
ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်
မက်ဂွိုင်းယားရဲ့စိတ်ပျက်စရာခြေစွမ်းကြောင့် သူ့ကို လူစာရင်းကနေ
ချန်လှပ်ဖို့ စီရော်နယ်လ်ဒိုအပါအဝင် ကစားသမားတချို့က ယာယီနည်းပြဟောင်း
ရန်နစ်ခ်ကို တိုက်တွန်းခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီက အသင်းဟောင်း ယူနိုက်တက်ကို ပြန်လည်ရာက်ရှိခဲ့သူ
စီရော်နယ်လ်ဒိုရဲ့ အိုးလ်ထရက်ဖို့ဒ် တစ်ကျော့ပြန်ခရီးက ထင်သလိုဖြစ်မလာဘဲ
ရလဒ်ဆိုးတွေနဲ့အတူ ယူနိုက်တက်တို့ ရာသီကုန်မှာ အဆင့်(၆)သာရရှိခဲ့ပါတယ်။
အသင်းရလဒ်တွေဆိုးရွားနေချိန်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက
စီရော်နယ်လ်ဒိုနဲ့အတူ ဗာရန်း၊ ပေါ့ဘာတို့အပါအဝင် စီနီယာ
ကစားသမားတချို့ဟာ ရန်နစ်ခ်နဲ့ဆုံတွေ့ပြီးတော့ မက်ဂွိုင်းယားရဲ့
ခြေစွမ်းကျဆင်းနေမှုက လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ
တစ်ခုအပါအဝင်ဖြစ်တယ်ဆိုပြီး သတိပေးခဲ့တယ်လို့ The Athletic
ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဲဒီဆုံတွေ့မှုမှာ မက်ဂွိုင်းယား
မပါဝင်တာကြောင့် ရန်နစ်ခ်က အစည်းအဝေးမှာ မရှိတဲ့ကစားသမား
တစ်ယောက်အကြောင်းကို သူ့နောက်ကွယ်မှာ ဝေဖန်ပြောဆိုတာက
မဖြစ်သင့်ဘူးဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ
အဲဒီအစည်းအဝေးမှာ အသင်းရဲ့ကစားပုံနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြခဲ့ပြီး
ရန်နစ်ခ်ကိုလည်း အသင်းခြေစွမ်းတည်ငြိမ်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ
သေချာမသိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက တိုက်စစ်မှာ
သူနဲ့အတူ ကာဗာနီကို တွဲဖက်အသုံးပြုဖို့တောင်းဆိုခဲ့ပေမယ့်လည်း
ရန်နစ်ခ်ဟာ မသိချင်ယောင်ဆောင်ခဲ့ပါသေးတယ်။ ဒီလိုပြဿနာတွေ
ဖြစ်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်ကနေ
ထွက်ချင်တာက သိပ်မဆန်းဘူးလို့ ပြောရမှာပါ။ စီရော်နယ်လ်ဒိုဟာ
ဒီရာသီ ချန်ပီယံလိဂ်မှာကစားချင်တာကြောင့် အသင်းပြောင်းရွှေ့ခွင့်ရအောင်
ကြိုးပမ်းခဲ့ပေမယ့် သူ့ရဲ့အသက်အရွယ်နဲ့ မြင့်မားတဲ့လစာငွေအရ
ခေါ်ယူလိုတဲ့အသင်းမရှိတဲ့အတွက် ယူနိုက်တက်မှာပဲ ဆက်ကစားရဖို့ရှိနေပါပြီ။
zawgyi
” သရဲနီအသင္းေခါင္းေဆာင္ကုိ လူစာရင္းကေန ခ်န္လွပ္ထားေပးပါ ” _ ေရာ္နယ္ဒုိ
ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္
မက္ဂြိဳင္းယားရဲ႕စိတ္ပ်က္စရာေျခစြမ္းေၾကာင့္ သူ႔ကို လူစာရင္းကေန
ခ်န္လွပ္ဖို႔ စီေရာ္နယ္လ္ဒိုအပါအဝင္ ကစားသမားတခ်ိဳ႕က ယာယီနည္းျပေဟာင္း
ရန္နစ္ခ္ကို တိုက္တြန္းခဲ့တယ္ဆိုတဲ့သတင္းေတြထြက္ေပၚေနပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက အသင္းေဟာင္း ယူႏိုက္တက္ကို ျပန္လည္ရာက္ရွိခဲ့သူ
စီေရာ္နယ္လ္ဒိုရဲ႕ အိုးလ္ထရက္ဖို႔ဒ္ တစ္ေက်ာ့ျပန္ခရီးက ထင္သလိုျဖစ္မလာဘဲ
ရလဒ္ဆိုးေတြနဲ႔အတူ ယူႏိုက္တက္တို႔ ရာသီကုန္မွာ အဆင့္(၆)သာရရွိခဲ့ပါတယ္။
အသင္းရလဒ္ေတြဆိုး႐ြားေနခ်ိန္မွာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းက
စီေရာ္နယ္လ္ဒိုနဲ႔အတူ ဗာရန္း၊ ေပါ့ဘာတို႔အပါအဝင္ စီနီယာ
ကစားသမားတခ်ိဳ႕ဟာ ရန္နစ္ခ္နဲ႔ဆုံေတြ႕ၿပီးေတာ့ မက္ဂြိဳင္းယားရဲ႕
ေျခစြမ္းက်ဆင္းေနမႈက လက္ရွိရင္ဆိုင္ေနရတဲ့ ျပႆနာေတြထဲမွာ
တစ္ခုအပါအဝင္ျဖစ္တယ္ဆိုၿပီး သတိေပးခဲ့တယ္လို႔ The Athletic
ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။ အဲဒီဆုံေတြ႕မႈမွာ မက္ဂြိဳင္းယား
မပါဝင္တာေၾကာင့္ ရန္နစ္ခ္က အစည္းအေဝးမွာ မရွိတဲ့ကစားသမား
တစ္ေယာက္အေၾကာင္းကို သူ႔ေနာက္ကြယ္မွာ ေဝဖန္ေျပာဆိုတာက
မျဖစ္သင့္ဘူးဆိုၿပီး ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္လ္ဒိုဟာ
အဲဒီအစည္းအေဝးမွာ အသင္းရဲ႕ကစားပုံနဲ႔ပတ္သက္လို႔ ေဝဖန္ေထာက္ျပခဲ့ၿပီး
ရန္နစ္ခ္ကိုလည္း အသင္းေျခစြမ္းတည္ၿငိမ္ေအာင္ ဘယ္လိုေဆာင္႐ြက္ရမလဲဆိုတာ
ေသခ်ာမသိဘူးလို႔ ေဝဖန္ခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုက တိုက္စစ္မွာ
သူနဲ႔အတူ ကာဗာနီကို တြဲဖက္အသုံးျပဳဖို႔ေတာင္းဆိုခဲ့ေပမယ့္လည္း
ရန္နစ္ခ္ဟာ မသိခ်င္ေယာင္ေဆာင္ခဲ့ပါေသးတယ္။ ဒီလိုျပႆနာေတြ
ျဖစ္ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုအေနနဲ႔ ယူႏိုက္တက္ကေန
ထြက္ခ်င္တာက သိပ္မဆန္းဘူးလို႔ ေျပာရမွာပါ။ စီေရာ္နယ္လ္ဒိုဟာ
ဒီရာသီ ခ်န္ပီယံလိဂ္မွာကစားခ်င္တာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕ခြင့္ရေအာင္
ႀကိဳးပမ္းခဲ့ေပမယ့္ သူ႔ရဲ႕အသက္အ႐ြယ္နဲ႔ ျမင့္မားတဲ့လစာေငြအရ
ေခၚယူလိုတဲ့အသင္းမရွိတဲ့အတြက္ ယူႏိုက္တက္မွာပဲ ဆက္ကစားရဖို႔ရွိေနပါၿပီ။