
မန်ယူနည်းပြအဲရစ်တန်ဟက်က သူ့အဆုံးသတ်ကောင်းနဲ့မြန်နှုန်းခြေစွမ်းကို
ပြန်လည်ရှာဖွေနိုင်ဖို့ လိုနေပြီလို့ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်ကို သတိပေးလိုက်ပါတယ်။
အဲဒီအင်္ဂလန်သားတိုက်စစ်မှုးဟာ ကစားသမားဘ၀ ကလပ်ဂိုးရာပြည့်ဖို့
၂ ဂိုးသာ လိုတော့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ၁၀ ပွဲမှာ ၅ ဂိုးသွင်းထားပြီး
အဲဒီထဲ အာဆင်နယ်ကိုနိုင်ခဲ့တဲ့ပွဲက ၂ ဂိုးပါဝင်ပါတယ်။ ဒါကြောင့်လည်း
ကိန်းဂဏန်းမှတ်တမ်းတွေအရ အခုရာသီဟာ မန်ယူကစားသမားဘဝမှာ
သူ့အကောင်းဆုံးရာသီတစ်ခုဖြစ်နေတာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ကြားရက်
အိုမိုနီယာနဲ့ယူရိုပါလိဂ်ပွဲတုန်းက ရက်ရှ်ဖို့ဒ်ဟာ မန်ယူရဲ့အခွင့်အရေးဖန်တီးမှု
၃၄ ကြိမ်ထဲက ၁၀ ကြိမ်ကို ဖြန်းတီးခဲ့ပါတယ်။ အဲဒါကြောင့် နယူးကာဆယ်နဲ့ပွဲမှာ
ရက်ရှ်ဖို့ဒ်ကို ပွဲထွက်ဆက်ဆုံးဖွယ်ရှိတယ်လို့ ပြောထားပေမယ့်
ကစားသမားအပေါ်မှာ သူ့ရဲ့စိတ်ရှည်မှု ကုန်ခမ်းလာပြီဆိုတဲ့သဘောမျိုး
တန်ဟက်က ပြောလာတာပါ။ အိုမိုနီနီယာနဲ့ပွဲက ရက်ရှ်ဖို့ဒ်ရဲ့
စွမ်းဆောင်မှုအကြောင်းမေးတော့ တန်ဟက်က အခုလို ပြောခဲ့ပါတယ်။
”သူ ကောင်းတာတွေအများကြီးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်း
ဒီထက် ပိုကောင်းရမယ်ဆိုတာကို သူသိမှာပါ။ အနည်းဆုံး ၁ ဂိုးတော့
သူသွင်းနိုင်သင့်ပါတယ်။ လှုပ်ရှားမှုတွေကောင်းပြီးမှ အဆုံးသတ်မှာ
အားနည်းနေတာပါ။ အခုဆို သူ ကံမကောင်းတာ ၂ ပွဲရှိနေပါပြီ။
အဲဗာတန်နဲ့ပွဲတုန်းကလည်း သူ့ရဲ့ဂိုးက ထိုက်တန်ခဲ့ပေမယ့် ပယ်ဖျက်ခံ
လိုက်ရတယ်။ ဒီတစ်ကြိမ်မှာတော့ သူမသွင်းနိုင်ဖူးပေါ့။ လာမယ့်ပွဲအတွက်
save ထားတာလို့ပဲ ကျွန်တော်ပြောမှာပါ”လို့ တန်ဟက်က ဆိုခဲ့တာပါ။
zawgyi
အခြင့္အေရး ၁၀ ႀကိမ္ျဖဳန္းတီးခဲ့တဲ့ ရက္ရွ္ဖုိ႔ဒ္ကုိ တန္ဟက္ စိတ္ရွည္မႈ ကုန္ခမ္းလာၿပီလား…
မန္ယူနည္းျပအဲရစ္တန္ဟက္က သူ႔အဆုံးသတ္ေကာင္းနဲ႔ျမန္ႏႈန္းေျခစြမ္းကို
ျပန္လည္ရွာေဖြႏိုင္ဖို႔ လိုေနၿပီလို႔ တိုက္စစ္မႈးရက္ရွ္ဖို႔ဒ္ကို သတိေပးလိုက္ပါတယ္။
အဲဒီအဂၤလန္သားတိုက္စစ္မႈးဟာ ကစားသမားဘ၀ ကလပ္ဂိုးရာျပည့္ဖို႔
၂ ဂိုးသာ လိုေတာ့တာပါ။ ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီ ၁၀ ပြဲမွာ ၅ ဂိုးသြင္းထားၿပီး
အဲဒီထဲ အာဆင္နယ္ကိုႏိုင္ခဲ့တဲ့ပြဲက ၂ ဂိုးပါဝင္ပါတယ္။ ဒါေၾကာင့္လည္း
ကိန္းဂဏန္းမွတ္တမ္းေတြအရ အခုရာသီဟာ မန္ယူကစားသမားဘဝမွာ
သူ႔အေကာင္းဆုံးရာသီတစ္ခုျဖစ္ေနတာပါ။ ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ၾကားရက္
အိုမိုနီယာနဲ႔ယူ႐ိုပါလိဂ္ပြဲတုန္းက ရက္ရွ္ဖို႔ဒ္ဟာ မန္ယူရဲ႕အခြင့္အေရးဖန္တီးမႈ
၃၄ ႀကိမ္ထဲက ၁၀ ႀကိမ္ကို ျဖန္းတီးခဲ့ပါတယ္။ အဲဒါေၾကာင့္ နယူးကာဆယ္နဲ႔ပြဲမွာ
ရက္ရွ္ဖို႔ဒ္ကို ပြဲထြက္ဆက္ဆုံးဖြယ္ရွိတယ္လို႔ ေျပာထားေပမယ့္
ကစားသမားအေပၚမွာ သူ႔ရဲ႕စိတ္ရွည္မႈ ကုန္ခမ္းလာၿပီဆိုတဲ့သေဘာမ်ိဳး
တန္ဟက္က ေျပာလာတာပါ။ အိုမိုနီနီယာနဲ႔ပြဲက ရက္ရွ္ဖို႔ဒ္ရဲ႕
စြမ္းေဆာင္မႈအေၾကာင္းေမးေတာ့ တန္ဟက္က အခုလို ေျပာခဲ့ပါတယ္။
”သူ ေကာင္းတာေတြအမ်ားႀကီးလုပ္ခဲ့ပါတယ္။ ဒါေပမဲ့ အဆုံးသတ္ပိုင္း
ဒီထက္ ပိုေကာင္းရမယ္ဆိုတာကို သူသိမွာပါ။ အနည္းဆုံး ၁ ဂိုးေတာ့
သူသြင္းႏိုင္သင့္ပါတယ္။ လႈပ္ရွားမႈေတြေကာင္းၿပီးမွ အဆုံးသတ္မွာ
အားနည္းေနတာပါ။ အခုဆို သူ ကံမေကာင္းတာ ၂ ပြဲရွိေနပါၿပီ။
အဲဗာတန္နဲ႔ပြဲတုန္းကလည္း သူ႔ရဲ႕ဂိုးက ထိုက္တန္ခဲ့ေပမယ့္ ပယ္ဖ်က္ခံ
လိုက္ရတယ္။ ဒီတစ္ႀကိမ္မွာေတာ့ သူမသြင္းႏိုင္ဖူးေပါ့။ လာမယ့္ပြဲအတြက္
save ထားတာလို႔ပဲ ကြၽန္ေတာ္ေျပာမွာပါ”လို႔ တန္ဟက္က ဆိုခဲ့တာပါ။