M Diary Channel

Local and Sport News

အင်္ဂါနေ့ည နောက်ဆုံးရ ယူနိုက်တက်သတင်းများ

(၁) မန်ယူအသင်းဟာ ပရီးမီးယားလိဂ် (၈) ပွဲကစားပြီးချိန်မှာ ရမှတ် (၁၄) မှတ်နဲ့

အဆင့် (၆) နေရာမှာရပ်တည်ကာ ဇယားထိပ်ဆုံးမှ ချယ်လ်ဆီး နဲ့ (၅) မှတ်အထိ ကွာဟနေ

(၂) ဇီဒန်းဟာ မန်ယူအသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းခံရပါက

ငြင်းဆန်ဖို့ အစီအစဥ်မရှိကြောင်းသိရ

(၃) လင်ဂတ်ဟာ နယူးကာဆယ်အသင်းမှ ၎င်းကို စိတ်ဝင်စားနေသည့်အပေါ်

ကောင်းစွာသိရှိထားပြီး နယူးကာဆယ် အသင်းပိုင်ရှင်သစ်ရဲ့ အနာဂါတ် အစီအစဥ်

တွေအပေါ်မှာလည်း သဘောကျနေလို့သိရ

(၄) မန်ယူအသင်းဟာ ဒီဇင်ဘာ (၂၆) ရက်နေ့မှာ နယူးကာဆယ်အသင်းနဲ့

အဝေးကွင်းမှာ ကစားရမယ့် boxing day ပွဲစဥ်ကို ကစားတော့မှာ မဟုတ်ဘဲ

ပွဲကစားမယ့်ရက်ကို ဒီဇင်ဘာ (၂၇) ရက်နေ့အဖြစ်ပြောင်းလဲခဲ့တယ်လို့သိရ

(၅) မနက်ဖြန်ည သန်းခေါင်ကျော်မှာ ကစားမယ့် အတ္တလန်တာအသင်းနဲ့

ချန်ပီယံလိက်ပွဲစဥ်မှာ  ဘစ်ဆာကာ ပြန်လည်ကစားခွင့်ရမှာဖြစ်သလို

ဖရက်ဒ်ကိုလည်း ပြန်လည်အသုံးပြုဖို့ နည်းပြ ဆိုးလ်ရှားစီစဥ်နေ

(၆) မန်ယူလူငယ်ကစားသမား ဟူဂေးလ်ကတော့ ဒီနေ့မှာ အသက် (၁၈) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်

zawgyi














