆက်ကို ပရီးမီးယားလိဂ်ထိပ်သီး ယူနိုက်တက်အသင်းက
ခေါ်ယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် အေးဂျင့်ရဲ့တိုက်တွန်းချက်အရ အီဆက်ဟာ
ယူနိုက်တက်အသင်းကို ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ စပိန်အားကစားသတင်းစာ
Mundo Deportivo ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ
အေဂျက်စ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီအပါအဝင်
လီဆန်ဒရိုမာတီနက်ဇ်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုး၊ မာလာစီယာစတဲ့
ကစားသမား(၅)ဦးခေါ်ယူခဲ့ပေမယ့် No 9 Role နေရာအတွက်
ကစားသမားသစ်မခေါ်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းဟာ အာနော်တိုဗစ်၊
မိုရာတာ၊ အီကာဒီတို့အပြင် အီဆက်ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့်
သူတို့လိုချင်တဲ့ကစားသမားတစ်ယောက်မှ မခေါ်နိုင်ခဲ့တာကြောင့်
စီရော်နယ်လ်ဒို၊ မာစီယဲလ်တို့နဲ့ ရာသီဖြတ်သန်းရမယ့်အနေအထားပါပဲ။
zawgyi
သရဲနီသားျဖစ္မယ့္အခြင့္အေရးကုိ ျငင္းဆန္ခဲ့တဲ့ ဆြီဒင္လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး
ၿပီးခဲ့တဲ့ရက္ပိုင္းက နယူးကာဆယ္အသင္းကို ကလပ္စံခ်ိန္တင္
ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္ရွိခဲ့သူ ဆြီဒင္လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး
အလက္ဇႏၵားအီဆက္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔
အခြင့္အေရးရခဲ့ေပမယ့္ ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။
အသက္(၂၂)ႏွစ္သာရွိေသးတဲ့ အလက္ဇႏၵားအီဆက္ကို နယူးကာဆယ္
အသင္းဟာ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၆၀)နဲ႔
ဆိုစီဒက္အသင္းကေန ေခၚယူခဲ့တာျဖစ္ၿပီး,ၿပီးခဲ့တဲ့ေသာၾကာေန႔က
တရားဝင္စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့ပါတယ္။ နယူးကာဆယ္နဲ႔အေျပာင္းအေ႐ႊ႕
မျဖစ္ခင္ အီဆက္ကို ပရီးမီးယားလိဂ္ထိပ္သီး ယူႏိုက္တက္အသင္းက
ေခၚယူႏိုင္ဖို႔နီးစပ္ခဲ့ေပမယ့္ ေအးဂ်င့္ရဲ႕တိုက္တြန္းခ်က္အရ အီဆက္ဟာ
ယူႏိုက္တက္အသင္းကို ျငင္းဆန္ခဲ့တာျဖစ္တယ္လို႔ စပိန္အားကစားသတင္းစာ
Mundo Deportivo ေဖာ္ျပခဲ့ပါတယ္။ ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ
ေအဂ်က္စ္ေတာင္ပံတိုက္စစ္ကစားသမား အန္တိုနီအပါအဝင္
လီဆန္ဒ႐ိုမာတီနက္ဇ္၊ အဲရစ္ဆင္၊ ကတ္စ္မဲ႐ိုး၊ မာလာစီယာစတဲ့
ကစားသမား(၅)ဦးေခၚယူခဲ့ေပမယ့္ No 9 Role ေနရာအတြက္
ကစားသမားသစ္မေခၚႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္အသင္းဟာ အာေနာ္တိုဗစ္၊
မိုရာတာ၊ အီကာဒီတို႔အျပင္ အီဆက္ကိုလည္း ပစ္မွတ္ထားခဲ့ေပမယ့္
သူတို႔လိုခ်င္တဲ့ကစားသမားတစ္ေယာက္မွ မေခၚႏိုင္ခဲ့တာေၾကာင့္
စီေရာ္နယ္လ္ဒို၊ မာစီယဲလ္တို႔နဲ႔ ရာသီျဖတ္သန္းရမယ့္အေနအထားပါပဲ။