သူ့ရဲ့ ဒဏ်ရာအနေအထားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိခဲ့တဲ့ ဗာရန်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ဝါရင့်နောက်ခံလူ

ဗာရန်းဟာ ဒဏ်ရာပြဿနာကနေ အမြန်ဆုံးပြန်လာနိုင်အောင်

ကြိုးစားနေတယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဗာရန်းဟာ ချယ်လ်ဆီးနဲ့

(၁-၁)ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တံကောက်ကြော

ဒဏ်ရာရရှိခဲ့ပြီး ရက်အတော်ကြာအနားယူရမှာဖြစ်ပေမယ့်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာကနေ ပြန်သက်သာလာဖို့

ရှိပါတယ်။ အဲရစ်တန်ဟက်က “ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်အထိ

ဗာရန်း အနားယူရမှာဖြစ်တာကြောင့် ယူနိုက်တက်အတွက်

ကစားနိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗာရန်း

ပါဝင်ကစားနိုင်ဖို့ရှိပေမယ့် သူ့ဒဏ်ရာအခြေအနေကို ကျွန်တော်တို့

စောင့်ကြည့်သွားရမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာ ဗာရန်းဟာ ဒဏ်ရာက အမြန်ဆုံးသက်သာလာအောင်

ကြိုးစားနေပြီး အဲဒါနဲ့ပတ်သက်လို့ တနင်္ဂနွေနေ့မနက်ပိုင်းက

သူ့ Instagram မှာ Post တင်ခဲ့ပါတယ်။ ဗာရန်းက ‘အခုတစ်ပတ်အတွင်း

ကျွန်တော့်ကို message တွေ ပို့ပြီးတော့ အားပေးခဲ့ကြတဲ့အတွက်

ကျေးဇူးတင်ပါတယ်။ ဒဏ်ရာက ပြန်သက်သာလာအောင် ကျွန်တော်

ကြိုးစားနေပြီး တိုးတက်မှုရှိလာတယ်လို့ ခံစားမိပါတယ်။

ဒီနေ့ပွဲ(ဝက်စ်ဟမ်း)မှာ ကံကောင်းပါစေ ..သူငယ်ချင်းတို့ရေ’လို့ ရေးသားခဲ့ပါတယ်။

zawgyi

သူ႔ရဲ႕ ဒဏ္ရာအေနအထားနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို အသိခဲ့တဲ့ ဗာရန္း

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ျပင္သစ္ဝါရင့္ေနာက္ခံလူ

ဗာရန္းဟာ ဒဏ္ရာျပႆနာကေန အျမန္ဆုံးျပန္လာႏိုင္ေအာင္

ႀကိဳးစားေနတယ္လို႔ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဗာရန္းဟာ ခ်ယ္လ္ဆီးနဲ႔

(၁-၁)ဂိုးစီ သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ တံေကာက္ေၾကာ

ဒဏ္ရာရရွိခဲ့ၿပီး ရက္အေတာ္ၾကာအနားယူရမွာျဖစ္ေပမယ့္

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအမီ ဒဏ္ရာကေန ျပန္သက္သာလာဖို႔

ရွိပါတယ္။ အဲရစ္တန္ဟက္က “ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္အထိ

ဗာရန္း အနားယူရမွာျဖစ္တာေၾကာင့္ ယူႏိုက္တက္အတြက္

ကစားႏိုင္မွာ မဟုတ္ပါဘူး။ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗာရန္း

ပါဝင္ကစားႏိုင္ဖို႔ရွိေပမယ့္ သူ႔ဒဏ္ရာအေျခအေနကို ကြၽန္ေတာ္တို႔

ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အခုအခ်ိန္မွာ ဗာရန္းဟာ ဒဏ္ရာက အျမန္ဆုံးသက္သာလာေအာင္

ႀကိဳးစားေနၿပီး အဲဒါနဲ႔ပတ္သက္လို႔ တနဂၤေႏြေန႔မနက္ပိုင္းက

သူ႔ Instagram မွာ Post တင္ခဲ့ပါတယ္။ ဗာရန္းက ‘အခုတစ္ပတ္အတြင္း

ကြၽန္ေတာ့္ကို message ေတြ ပို႔ၿပီးေတာ့ အားေပးခဲ့ၾကတဲ့အတြက္

ေက်းဇူးတင္ပါတယ္။ ဒဏ္ရာက ျပန္သက္သာလာေအာင္ ကြၽန္ေတာ္

ႀကိဳးစားေနၿပီး တိုးတက္မႈရွိလာတယ္လို႔ ခံစားမိပါတယ္။

ဒီေန႔ပြဲ(ဝက္စ္ဟမ္း)မွာ ကံေကာင္းပါေစ ..သူငယ္ခ်င္းတို႔ေရ’လို႔ ေရးသားခဲ့ပါတယ္။