ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား ( ၁၆ ) သင်းရှုံးထွက်ပွဲစဉ်မှာ ရော်နယ်ဒိုကို
ချန်လှပ်ထားခဲ့တာက အားလုံးအတွက် ထူးဆန်းနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တင်ဟာ့ခ်ကလည်း
ရော်နယ်ဒိုဟာ ပုံမှန်ပွဲထွက်ခွင့်ရလောက်သည်ထိ မကောင်းတော့ကြောင်း
ဆုံးဖြတ်ခဲ့ပေမယ့် တိုက်စစ်မှူးက ဒါကို လက်မခံခဲ့ပါဘူး။
ဒါကြောင့်ပဲ ( ၂ ) ဦးသဘောတူ စာချုပ်ဖျက်သိမ်းတာတွေ ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်က သူ့နေရာ အစားထိုးဖို့ ရှာဖွေနေပါတယ်။
ယူနိုက်တက်အနေနဲ့ ပေါ်တူဂီရဲ့ လမ်းကြောင်းအတိုင်းလိုက်ပြီး
ဂွန်ဇာလို ရာမို့စ်ကို ခေါ်ယူလာနိုင်ပါတယ်။ ဂွန်ဇာလို ရာမို့စ်ဟာ ပေါ်တူဂီရဲ့
အထောင်တိုက်စစ်မှူးနေရာမှာ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ရာမို့စ်ဟာ ဂိုးရဖို့ ( ၁၇ ) မိနစ်သာ အချိန်ယူခဲ့ရပြီး အဖြစ်နိုင်တဲ့
ထောင့်ကျဉ်းထဲကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ရာမို့စ်က ဒုတိယပိုင်းမှာလည်း
မန်ယူနိုက်တက် နောက်ခံလူ ဒီယေဂို ဒါလိုရဲ့ ဖန်တီးပေးမှုကနေ
ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာ သူ့ရဲ့ ကောင်းမွန်တဲ့ နေရာမှာနဲ့
အဆုံးသတ်စွမ်းရည်ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ
ဟက်ထရစ်သွင်းယူပြီး အမှတ်ရစရာ ညတစ်ည ဖန်တီးခဲ့ပါတယ်။
အောက်တိုဘာလတုန်းက The Sun သတင်းစာကနေ မန်ချက်စတာ
ယူနိုက်တက်ဟာ ဘင်ဖီကာမှာ ခြေစွမ်းပြနေတဲ့ ရာဖို့ရဲ့ အခြေအနေကို
လေ့လာနေကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ အဆိုပါ သတင်းမှာ ရာမို့စ်ရဲ့
ပြောင်းရွေ့ကြေးက ပေါင် ( ၂၅ ) သန်းပဲ ရှိပြီး ဒီရာသီအတွင်း
သူ့ရဲ့ ကလပ်အသင်းအတွက် လိဂ် ( ၁၁ )ပွဲမှာ ( ၉ ) ဂိုးထိ
သွင်းယူထားတာကြောင့် သူ့ရဲ့ တန်ဖိုးက သိသိသာသာ တိုးမြှင့်လာမှာ
သေချာပါတယ်။ ဒါပေမယ့် သင့်လျော်တဲ့ ပမာဏနဲ့ ဝယ်ယူနိုင်မယ်လို့
ထင်ပါတယ်။ နောက်ပြီး အသက် ( ၂၁ ) နှစ်အရွယ်ပဲ ရှိသေးတာကြောင့်
အဲရစ် တင်ဟာ့ခ်အနေနဲ့ သူ့ကို စူပါစတားတစ်ဦးဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။
zawgyi
ဟက်ထရစ်သွင်းဂိုးနဲ့ အမှတ်ရစရာ ညတစ်ည ဖန်တီးသွားခဲ့တဲ့ သရဲနီပစ်မှတ် ပေါ်တူဂီကြယ်ပွင့်