M Diary Channel

Local and Sport News

ဟာလန်းအပြောင်းအရွှေ့အတွက် ကော်မရှင်ခ ပေါင် ၄၇ သန်းအထိတောင်းဆိုလိုက်တဲ့ ခေါင်းပုံဖြတ် ချစ်တီး ရွိုင်အိုလာ

မီနိုရိုင်အိုလာဟာအာလင်းဟာလန်းရဲ့အပြောင်းအရွှေ့အတွက်ကော်မရှင်ခ

ပေါင်၄၇သန်းအထိတောင်းဆိုထားကြောင်းသိရပါတယ်။

ယင်းသို့စူပါအေးဂျင့်ဘက်ကမြင့်မားတဲ့ကော်မရှင်ခတောင်းဆိုမှုနဲ့အတူ

မန်စီးတီးဟာ နော်ဝေတိုက်စစ်မှူးအားခေါ်ယူရေးအပေါ်လက်လျှော့လိုက်ပြီဖြစ်ပါတယ်။

အက်၅၄နှစ်ရှိရိုင်အိုလာဟာမနေ့တုန်းကလာမယ့်နွေရာသီတွင်

အာလင်းဟာလန်းမှာဒေါ့မွန်မှထွက်ခွာနိုင်ကြောင်းပြောကြားပြီး

ဥရောပထိပ်သီးကလပ်များကိုကြေးဖွင့်လာခဲ့ပါတယ်။

ဒါပေမဲ့ရိုင်အိုလာဟာဟာလန်းရဲ့အပြောင်းအရွှေ့တွင်ပါဝင်လုပ်ဆောင်

ရမှုများအတွက်ကော်မရှင်ခယူရို၅၅သန်း(ပေါင်၄၇သန်း)အထိတောင်းဆိုနေပါတယ်။

အသက်၂၁နှစ်ရှိအာလင်းဟာလန်းဟာလာမယ့်နွေရာသီအပြောင်းအရွှေ့မှာ

စာချုပ်ဖျက်သိမ်းကြေးပေါင်၆၈သန်းဖြင့်ထွက်ခွာနိုင်တဲ့အချက်ကို

စာချုပ်အတွင်းထည့်သွင်းချုပ်ဆိုထားသူဖြစ်ပါတယ်။

ယင်းပမာဏမှာဥရောပထိပ်သီးကလပ်များအတွက်အခက်အခဲမရှိပါဘူး။

ဒါပေမဲ့အေးဂျင့်ရိုင်အိုလာကကော်မရှင်ခပေါင်၄၇သန်းအထိတောင်းဆို

ထားမှုအပေါ်တွင်မူပေးလိုခြင်းမရှိကြပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာလည်းကိုင်လီယန်ဘက်ပေးကိုခေါ်ယူလိုနေမှုနဲ့အတူ

အာလင်းဟာလန်းအတွက်ငွေကြေးများစွာသုံးစွဲရပါကဘဏ္ဍာရေးမျှတစွာ

သုံးစွဲရေးဥပဒေနှင့်ညှိစွန်းလာနိုင်မှုကြောင့်နှစ်ဦးကိုတပြိုင်တည်း

ခေါ်ယူနိုင်မယ့်အခြေအနေမှာမရှိပါဘူး။

တဖက်တွင်အာလင်းဟာလန်းကလည်းတစ်နှစ်လုပ်ခပေါင်၂၁.၃သန်းတန်

ငါးနှစ်စာချုပ်တောင်းဆိုထားပါတယ်။ဒါကြောင့်ကလပ်များအနေဖြင့်

ဟာလန်းကိုခေါ်ယူမည်ဆိုပါကစုစုပေါင်းပေါင်၂၁၅သန်းအထိ

ရင်းနှီးမြှပ်နှံမှုပြုလုပ်ရပါမယ်။ မီနိုရိုင်အိုလာဟာပေါလ်ပေါ့ဘာရဲ့

ဂျူဗင်တပ်မှယူနိုက်တက်သို့ပေါင်၈၉သန်းဖြင့်ပြောင်းရွှေ့မှုမှကော်မရှင်ခ

ပေါင်သန်း၄၀ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ယခုတစ်ကြိမ်မှာတော့ရိုင်အိုလာဟာ

ဟာလန်းရဲ့အပြောင်းအရွှေ့အတွက်တောင်းဆိုထားတဲ့ကော်မရှင်ခမှ

တဝက်ကိုကစားသမားရဲ့အေးဂျင့်နှင့်ဖခင်ဖြစ်တဲ့အယ်ဖင်းဟာလန်း

ကိုလည်းခွဲဝေပေးရမယ်လို့ယူဆရပါတယ်။

zawgyi

ဟာလန္းအေျပာင္းအေ႐ႊ႕အတြက္ ေကာ္မရွင္ခ ေပါင္ ၄၇ သန္းအထိေတာင္းဆိုလိုက္တဲ့ ေခါင္းပုံျဖတ္ ခ်စ္တီး ႐ြိဳင္အိုလာ

မီႏို႐ိုင္အိုလာဟာအာလင္းဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ေကာ္မရွင္ခ

ေပါင္၄၇သန္းအထိေတာင္းဆိုထားေၾကာင္းသိရပါတယ္။

ယင္းသို႔စူပါေအးဂ်င့္ဘက္ကျမင့္မားတဲ့ေကာ္မရွင္ခေတာင္းဆိုမႈနဲ႔အတူ

မန္စီးတီးဟာ ေနာ္ေဝတိုက္စစ္မႉးအားေခၚယူေရးအေပၚလက္ေလွ်ာ့လိုက္ၿပီျဖစ္ပါတယ္။

အက္၅၄ႏွစ္ရွိ႐ိုင္အိုလာဟာမေန႔တုန္းကလာမယ့္ေႏြရာသီတြင္

အာလင္းဟာလန္းမွာေဒါ့မြန္မွထြက္ခြာႏိုင္ေၾကာင္းေျပာၾကားၿပီး

ဥေရာပထိပ္သီးကလပ္မ်ားကိုေၾကးဖြင့္လာခဲ့ပါတယ္။

ဒါေပမဲ့႐ိုင္အိုလာဟာဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕တြင္ပါဝင္လုပ္ေဆာင္

ရမႈမ်ားအတြက္ေကာ္မရွင္ခယူ႐ို၅၅သန္း(ေပါင္၄၇သန္း)အထိေတာင္းဆိုေနပါတယ္။

အသက္၂၁ႏွစ္ရွိအာလင္းဟာလန္းဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၆၈သန္းျဖင့္ထြက္ခြာႏိုင္တဲ့အခ်က္ကို

စာခ်ဳပ္အတြင္းထည့္သြင္းခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။

ယင္းပမာဏမွာဥေရာပထိပ္သီးကလပ္မ်ားအတြက္အခက္အခဲမရွိပါဘူး။

ဒါေပမဲ့ေအးဂ်င့္႐ိုင္အိုလာကေကာ္မရွင္ခေပါင္၄၇သန္းအထိေတာင္းဆို

ထားမႈအေပၚတြင္မူေပးလိုျခင္းမရွိၾကပါဘူး။

ရီးရဲလ္မက္ဒရစ္ဟာလည္းကိုင္လီယန္ဘက္ေပးကိုေခၚယူလိုေနမႈနဲ႔အတူ

အာလင္းဟာလန္းအတြက္ေငြေၾကးမ်ားစြာသုံးစြဲရပါကဘ႑ာေရးမွ်တစြာ

သုံးစြဲေရးဥပေဒႏွင့္ညႇိစြန္းလာႏိုင္မႈေၾကာင့္ႏွစ္ဦးကိုတၿပိဳင္တည္း

ေခၚယူႏိုင္မယ့္အေျခအေနမွာမရွိပါဘူး။

တဖက္တြင္အာလင္းဟာလန္းကလည္းတစ္ႏွစ္လုပ္ခေပါင္၂၁.၃သန္းတန္

ငါးႏွစ္စာခ်ဳပ္ေတာင္းဆိုထားပါတယ္။ဒါေၾကာင့္ကလပ္မ်ားအေနျဖင့္

ဟာလန္းကိုေခၚယူမည္ဆိုပါကစုစုေပါင္းေပါင္၂၁၅သန္းအထိ

ရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ရပါမယ္။ မီႏို႐ိုင္အိုလာဟာေပါလ္ေပါ့ဘာရဲ႕

ဂ်ဴဗင္တပ္မွယူႏိုက္တက္သို႔ေပါင္၈၉သန္းျဖင့္ေျပာင္းေ႐ႊ႕မႈမွေကာ္မရွင္ခ

ေပါင္သန္း၄၀ရရွိခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ယခုတစ္ႀကိမ္မွာေတာ့႐ိုင္အိုလာဟာ

ဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ေတာင္းဆိုထားတဲ့ေကာ္မရွင္ခမွ

တဝက္ကိုကစားသမားရဲ႕ေအးဂ်င့္ႏွင့္ဖခင္ျဖစ္တဲ့အယ္ဖင္းဟာလန္း

ကိုလည္းခြဲေဝေပးရမယ္လို႔ယူဆရပါတယ္။mdiarymm

mdiarymm