မန်ချက်စတာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ
မားကတ် ရက်ဖို့ဒ်ရဲ့ ပထမပိုင်း ခေါင်းတိုက်သွင်းဂိုးနဲ့ ( ၁-၀ ) ရလာဒ်
အနိုင်ရခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ယူနိုက်တက်က ချေပဂိုးခွင့်ပြုရလောက်အောင်ထိ
နီးစပ်ခဲ့ပေမယ့် ဂိုးသမား ဒေးဗစ် ဒီဂီယာ လက်စွမ်းပြခဲ့လို့သာ အနိုင်ရလာဒ်ကို
ဆက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂီယာကဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ
ဘောလုံးထိချက် ( ၄၄ ) ကြိမ် ပြုလုပ်ခဲ့ပြီး ပေးပို့မှု ( ၇၇ ) ရာခိုင်နှုန်း
တိကျခဲ့ကာ ကာကွယ်မှု ( ၄ ) ကြိမ်လည်း ပြုလုပ်သွားခဲ့ပါတယ်။
ရှင်းထုတ်မှု ( ၂ ) ကြိမ် ပြုလုပ်ခဲ့သလို အဝေးဘော ပေးပို့မှု ( ၃ ) ကြိမ်
အောင်မြင်ခဲ့ပါတယ်။ အနီးကပ်ကန်သွင်းမှု ( ၁ ) ကြိမ် ကာကွယ်ခဲ့သလို
ပုတ်ထုတ်မှု ( ၁ ) ကြိမ် ရှေ့ထွက်ရှင်းထုတ်မှု ( ၁ ) ကြိမ်လည်း
ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း စပိန်နည်းပြ လူးဝစ်
အင်နရီကေးဟာ ကမ္ဘာ့ဖလားအတွက် ပဏာမ ( ၅၅ ) ဦးစာရင်း
ထုတ်ပြန်ခဲ့ရာမှာ ဒေးဗစ် ဒီဂီယာကို ချန်လှပ်ထားခဲ့ပြီး ယနေ့ည
လက်စွမ်းကို မြင်မိပါက နောင်တရနေလောက်ပါတယ်။
zawgyi
အင်းနရစ်ကို နောင်တတွေ ပိုက်ပြီး အိပ်မပျော်အောင် အံ့အားသင့်စရာ ဂိုးပေါက်ကာကွယ်မှုပြုလုပ်ပြခဲ့တဲ့ ဒီဂီယာ