
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်မှူး အဲရစ် ဘိုင်ယီအနေနဲ့
သူ့ကို အထင်အကြီးစေဆုံး ယူနိုက်တက်ကစားသမား ၂ ယောက်အဖြစ်
မားကပ်စ် ရားရှ်ဖို့ဒ်နဲ့ အန်ထော်နီ မာစီယဲလ်တို့ကို ရွေးချယ်သွားခဲ့ပါတယ်။
အိုင်ဗရီကို့စ်သား ဗဟိုခံစစ်မှူးအနေနဲ့ သရဲနီတို့အတွက် ၅ နှစ်ကြာ
ကစားပေးခဲ့ပြီးနောက် လက်ရှိမှာ ပြင်သစ်လီဂန်းကလပ် မာဆေးလ်အသင်းမှာ
အငှါးထွက်ကစားနေရတာဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ကျန်ခဲ့တဲ့
ကစားသမားတွေကို အထင်ကြီးနေဆဲဖြစ်ပါတယ်။
ဘိုင်ယီအနေနဲ့ ယူနိုက်တက်ကစားသမားအဖြစ် ကစားခဲ့စဉ်တုန်းက
ပေါလ် ပေါ့ဂ်ဘာ၊ ရာဖဲလ် ဗာရန်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို
ထိပ်တန်းအဆင့်ရှိ ကစားသမားအချို့နဲ့ ကစားခဲ့ဖူးပေမယ့်လည်း သူ့ကို
အထင်အကြီးစေဆုံးကစားသမား ၂ ယောက်ကို မေးမြန်းခံခဲ့ရချိန်မှာတော့
သူ့အဖြေမှာ အဆိုပါကစားသမားတွေ မပါဝင်လာခဲ့တာဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ကစားသမားအနေနဲ့ ရားရှ်ဖို့ဒ်နဲ့ မာစီယဲလ်တို့
၂ ယောက်ကို ဖြေဆိုသွားခဲ့ပြီး အင်္ဂလိပ်တိုက်စစ်မှူးဆိုရင် သူ့ကို အဝေးကို
မှုတ်ထုတ်ပစ်တဲ့ ကစားသမားလို့တောင် အမွှမ်းတင်ခံခဲ့ရတာဖြစ်ပါတယ်။
ပြင်သစ်သတင်းဌာနဖြစ်တဲ့ L’Equipe နဲ့ အင်တာဗျူးမှာ ဘိုင်ယီက
“မန်ချက်စတာမှာတုန်းက ကစားသမားကောင်းတွေ အများကြီးနဲ့
ကျွန်တော် သိခဲ့တယ်။ ဒါပေမယ့် ဘယ်သူက ကျွန်တော့်ကို
အထင်ကြီးစေခဲ့သလဲလို့ ပြောရရင်တော့ ဒီအင်တာဗျူးက ဘယ်တော့မှ
အဆုံးသတ်မှာမဟုတ်တော့ဘူး” “အသက်ကြီးသည်ဖြစ်စေ၊
ငယ်သည်ဖြစ်စေ၊ မယုံနိုင်လောက်စရာ အရည်အသွေးတွေရှိခဲ့ကြတယ်။
မားကပ်စ် ရားရှ်ဖို့ဒ်လို ကစားသမားမျိုးဆိုရင် ကျွန်တော့်ကို တကယ့်ကို
အဝေးကို မှုတ်ထုတ်ပစ်တဲ့ ကစားသမားမျိုးပဲ။ အန်ထော်နီ
မာစီယဲလ်လည်း ထို့အတူပဲ”လို့ ပြောလာခဲ့ပါတယ်။
ရားရှ်ဖို့ဒ်ရော မာစီယဲလ်ပါ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ရဲ့
လက်အောက်မှာ ကြမ္မာဆိုးငင်ရာကနေ လွတ်မြောက်လာတာကို
တွေ့မြင်ခဲ့ရပြီး သူတို့ ၂ ဦးစလုံးကတော့ အသင်းရဲ့ အရေးပါတဲ့
ကစားသမားတွေ ဖြစ်လာခဲ့ကြပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကတော့
သူ့ရဲ့ပွဲကစားခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ဒဏ်ရာပြဿနာတွေနဲ့အတူ
ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ သူတို့ ၂ ယောက်စလုံးကတော့ ပြီးခဲ့တဲ့နှစ်တုန်းက
ကိုယ်စီရုန်းကန်ခဲ့ကြရတာဖြစ်ပြီး မာစီယဲလ်အနေနဲ့ ပြီးခဲ့တဲ့
ဘောလုံးရာသီတုန်းက စပိန်ကလပ် ဆီဗီးလားအသင်းကို ဆောင်းရာသီ
အပြောင်းအရွှေ့ကာလမှာ အငှါးနဲ့ ထွက်ခွါကစားခဲ့ရသလို ပုံစံကောင်း
ပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာကြောင့်လည်း အသင်းရဲ့ရေရှည်
အနာဂါတ်ကို မေးခွန်းထုတ်စရာဖြစ်လာစေခဲ့တာပါ။
ဘိုင်ယီအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ရော်နယ်လ်ဒို
ကစားတာကို လေ့ကျင့်ရေးကွင်းမှာရော ပွဲကစားစဉ်အတွင်းမှာပါ
အနီးကပ်လေ့လာကြည့်ရှုခွင့်ရရှိခဲ့ပေမယ့်လည်း ဘယ်လွန်ဒေါဆု ၅ ကြိမ်ရ
ကစားသမားကို ရားရှ်ဖို့ဒ်နဲ့ မာစီယဲလ်တို့လောက် အထင်မကြီးနိုင်ခဲ့ပုံပါပဲ။
zawgyi
အထင္ႀကီးမိတဲ့ သရဲနီ ၂ ဦးကုိေရြးခ်ယ္လုိက္ေပမယ့္ CR7 ကို ခ်န္လွပ္ခဲ့တဲ့ သရဲနီကစားသမားေဟာင္း
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခံစစ္မႉး အဲရစ္ ဘိုင္ယီအေနနဲ႔
သူ႔ကို အထင္အႀကီးေစဆုံး ယူႏိုက္တက္ကစားသမား ၂ ေယာက္အျဖစ္
မားကပ္စ္ ရားရွ္ဖို႔ဒ္နဲ႔ အန္ေထာ္နီ မာစီယဲလ္တို႔ကို ေ႐ြးခ်ယ္သြားခဲ့ပါတယ္။
အိုင္ဗရီကို႔စ္သား ဗဟိုခံစစ္မႉးအေနနဲ႔ သရဲနီတို႔အတြက္ ၅ ႏွစ္ၾကာ
ကစားေပးခဲ့ၿပီးေနာက္ လက္ရွိမွာ ျပင္သစ္လီဂန္းကလပ္ မာေဆးလ္အသင္းမွာ
အငွါးထြက္ကစားေနရတာျဖစ္ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာ က်န္ခဲ့တဲ့
ကစားသမားေတြကို အထင္ႀကီးေနဆဲျဖစ္ပါတယ္။
ဘိုင္ယီအေနနဲ႔ ယူႏိုက္တက္ကစားသမားအျဖစ္ ကစားခဲ့စဥ္တုန္းက
ေပါလ္ ေပါ့ဂ္ဘာ၊ ရာဖဲလ္ ဗာရန္းနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔လို
ထိပ္တန္းအဆင့္ရွိ ကစားသမားအခ်ိဳ႕နဲ႔ ကစားခဲ့ဖူးေပမယ့္လည္း သူ႔ကို
အထင္အႀကီးေစဆုံးကစားသမား ၂ ေယာက္ကို ေမးျမန္းခံခဲ့ရခ်ိန္မွာေတာ့
သူ႔အေျဖမွာ အဆိုပါကစားသမားေတြ မပါဝင္လာခဲ့တာျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားအေနနဲ႔ ရားရွ္ဖို႔ဒ္နဲ႔ မာစီယဲလ္တို႔
၂ ေယာက္ကို ေျဖဆိုသြားခဲ့ၿပီး အဂၤလိပ္တိုက္စစ္မႉးဆိုရင္ သူ႔ကို အေဝးကို
မႈတ္ထုတ္ပစ္တဲ့ ကစားသမားလို႔ေတာင္ အမႊမ္းတင္ခံခဲ့ရတာျဖစ္ပါတယ္။
ျပင္သစ္သတင္းဌာနျဖစ္တဲ့ L’Equipe နဲ႔ အင္တာဗ်ဴးမွာ ဘိုင္ယီက
“မန္ခ်က္စတာမွာတုန္းက ကစားသမားေကာင္းေတြ အမ်ားႀကီးနဲ႔
ကြၽန္ေတာ္ သိခဲ့တယ္။ ဒါေပမယ့္ ဘယ္သူက ကြၽန္ေတာ့္ကို
အထင္ႀကီးေစခဲ့သလဲလို႔ ေျပာရရင္ေတာ့ ဒီအင္တာဗ်ဴးက ဘယ္ေတာ့မွ
အဆုံးသတ္မွာမဟုတ္ေတာ့ဘူး” “အသက္ႀကီးသည္ျဖစ္ေစ၊
ငယ္သည္ျဖစ္ေစ၊ မယုံႏိုင္ေလာက္စရာ အရည္အေသြးေတြရွိခဲ့ၾကတယ္။
မားကပ္စ္ ရားရွ္ဖို႔ဒ္လို ကစားသမားမ်ိဳးဆိုရင္ ကြၽန္ေတာ့္ကို တကယ့္ကို
အေဝးကို မႈတ္ထုတ္ပစ္တဲ့ ကစားသမားမ်ိဳးပဲ။ အန္ေထာ္နီ
မာစီယဲလ္လည္း ထို႔အတူပဲ”လို႔ ေျပာလာခဲ့ပါတယ္။
ရားရွ္ဖို႔ဒ္ေရာ မာစီယဲလ္ပါ မန္ေနဂ်ာသစ္ အဲရစ္ တန္ဟာ့ဂ္ရဲ႕
လက္ေအာက္မွာ ၾကမၼာဆိုးငင္ရာကေန လြတ္ေျမာက္လာတာကို
ေတြ႕ျမင္ခဲ့ရၿပီး သူတို႔ ၂ ဦးစလုံးကေတာ့ အသင္းရဲ႕ အေရးပါတဲ့
ကစားသမားေတြ ျဖစ္လာခဲ့ၾကေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးကေတာ့
သူ႔ရဲ႕ပြဲကစားခြင့္ကို အေႏွာက္အယွက္ျဖစ္ေစတဲ့ ဒဏ္ရာျပႆနာေတြနဲ႔အတူ
႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ သူတို႔ ၂ ေယာက္စလုံးကေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းက
ကိုယ္စီ႐ုန္းကန္ခဲ့ၾကရတာျဖစ္ၿပီး မာစီယဲလ္အေနနဲ႔ ၿပီးခဲ့တဲ့
ေဘာလုံးရာသီတုန္းက စပိန္ကလပ္ ဆီဗီးလားအသင္းကို ေဆာင္းရာသီ
အေျပာင္းအေ႐ႊ႕ကာလမွာ အငွါးနဲ႔ ထြက္ခြါကစားခဲ့ရသလို ပုံစံေကာင္း
ျပသႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာေၾကာင့္လည္း အသင္းရဲ႕ေရရွည္
အနာဂါတ္ကို ေမးခြန္းထုတ္စရာျဖစ္လာေစခဲ့တာပါ။
ဘိုင္ယီအေနနဲ႔ ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက ေရာ္နယ္လ္ဒို
ကစားတာကို ေလ့က်င့္ေရးကြင္းမွာေရာ ပြဲကစားစဥ္အတြင္းမွာပါ
အနီးကပ္ေလ့လာၾကည့္ရႈခြင့္ရရွိခဲ့ေပမယ့္လည္း ဘယ္လြန္ေဒါဆု ၅ ႀကိမ္ရ
ကစားသမားကို ရားရွ္ဖို႔ဒ္နဲ႔ မာစီယဲလ္တို႔ေလာက္ အထင္မႀကီးႏိုင္ခဲ့ပုံပါပဲ။