အကယ်ဒမီထွက်ကစားသမားတွေကို ၈၅ နှစ်အထိ ပုံမှန်ထည့်သွင်းပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ မန်ချက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ကစားတဲ့ပွဲတွေမှာ

အကယ်ဒမီထွက်ကစားသမားတွေကို ပုံမှန်ထည့်သွင်းတာက အခုဆိုရင်

(၈၅)နှစ်အထိကြာမြင့်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ

၁၉၃၇၊ အောက်တိုဘာ(၃၀)ရက်တုန်းက ဖူလ်ဟမ်နဲ့ကစားခဲ့တဲ့

အဝေးကွင်းပွဲမှာ အကယ်ဒမီထွက်လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့

တွမ်မန်လေ၊ ဂျက်ဝက်ဆောလ်တို့ကို စတင်အသုံးပြုခဲ့တဲ့အချိန်ကစလို့

လက်ရှိအချိန်အထိ အသင်းရဲ့လူစာရင်းမှာ အကယ်ဒမီထွက်ကစားသမား

အနည်းဆုံး(၃)ဦးကို ပုံမှန်ထည့်သွင်းလေ့ရှိပြီး ပွဲပေါင်း(၄,၀၀၀)ကျော်

ဆက်တိုက်အသုံးပြုခဲ့ပါတယ်။ မနေ့က ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ

ယူနိုက်တက်အသင်း အကယ်ဒမီထွက်ကစားသမားတွေကို လူစာရင်းမှာ

ပုံမှန်ထည့်သွင်းခဲ့တာက (၈၅)နှစ်ပြည့်မြောက်ခဲ့ပြီး အသင်းအတွက်

အနိုင်ဂိုးကို အကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူ ရပ်ရှ်ဖို့ဒ်က သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြတစ်ဦးဖြစ်တဲ့ ဆာမက်ဘတ်စ်ဘီ

လက်ထက်မှာ ဘော်ဘီချာလ်တန်၊ ဒန်ကန်အက်ဒ်ဝါ့ဒ်အပါအဝင်

လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ ဥရောပဖလား(ချန်ပီယံလိဂ်)၊

အမှတ်ပေးဖလားတွေရယူခဲ့သလို နောက်ထပ်ဂန္ထဝင်နည်းပြဖြစ်သူ

ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာလည်း ပေါလ်စခိုးလ်၊ ဘက်ခမ်၊

နစ်ကီဘတ်၊ နဗီးလ်ညီနောင်၊ ရိုင်ယန်ဂစ်စတဲ့ ကစားသမားတွေနဲ့အတူ

၁၉၉၉ မှာ တစ်ရာသီအတွင်း ဖလား(၃)လုံးအပါအဝင် သမိုင်းဝင်

အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာလည်း

ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်၊

တွမ်မီနေး၊ အီလန်ဂါတို့ဟာ အသင်းကြီးမှာ ပါဝင်ခြေစွမ်းနေတာဖြစ်ပါတယ်။

zawgyi

အကယ္ဒမီထြက္ကစားသမားေတြကုိ ၈၅ ႏွစ္အထိ ပုံမွန္ထည့္သြင္းၿပီး ေအာင္ျမင္မႈေတြရယူႏုိင္ခဲ့တဲ့ မန္ခ်က္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ကစားတဲ့ပြဲေတြမွာ

အကယ္ဒမီထြက္ကစားသမားေတြကို ပုံမွန္ထည့္သြင္းတာက အခုဆိုရင္

(၈၅)ႏွစ္အထိၾကာျမင့္ေနၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ

၁၉၃၇၊ ေအာက္တိုဘာ(၃၀)ရက္တုန္းက ဖူလ္ဟမ္နဲ႔ကစားခဲ့တဲ့

အေဝးကြင္းပြဲမွာ အကယ္ဒမီထြက္လူငယ္ကစားသမားႏွစ္ဦးျဖစ္တဲ့

တြမ္မန္ေလ၊ ဂ်က္ဝက္ေဆာလ္တို႔ကို စတင္အသုံးျပဳခဲ့တဲ့အခ်ိန္ကစလို႔

လက္ရွိအခ်ိန္အထိ အသင္းရဲ႕လူစာရင္းမွာ အကယ္ဒမီထြက္ကစားသမား

အနည္းဆုံး(၃)ဦးကို ပုံမွန္ထည့္သြင္းေလ့ရွိၿပီး ပြဲေပါင္း(၄,၀၀၀)ေက်ာ္

ဆက္တိုက္အသုံးျပဳခဲ့ပါတယ္။ မေန႔က ဝက္စ္ဟမ္းနဲ႔ကစားခဲ့တဲ့ပြဲမွာ

ယူႏိုက္တက္အသင္း အကယ္ဒမီထြက္ကစားသမားေတြကို လူစာရင္းမွာ

ပုံမွန္ထည့္သြင္းခဲ့တာက (၈၅)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီး အသင္းအတြက္

အႏိုင္ဂိုးကို အကယ္ဒမီကေန ထြက္ေပၚခဲ့သူ ရပ္ရွ္ဖို႔ဒ္က သြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္နည္းျပတစ္ဦးျဖစ္တဲ့ ဆာမက္ဘတ္စ္ဘီ

လက္ထက္မွာ ေဘာ္ဘီခ်ာလ္တန္၊ ဒန္ကန္အက္ဒ္ဝါ့ဒ္အပါအဝင္

လူငယ္ကစားသမားေတြရဲ႕ စြမ္းေဆာင္မႈနဲ႔ ဥေရာပဖလား(ခ်န္ပီယံလိဂ္)၊

အမွတ္ေပးဖလားေတြရယူခဲ့သလို ေနာက္ထပ္ဂႏၴဝင္နည္းျပျဖစ္သူ

ဆာအဲလက္စ္ဖာဂူဆန္လက္ထက္မွာလည္း ေပါလ္စခိုးလ္၊ ဘက္ခမ္၊

နစ္ကီဘတ္၊ နဗီးလ္ညီေနာင္၊ ႐ိုင္ယန္ဂစ္စတဲ့ ကစားသမားေတြနဲ႔အတူ

၁၉၉၉ မွာ တစ္ရာသီအတြင္း ဖလား(၃)လုံးအပါအဝင္ သမိုင္းဝင္

ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ပါတယ္။ အခုလက္ရွိအခ်ိန္မွာလည္း

ယူႏိုက္တက္အကယ္ဒမီထြက္ကစားသမားေတြျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္၊

တြမ္မီေနး၊ အီလန္ဂါတို႔ဟာ အသင္းႀကီးမွာ ပါဝင္ေျခစြမ္းေနတာျဖစ္ပါတယ္။