အခွင့်အရေးနည်းပေမယ့် EPL ချန်ပီယံလည်းဖြစ်နိုင်သလို တန်းလည်းဆင်းရနိုင်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေရှိသလို

တန်းဆင်းရနိုင်ခြေရှိနေကြောင်းလည်း မှတ်တမ်းမှတ်ရာများကိုအခြေခံကာ

ဟောကိန်းထုတ်လာမှုအသစ်ရတွေ့ရှိရပါတယ်။ ယူနိုက်တက်ဟာနည်းပြသစ်

အဲရစ်တန်ဟက်လက်အောက်တွင်ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲရှုံးနိမ့်ထား

ပေမဲ့လည်းလီဗာပူး၊အာဆင်နယ်အပါအဝင် လေးပွဲဆက်အနိုင်ရယူထားနိုင်ပါတယ်။

ယူနိုက်တက်ဟာထိပ်ဆုံးမှာအာဆင်နယ်နှင့်ရမှတ်၆မှတ်သာကွာဟနေပြီး

တနင်္ဂနွေနေ့အီတီဟတ်မန်ချက်စတာဒါဘီပွဲတွင်အနိုင်ရရှိပါက

ချန်ပီယံမန်စီးတီးနှင့်၂မှတ်အကွာသို့ရောက်လာပါမယ်။

ဒါပေမဲ့လည်း FiveThirtyEight ကမန်ချက်စတာယူနိုက်တက်မှာ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်စိန်ခေါ်လာနိုင်ဖို့မရှိကြောင်း

ခန့်မှန်းသွားပါတယ်။ FiveThirtyEightကယူနိုက်တက်မှာပရီးမီးယားလိဂ်

ချန်ပီယံဖြစ်ရန်အခွင့်အရေး ၁ရာခိုင်နှုန်းသာရှိပြီးတန်းဆင်းရရန်လည်း

၁ရာခိုင်နှုန်းရှိနေကြောင်းဆိုသွားပါတယ်။ လက်ရှိချန်ပီယံမန်စီးတီးမှာ

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ ၆၆ရာခိုင်နှုန်းဖြင့်ရာခိုင်နှုန်းအများဆုံး

အသင်းအဖြစ်ရပ်တည်နေပြီးလီဗာပူးက၁၅ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာ

ရပ်တည်နေသလိုအာဆင်နယ်က၈ရာခိုင်နှုန်းဖြင့်တတိယနေရာမှာ

ရပ်တည်နေပါတယ်။ ယူနိုက်တက်ဟာချန်ပီယံဖြစ်နိုင်ခြေအခွင့်အရေး

နည်းပါးပေမဲ့လည်းထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ခြေ ၂၅ရာခိုင်နှုန်းအထိ

ပိုင်ဆိုင်ထားပါတယ်။ တန်းဆင်းရရန်အခွင့်အရေးအများဆုံးအသင်းအဖြစ်

စတိဗ်ကိုးပါးရဲ့နော်တင်ဟမ်ဖောရက်စ်က၆၈ရာခိုင်နှုန်းဖြင့်အများဆုံး

ရပ်တည်နေပြီးဘုန်းမောက်က၄၉ရာခိုင်နှုန်း၊

လက်စတာက၂၇ရာခိုင်နှုန်းအသီးသီးရရှိထားပါတယ်။

zawgyi

အခြင့္အေရးနည္းေပမယ့္ EPL ခ်န္ပီယံလည္းျဖစ္ႏုိင္သလုိ တန္းလည္းဆင္းရႏုိင္တဲ့ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ေျခရွိသလို

တန္းဆင္းရႏိုင္ေျခရွိေနေၾကာင္းလည္း မွတ္တမ္းမွတ္ရာမ်ားကိုအေျခခံကာ

ေဟာကိန္းထုတ္လာမႈအသစ္ရေတြ႕ရွိရပါတယ္။ ယူႏိုက္တက္ဟာနည္းျပသစ္

အဲရစ္တန္ဟက္လက္ေအာက္တြင္ပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲရႈံးနိမ့္ထား

ေပမဲ့လည္းလီဗာပူး၊အာဆင္နယ္အပါအဝင္ ေလးပြဲဆက္အႏိုင္ရယူထားႏိုင္ပါတယ္။

ယူႏိုက္တက္ဟာထိပ္ဆုံးမွာအာဆင္နယ္ႏွင့္ရမွတ္၆မွတ္သာကြာဟေနၿပီး

တနဂၤေႏြေန႔အီတီဟတ္မန္ခ်က္စတာဒါဘီပြဲတြင္အႏိုင္ရရွိပါက

ခ်န္ပီယံမန္စီးတီးႏွင့္၂မွတ္အကြာသို႔ေရာက္လာပါမယ္။

ဒါေပမဲ့လည္း FiveThirtyEight ကမန္ခ်က္စတာယူႏိုက္တက္မွာ

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္စိန္ေခၚလာႏိုင္ဖို႔မရွိေၾကာင္း

ခန႔္မွန္းသြားပါတယ္။ FiveThirtyEightကယူႏိုက္တက္မွာပရီးမီးယားလိဂ္

ခ်န္ပီယံျဖစ္ရန္အခြင့္အေရး ၁ရာခိုင္ႏႈန္းသာရွိၿပီးတန္းဆင္းရရန္လည္း

၁ရာခိုင္ႏႈန္းရွိေနေၾကာင္းဆိုသြားပါတယ္။ လက္ရွိခ်န္ပီယံမန္စီးတီးမွာ

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ေျခ ၆၆ရာခိုင္ႏႈန္းျဖင့္ရာခိုင္ႏႈန္းအမ်ားဆုံး

အသင္းအျဖစ္ရပ္တည္ေနၿပီးလီဗာပူးက၁၅ရာခိုင္ႏႈန္းျဖင့္ဒုတိယေနရာမွာ

ရပ္တည္ေနသလိုအာဆင္နယ္က၈ရာခိုင္ႏႈန္းျဖင့္တတိယေနရာမွာ

ရပ္တည္ေနပါတယ္။ ယူႏိုက္တက္ဟာခ်န္ပီယံျဖစ္ႏိုင္ေျခအခြင့္အေရး

နည္းပါးေပမဲ့လည္းထိပ္ဆုံးေလးသင္းစာရင္းဝင္ႏိုင္ေျခ ၂၅ရာခိုင္ႏႈန္းအထိ

ပိုင္ဆိုင္ထားပါတယ္။ တန္းဆင္းရရန္အခြင့္အေရးအမ်ားဆုံးအသင္းအျဖစ္

စတိဗ္ကိုးပါးရဲ႕ေနာ္တင္ဟမ္ေဖာရက္စ္က၆၈ရာခိုင္ႏႈန္းျဖင့္အမ်ားဆုံး

ရပ္တည္ေနၿပီးဘုန္းေမာက္က၄၉ရာခိုင္ႏႈန္း၊

လက္စတာက၂၇ရာခိုင္ႏႈန္းအသီးသီးရရွိထားပါတယ္။