အင်ဒိုနီးရှားဘောလုံးလောကအတွက် သွေးစွန်းပြီး အမှောင်ဖုံးသွားခဲ့တဲ့ ညတစ်ည

ကမ္ဘာဘောလုံးအတွက်ရော အင်ဒိုနီးရှားဘောလုံးအတွက်ပါ သွေးစွန်းတဲ့

နေ့တစ်နေ့ဟာ ပြီးခဲ့တဲ့စနေည ဖြစ်သွားခဲ့ပါတယ်။ အရီမာအက်ဖ်စီနဲ့

ဆူရာဘာယာအသင်းတို့ရဲ့ပွဲမှာ အဲဒီဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ကြီး

ပေါ်ပေါက်ခဲ့တာပါ။ အဲဒီပွဲမှာ ရှုံးနိမ့်သွားတဲ့ အရီမာအသင်းပရိသတ်တွေဟာ

ပွဲပြီးတော့ ကွင်းအတွင်းဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။

အဲဒါကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်နှိမ်နင်းခဲ့တာပါ။

ဒီရုန်းရန်ဆန်ခတ်အဖြစ်အပျက်မှာ လူပေါင်း ၁၂၉ ယောက်

သေဆုံးသွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

သေဆုံးသွားသူတွေထဲမှာ ရဲ ၂ ယောက်လည်း ပါဝင်တယ်လို့ သူက ထပ်ပြောခဲ့တာပါ။

ဒါ့အပြင် အဲဒီရုန်းရင်ဆန်ခတ်မှုကြောင့် ဒဏ်ရာရာသူအရေအတွက်ဟာလည်း

၁၈၀ တောင် ရှိခဲ့ပါတယ်။ သေဆုံးများရတဲ့ အဓိကအကြောင်းအရင်းကတော့

လူပိမှုနဲ့ အသက်ရှုကြပ်မှုတွေကြောင့်ပါ။ ကွင်းထဲမှာ သေဆုံးခဲ့တာက

၃၄ ယောက်ဖြစ်ပြီး ကျန်တာကတော့ ဆေးရုံမှာ သေဆုံးခဲ့တာလို့

ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။ ဒါ့အပြင် ရုန်းရင်ဆန်ခတ်မှုကြောင့်

မော်တော်ကား ၁၃ စီး ပျက်ဆီးသွားခဲ့ပြီး ၁၀ စီးက ရဲကားတွေဖြစ်နေတောပါ။

အခုတော့ အင်ဒိုနီးရှားဘောလုံးလိဂ်က တစ်ပတ်ကြာ ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။

zawgyi

အင္ဒုိနီးရွားေဘာလုံးေလာကအတြက္ ေသြးစြန္းၿပီး အေမွာင္ဖုံးသြားခဲ့တဲ့ ညတစ္ည

ကမာၻေဘာလုံးအတြက္ေရာ အင္ဒိုနီးရွားေဘာလုံးအတြက္ပါ ေသြးစြန္းတဲ့

ေန႔တစ္ေန႔ဟာ ၿပီးခဲ့တဲ့စေနည ျဖစ္သြားခဲ့ပါတယ္။ အရီမာအက္ဖ္စီနဲ႔

ဆူရာဘာယာအသင္းတို႔ရဲ႕ပြဲမွာ အဲဒီဝမ္းနည္းဖြယ္ရာ အျဖစ္အပ်က္ႀကီး

ေပၚေပါက္ခဲ့တာပါ။ အဲဒီပြဲမွာ ရႈံးနိမ့္သြားတဲ့ အရီမာအသင္းပရိသတ္ေတြဟာ

ပြဲၿပီးေတာ့ ကြင္းအတြင္းဝင္ေရာက္က်ဴးေက်ာ္ခဲ့ပါတယ္။

အဲဒါကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးေတြနဲ႔ ျပန္လည္ႏွိမ္နင္းခဲ့တာပါ။

ဒီ႐ုန္းရန္ဆန္ခတ္အျဖစ္အပ်က္မွာ လူေပါင္း ၁၂၉ ေယာက္

ေသဆုံးသြားခဲ့တယ္လို႔ အင္ဒိုနီးရွားရဲတပ္ဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူက အတည္ျပဳပါတယ္။

ေသဆုံးသြားသူေတြထဲမွာ ရဲ ၂ ေယာက္လည္း ပါဝင္တယ္လို႔ သူက ထပ္ေျပာခဲ့တာပါ။

ဒါ့အျပင္ အဲဒီ႐ုန္းရင္ဆန္ခတ္မႈေၾကာင့္ ဒဏ္ရာရာသူအေရအတြက္ဟာလည္း

၁၈၀ ေတာင္ ရွိခဲ့ပါတယ္။ ေသဆုံးမ်ားရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့

လူပိမႈနဲ႔ အသက္ရႈၾကပ္မႈေတြေၾကာင့္ပါ။ ကြင္းထဲမွာ ေသဆုံးခဲ့တာက

၃၄ ေယာက္ျဖစ္ၿပီး က်န္တာကေတာ့ ေဆး႐ုံမွာ ေသဆုံးခဲ့တာလို႔

ရဲတပ္ဖြဲ႕အႀကီးအကဲက ေျပာပါတယ္။ ဒါ့အျပင္ ႐ုန္းရင္ဆန္ခတ္မႈေၾကာင့္

ေမာ္ေတာ္ကား ၁၃ စီး ပ်က္ဆီးသြားခဲ့ၿပီး ၁၀ စီးက ရဲကားေတြျဖစ္ေနေတာပါ။

အခုေတာ့ အင္ဒိုနီးရွားေဘာလုံးလိဂ္က တစ္ပတ္ၾကာ ဆိုင္းငံ့လိုက္ၿပီ ျဖစ္ပါတယ္။