M Diary Channel

Local and Sport News

Adidas ရဲ့ အငြင်းပွားဖယ် သရဲနီအဝေးကွင်းဝတ်စုံသစ်

Adidas ဟာမန်ချက်စတာယူနိုက်တက်ရဲ့သမိုင်းဝင်ဝတ်စုံဖြစ်တဲ့ အစိမ်းရောင်နှင့်

ရွှေရောင်ပါ အဝေးကွင်းဝတ်စုံထုတ်လုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။

Adidas ဟာအဆိုပါအဝေးကွင်းဝတ်စုံကိုလာမယ့်ဒီဇင်ဘာလအတွင်းတွင်

ကြေညာရောင်းချသွားရန်စီစဉ်နေကြောင်းသိရပါတယ်။အဆိုပါအစိမ်းရောင်နှင့်

အဝါရောင်တို့မှာမန်ယူပရိသတ်များကဂလေဇာမိသားစုအားဆန့်ကျင်ရာတွင်

အသုံးပြုနေတဲ့အရောင်လည်းဖြစ်ပါတယ်။

အစိမ်းရောင်နှင့်အရွှေရောင်ပါဝတ်စုံကိုမန်ယူအသင်းကအသုံးချခြင်းမရှိတော့

ပေမယ့်လည်းပရိသတ်များကတော့ယခုတိုင်ဝတ်ဆင်နေကြတုန်းဖြစ်ပါတယ်။

အစိမ်းရောင်နှင့်ရွှေရောင်ဝတ်စုံကို Newton Heath အမည်ဖြင့်ကစားတုန်းက

သုံးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်၁၉၀၂ခုနှစ်တွင် Newton Heath ကို

မန်ချက်စတာယူနိုက်တက်လို့အမည်ပြောင်းခဲ့ပါတယ်။

မန်ယူဟာ၁၉၉၂နှင့်၁၉၉၄ခုနှစ်တုန်းကဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်တွင်

ပထမဆုံးပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးတုန်းက အစိမ်းရောင်နှင့်

ရွှေရောင်ဝတ်စုံကိုအသုံးပြုခဲ့ဖူးပါတယ်။ တကယ်လို့များ Adidas ကသာအစိမ်းရောင်နှင့်

ရွှေရောင်ဝတ်စုံကို ကြေညာလာပါက ယင်းဝတ်စုံမှာမန်ယူပရိသတ်များအကြိုက်

ဝတ်စုံဖြစ်လာဖို့သေချာနေပါတယ်။ဒါပေမယ့်တစ်ဖက်တွင်ယင်းအရောင်မှာ

ဂလေဇာမိသားစုကိုအမြဲခြောက်လန့်လာတဲ့အရောင်တွေလည်းဖြစ်နေပါတယ်။

သေချာတာကတော့ယင်းဝတ်စုံကတော့ဆိုးလ်ရှားအတွက်တော့တစ်စုံတစ်ရာ

စိုးရိမ်စရာမရှိတဲ့အရောင်ပါ။သူ့အတွက်စိုးရိမ်ရမယ့်အရာကတော့သူ့အနာဂတ်ပါ။

ဆိုးလ်ရှားဟာနောက်ဆုံး၇ပွဲတွင်နိုင်ပွဲ၂ပွဲတည်းသာရရှိမှုနဲ့အတူအနာဂတ်မရေမရာဖြစ်နေပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာဗုဒ္ဓဟူးနေ့တွင်အတ္တလန္တာနှင့်ချန်ပီယံလိဂ်အုပ်စုပွဲ

ကစားပြီးပါကတနင်္ဂနွေနေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကိုဧည့်ခံကစားရဦးမှာဖြစ်ပါတယ်။

zawgyi

Adidas ရဲ႕ အျငင္းပြားဖယ္ သရဲနီအေဝးကြင္းဝတ္စုံသစ္

Adidas ဟာမန္ခ်က္စတာယူႏိုက္တက္ရဲ႕သမိုင္းဝင္ဝတ္စုံျဖစ္တဲ့ အစိမ္းေရာင္ႏွင့္

ေ႐ႊေရာင္ပါ အေဝးကြင္းဝတ္စုံထုတ္လုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

Adidas ဟာအဆိုပါအေဝးကြင္းဝတ္စုံကိုလာမယ့္ဒီဇင္ဘာလအတြင္းတြင္

ေၾကညာေရာင္းခ်သြားရန္စီစဥ္ေနေၾကာင္းသိရပါတယ္။အဆိုပါအစိမ္းေရာင္ႏွင့္

အဝါေရာင္တို႔မွာမန္ယူပရိသတ္မ်ားကဂေလဇာမိသားစုအားဆန႔္က်င္ရာတြင္

အသုံးျပဳေနတဲ့အေရာင္လည္းျဖစ္ပါတယ္။

အစိမ္းေရာင္ႏွင့္အေ႐ႊေရာင္ပါဝတ္စုံကိုမန္ယူအသင္းကအသုံးခ်ျခင္းမရွိေတာ့

ေပမယ့္လည္းပရိသတ္မ်ားကေတာ့ယခုတိုင္ဝတ္ဆင္ေနၾကတုန္းျဖစ္ပါတယ္။

အစိမ္းေရာင္ႏွင့္ေ႐ႊေရာင္ဝတ္စုံကို Newton Heath အမည္ျဖင့္ကစားတုန္းက

သုံးခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္၁၉၀၂ခုႏွစ္တြင္ Newton Heath ကို

မန္ခ်က္စတာယူႏိုက္တက္လို႔အမည္ေျပာင္းခဲ့ပါတယ္။

မန္ယူဟာ၁၉၉၂ႏွင့္၁၉၉၄ခုႏွစ္တုန္းကဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေအာက္တြင္

ပထမဆုံးပရီးမီးယားလိဂ္ဖလားႏွစ္ႀကိမ္ဆြတ္ခူးတုန္းက အစိမ္းေရာင္ႏွင့္

ေ႐ႊေရာင္ဝတ္စုံကိုအသုံးျပဳခဲ့ဖူးပါတယ္။ တကယ္လို႔မ်ား Adidas ကသာအစိမ္းေရာင္ႏွင့္

ေ႐ႊေရာင္ဝတ္စုံကို ေၾကညာလာပါက ယင္းဝတ္စုံမွာမန္ယူပရိသတ္မ်ားအႀကိဳက္

ဝတ္စုံျဖစ္လာဖို႔ေသခ်ာေနပါတယ္။ဒါေပမယ့္တစ္ဖက္တြင္ယင္းအေရာင္မွာ

ဂေလဇာမိသားစုကိုအၿမဲေျခာက္လန႔္လာတဲ့အေရာင္ေတြလည္းျဖစ္ေနပါတယ္။

ေသခ်ာတာကေတာ့ယင္းဝတ္စုံကေတာ့ဆိုးလ္ရွားအတြက္ေတာ့တစ္စုံတစ္ရာ

စိုးရိမ္စရာမရွိတဲ့အေရာင္ပါ။သူ႔အတြက္စိုးရိမ္ရမယ့္အရာကေတာ့သူ႔အနာဂတ္ပါ။

ဆိုးလ္ရွားဟာေနာက္ဆုံး၇ပြဲတြင္ႏိုင္ပြဲ၂ပြဲတည္းသာရရွိမႈနဲ႔အတူအနာဂတ္မေရမရာျဖစ္ေနပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာဗုဒၶဟူးေန႔တြင္အတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲ

ကစားၿပီးပါကတနဂၤေႏြေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာလီဗာပူးကိုဧည့္ခံကစားရဦးမွာျဖစ္ပါတယ္။mdiarymm

mdiarymm