
လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေ
ခေါ်ယူသွားနိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ဆက်တိုက်ကို
ရင်ဆိုင်နေရပြီး အသင်းဘက်က ပစ်မှတ်ထားနေ စိတ်ဝင်စားနေတဲ့
ကစားသမားတွေက ယူနိုက်တက်မဟုတ်တဲ့ အခြားအသင်းတွေဆီ
ပြောင်းရွှေ့တာမျိုးရှိနေပါတယ်။ အခုဆို လူငယ် ကစားသမားတစ်ယောက်ပါ
ယူနိုက်တက်ကို မစဉ်းစားတော့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ
ဒါဘီကောင်တီအသင်းရဲ့ ဆယ်ကျော်သက် တောင်ပံကစားသမားလေး
မယ်လ်ကွန်အက်ဘီအိုဝေကို ယူနိုက်တက်အသင်းထက် လက်ဦးမှု
ရယူခဲ့ပြီး ခေါ်ယူသွားနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ တောင်ပံကစားသမား
အက်ဘီအိုဝေဟာ မနှစ်က ဘောလုံးရာသီကမှ ဝိန်းရွန်းနီရဲ့
ဒါဘီအသင်းအတွက် စတင်ကစားပေးခဲ့ရတာဖြစ်ပြီး ပွဲစဉ်
(၁၆)ပွဲအတွင်း (၁)ဂိုးသွင်း (၂)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ပဲလေ့စ် အသင်းနှစ်သင်း အပြိုင်အဆိုင်
စိတ်ဝင်စားခံလာရတဲ့ အက်ဘီအိုဝေဟာ ပရီးမီးယားလိဂ်ရဲ့
ကလပ်အသင်းကြီးဖြစ်တဲ့ ယူနိုက်တက်ထက် သူ့အတွက်
နေရာပိုရနိုင်မယ့် ဗီယာရာရဲ့ ပဲလေ့စ်အသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ
ဆုံးဖြတ်ခဲ့ပြီး ပဲလေ့စ်နဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့
စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။
လူငယ်ကစားသမားလေး အက်ဘီအိုဝေဟာ ယူနိုက်တက်ကို
ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် စီနီယာအသင်းမှာ နေရာရဖို့က
မလွယ်ကူနိုင်တာကြောင့် သူ့ရဲ့ဆရာ ရွန်းနီရဲ့ မျက်နှာကိုတောင်
မထောက်ပဲလေ့စ်ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဆီ ပြောင်းခဲ့တဲ့ ကစားသမား အချို့ဟာ အိုးထရက်ဖို့ဒ်ဆီ
ရောက်တာနဲ့ အရန်ခုံ ထိုင်ရတော့တာပါပဲ။
zawgyi
သရဲနီအခ်စ္ေတာ္ ၀ိန္းရဲ႕မ်က္ႏွာကုိေတာင္ မေထာက္ဘဲ ယူႏုိက္တက္ျငင္းပယ္လုိက္တဲ့ ဒါဘီၾကယ္ပြင့္
လက္ရွိမွာေတာ့ ယူႏိုက္တက္အသင္းဟာ ကစားသမားသစ္ေတြ
ေခၚယူသြားႏိုင္ဖို႔အတြက္ အခက္အခဲေတြနဲ႔ ဆက္တိုက္ကို
ရင္ဆိုင္ေနရၿပီး အသင္းဘက္က ပစ္မွတ္ထားေန စိတ္ဝင္စားေနတဲ့
ကစားသမားေတြက ယူႏိုက္တက္မဟုတ္တဲ့ အျခားအသင္းေတြဆီ
ေျပာင္းေ႐ႊ႕တာမ်ိဳးရွိေနပါတယ္။ အခုဆို လူငယ္ ကစားသမားတစ္ေယာက္ပါ
ယူႏိုက္တက္ကို မစဥ္းစားေတာ့တာပါ။ ခရစၥတယ္ပဲေလ့စ္အသင္းဟာ
ဒါဘီေကာင္တီအသင္းရဲ႕ ဆယ္ေက်ာ္သက္ ေတာင္ပံကစားသမားေလး
မယ္လ္ကြန္အက္ဘီအိုေဝကို ယူႏိုက္တက္အသင္းထက္ လက္ဦးမႈ
ရယူခဲ့ၿပီး ေခၚယူသြားႏိုင္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။
အသက္(၁၈)ႏွစ္အ႐ြယ္သာ ရွိေနေသးတဲ့ ေတာင္ပံကစားသမား
အက္ဘီအိုေဝဟာ မႏွစ္က ေဘာလုံးရာသီကမွ ဝိန္း႐ြန္းနီရဲ႕
ဒါဘီအသင္းအတြက္ စတင္ကစားေပးခဲ့ရတာျဖစ္ၿပီး ပြဲစဥ္
(၁၆)ပြဲအတြင္း (၁)ဂိုးသြင္း (၂)ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။
ယူႏိုက္တက္နဲ႔ ပဲေလ့စ္ အသင္းႏွစ္သင္း အၿပိဳင္အဆိုင္
စိတ္ဝင္စားခံလာရတဲ့ အက္ဘီအိုေဝဟာ ပရီးမီးယားလိဂ္ရဲ႕
ကလပ္အသင္းႀကီးျဖစ္တဲ့ ယူႏိုက္တက္ထက္ သူ႔အတြက္
ေနရာပိုရႏိုင္မယ့္ ဗီယာရာရဲ႕ ပဲေလ့စ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ကိုသာ
ဆုံးျဖတ္ခဲ့ၿပီး ပဲေလ့စ္နဲ႔ ၂၀၂၇ခုႏွစ္အထိ သက္တမ္းရွိတဲ့
စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုေတာ့မယ္လို႔ သိရပါတယ္။
လူငယ္ကစားသမားေလး အက္ဘီအိုေဝဟာ ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္ စီနီယာအသင္းမွာ ေနရာရဖို႔က
မလြယ္ကူႏိုင္တာေၾကာင့္ သူ႔ရဲ႕ဆရာ ႐ြန္းနီရဲ႕ မ်က္ႏွာကိုေတာင္
မေထာက္ပဲေလ့စ္ကိုသာ ေ႐ြးခ်ယ္သြားခဲ့တာ ျဖစ္ပါတယ္။
ယူႏိုက္တက္ဆီ ေျပာင္းခဲ့တဲ့ ကစားသမား အခ်ိဳ႕ဟာ အိုးထရက္ဖို႔ဒ္ဆီ
ေရာက္တာနဲ႔ အရန္ခုံ ထိုင္ရေတာ့တာပါပဲ။